Wednesday, September 29, 2010

တားရော့နှင့် သူ၏ ရုပ်ပုံများ (၃)



(Source: http://hermetic.com/crowley/equinox/)

တကယ်တမ်း ဒီဆောင်းပါးအခန်းဆက်တွေကို တာဝန်ယူရေးတာက မမိုးသူပါ။ ကျွန်တော်က သူဘာသာပြန်ထားတာကို နှမ်းဖြူးသဘော ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပုံတွေ ရှာထည့်၊ ဆွဲထည့် ပေးတာပဲ လုပ်ခဲ့တာပါ။ ခု သူက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အင်မတန်မှ အလုပ်များလေတော့ ဒီဆောင်းပါး အဆက်ကို ကျွန်တော်ကပဲ ကြိုးစားပြီး ဘာသာပြန် တင်ဆက်ပေးတာပါ။ တားရော့ရဲ့ သင်္ကေတတွေက A ကနေ Z အထိ စဉ်လိုက်မယ် ဆိုရင်ဖြင့် အတော်လေး များလေတာကြောင့် အခန်းတော်တော်များများ ဆက်ပြီး ရေးရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲ မမိုးသူ အဆင်ပြေတဲ့အခါ သူပဲ ဆက်လက်လို့ ရေးသားပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

+ + + + + + +

Wednesday, September 22, 2010

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား


ဒီဆောင်းပါးက ကျွန်တော်ရေးသားထားခြင်း မဟုတ်ပါ။ အတွဲ (၁၀) အမှတ် (၉) စက်တင်ဘာ ၂၀၁၀ ထုတ် သူရဇ္ဇမဂ္ဂဇင်းမှ “လှမြင့် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ကူးယူပြီး ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=========================================

မြန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။

အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့်အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။

Wednesday, September 15, 2010

ဗေဒင်ဆရာဆိုတာ (၃)



The crisis of today is the joke of tomorrow.
(H. G. Wells)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++

Wednesday, August 4, 2010

ဗေဒင်ဆရာဆိုတာ (၂)



My way of joking is to tell the truth. It is the funniest joke in the world.
(George Bernard Shaw)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



Saturday, July 31, 2010

မွေးနေ့ မွေးရက် ပြောမယ်



ဆရာ။ ။ ကဲ... ထိုင်ပါ... ဘာကိစ္စပဲ ရှိရှိထိုင်ပါ

မေးသူ။ ။ ဟုတ်ကဲ့၊ ကျွန်မအခက်အခဲ ရှိနေလို့...

ဆရာ။ ။ ဘာအခက်ခဲပဲ ရှိရှိ ဆရာနဲ့ တွေ့ရင် ပြေလည်သွားစေရမယ်

မေးသူ။ ။ ဟုတ်ကဲ့... ကျွန်မနာမည်က...

ဆရာ။ ။ နေဦး... ဘာမှ မပြောနဲ့ဦး... ခဏရပ်ပါ။ ခင်ဗျားမွေးတဲ့ နေ့နံ ဒီအင်းကွက်ထဲမှာ ပါလား။

မေးသူ။ ။ ဘာကိုလဲ ဆရာ...

ဆရာ။ ။ ခင်ဗျားရဲ့ နေ့နံ့ကို ပြောတာ၊ တနင်္လာလား၊ အင်္ဂါလား ဆိုတာ။ ကျွန်တော့်ကို ပါရင် ပါတယ် မပါရင် မပါဘူးပဲပြောပါ၊ မွေးနေ့ကို ပြောစရာ မလိုပါဘူး။ ပါလား ဒီအထဲမှာ...

မေးသူ။ ။ ဟုတ်ကဲ့၊ ပါပါတယ်။

ဆရာ။ ။ ဒီအထဲမှာကော...

မေးသူ။ ။ မပါပါဘူး ဆရာ။

ဆရာ။ ။ သေချာတယ်နော်...

မေးသူ။ ။ ဟုတ်ကဲ့၊ သေချာပါတယ်

Friday, July 30, 2010

လီနော်မန်အကြောင်း တစေ့တစောင်း စကားစမြည်


အခု တလော ရေပန်းစားနေတဲ့ ဗေဒင်ဂေါ့ဒ်ဖားသားလေး K က ကျွန်တော့်ကို အင်တာဗျူး ထားတာလေးပါ။ ဒါကို “လီနိုမန်တစ္ဆေ (သို့) ဆရာအုပ်စိုးနှင့် လီနိုမန်အကြောင်း တစေ့တစောင်း၊ စကားစမြည်” ဆိုပြီး သူ့ဘလော့ဂ်မှာ ဖော်ပြပြီးပါပြီ။ ကျွန်တော်က မှတ်တမ်းအနေနဲ့ ဘလော့ဂ်မှာ သိမ်းဆည်း ချင်တာရယ်၊ လီနော်မန် လေ့လာတဲ့ သူတွေလည်း ဖတ်ရအောင် တင်လိုက်တာပါ။ ကျွန်တော်နဲ့ သူ့ရဲ့ အင်တာဗျူးတွေ အကြောင်း ပြောရမယ်ဆိုရင် သူက ကျွန်တော့်ကို အရင်ဆုံး စပြီးတော့ အင်တာဗျူးတာပါ။ သူကကျွန်တော့်ကို ဗျူးတဲ့အခါ ကျွန်တော်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ သူ့ကို ပြန်ဗျူးတာပါ။ ကျွန်တော့်ကို ဆရာဦးဝင်းငြိမ်းတို့၊ ဦးမြတ်ခိုင်တို့ ဝင်စားသလားလို့ပြောပြီး မေးသွားတဲ့ K ရဲ့ မေးခွန်းတွေကလည်း အတော့်ကို ဦးစားပါတယ်။ တစ်ခုချင်းဆီကို အတတ်နိုင်ဆုံး တတ်သိသလောက် ကြိုးစားပြီး ဖြေပေးထားပါတယ်။ ကဲ... အသာမနေ လျှာရှည်လေတဲ့ ဆရာကေ... နောင်အဟုတ်မဆိုး ရလေအောင် မောင်အုပ်စိုးက မရှောင် အဟုတ် အတိုးနဲ့ ဖြေလိုက်ပါတယ်ဗျာ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

====================================================

Wednesday, July 28, 2010

ဗေဒင်ဆရာဆိုတာ (၁)



A joke is a very serious thing.
(Winston Churchill)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



Saturday, July 24, 2010

ဗေဒင်ဂေါ့ဒ်ဖားသားနှင့် အင်တာဗျူး



(Source: http://www.sxc.hu/photo/1185571)

K ဆိုတဲ့ မြန်မာဗေဒင်ပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ http://www.baydingodfather.co.cc/ ဆိုတဲ့ ဘလော့ဂ်လေးက မြန်မာအွန်လိုင်း ဗေဒင်လောကမှာ ပေါ်ထွက်လာတာ သိပ်မကြာသေးပါဘူး။ K ဆိုတာ ဘယ်သူလဲ King လား၊ Killer လား၊ Kid လား ဆိုပြီး သိလိုသူတွေထဲမှာ ကျွန်တော် အမောင်အုပ်စိုးလည်း ပါပါတယ်။ ဒါကြောင့် သိချင်တဲ့ စိတ်ကို မြိုသိပ်မနေတော့ဘဲ စိတ်ထဲပေါ်လာသမျှကို စာစီလို့ မေးခွန်းလေးတွေပြုပြီး သူ့ထံကို ပို့လိုက်ပါတော့တယ်။ ဒီအင်တာဗျူးက ကျွန်တော် သိလိုသလောက်သာ ဖြစ်တဲ့အတွက် မေးခွန်းတွေ မေးခဲ့တဲ့အထဲမှာ တချို့ ဆရာတွေ သိချင်တာ၊ မေးချင်တာတွေ ပါချင်မှပါပါလိမ့်မယ်။ ကျန်ခဲ့တာတွေ ရှိကောင်း ရှိပါမယ်။ အဲဒီမေးခွန်းတွေကိုတော့ သူ့ရဲ့ လိပ်စာကို ကိုယ်တိုင် ဆက်သွယ်ပြီး မေးမြန်းကြပါလို့ အကြံပြုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=======================================================

ဗေဒင်ဆိုတာ မြန်မာဝေါဟာရပါ။ God Father ဆိုတာက အင်္ဂလိပ် ဝေါဟာရပါ။ ဒီတော့ ဗေဒင် ဂေါ့ဒ်ဖားသားဆိုတာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့တဲ့ နာမည်ဖြစ်ပြီးတော့ ဂေါ့ဒ်ဖားသား ဖြစ်တည်လာရခြင်းရဲ့ နောက်ခံသမိုင်းကြောင်းလေးကို ပြောပြနိုင်မလားဗျာ။

Wednesday, July 14, 2010

မြန်မာမှု တားရော့


မြန်မာမှု တားရော့ပါ။ ရန်ကုန်က မိတ်ဆွေတစ်ယောက်က ကျွန်တော့်အတွက်ဆိုပြီး တကူးတက ဝယ်လာခဲ့တာပါ။ ကြည့်လိုက်တော့ ဆရာမင်းသိင်္ခ ဖန်တီးထားတာ ဖြစ်နေပါတယ်။ မေဂျာကတ် ၂၂ ချပ်တည်း ပါပါတယ်။ မြန်မာမှု ပန်းချီဆရာကြီး ဦးအေးမြင့်ရဲ့ မြန်မာဆန်တဲ့ လက်ရာတွေနဲ့ပါ။ တော်တော်လေး မြန်မာဆန်တဲ့ တားရော့ပါ။

ဒီနေရာမှာ ပြောချင်တာက ဒီပို့စ်ကိုရေးရခြင်းက ဝေမျှလိုရင်း သက်သက်ဖြစ်ပါတယ် ဆိုတာကိုပါ။ ဖဲထုပ်ကို ကြော်ငြာတာ မဟုတ်သလို၊ ဖဲထုပ်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ဝေဖန်သွားမှာလည်း မဟုတ်ပါဘူး။ ဖဲထုပ်ကို သပ်သပ်ရပ်ရပ်ကလေး ဗူးနဲ့ ထည့်ထားပါတယ်။ ထိုစာအုပ်ရဲ့ အမှာစာ တစ်စိတ်တစ်ပိုင်းမှာ ဆရာမင်းသိင်္ခက...
လူအများ သုံးစွဲရ လွယ်ကူစေရန်နှင့် မြန်မာဆန်စေရန် မူရင်း နိမိတ်ပုံများကိုလည်း ကျွန်ုပ်ကိုယ်တိုင် အာရုဏ်ခံ စဉ်းစား စီစဉ်ကာ ကျွန်ုပ်လေးစားရသော မြန်မာမှု သုတေသီ ပန်းချီဆရာကြီး ဦးအေးမြင့်ထံတွင် ရေးဆွဲခိုင်းပြီးလျှင် သေချာစွာ စီစစ်၍ ကတ်ပြားများ ရိုက်နှိပ်ရန် စီစဉ်လေတော့၏

ဟု ဆိုထားလေသည်။

Sunday, June 27, 2010

STAR+GATE



မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုလက်ဆောင်ပေးတာပါ။ STAR+GATE: A Tool for Intuition လို့ နာမည်ရပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ Since Game (သိပ္ပံကစားနည်း) တစ်ခုလိုလို ဖြစ်နေပါတယ်။ ဗူးရဲ့ ဒီဇိုင်းကလည်း အဲလို ဖြစ်နေပါတယ်။ သေချာကြည့်တော့ မဟုတ်ပါဘူး။ တားရော့၊ လီနော်မန် တို့လိုပဲ ကံကြမ္မာဖတ်ရာမှာ အသုံးချလို့ရတဲ့ ကတ်တွေ ဖြစ်နေတာပါ။ အားလုံးကတ်ပြား စုစုပေါင်း ၉၆ ခု ပါပါတယ်။ စာအုပ်ထဲမှာ ရေးထားတာလေး တချို့ကို မျှချင်ပါတယ်။

STAR+GATE ဆိုတာဟာ ကစာနည်း၊ ကိရိယာ၊ စနစ်၊ လမ်းစဉ်၊ အတွေ့အကြုံ ကြိုက်သလို ခေါ်လို့ရပါတယ်။ အကုန်လုံးဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ STAR+GATE ကို စကားလုံး တစ်လုံးတည်းနဲ့ တိတိကျကျ ဖော်ပြလို့မရလို့ပါပဲ။

အတိုချုံးပြောရရင် STAR+GATE ဆိုတာဟာ Symbolic Cards ဆိုတဲ့ အထူးသင်္ကေတတွေ ရိုက်ထားတဲ့ ကတ်တွေကို ဆွဲထုတ်ပြီး အဖြေရှာသုံးသပ်တဲ့နည်းပါပဲ။ တဆင့်ချင်း အဖြေထုတ်သွားမယ်ဆိုရင် STAR+GATE ကို သင့်ရဲ့ နေ့စဉ်ဘဝမှာ တကယ့်အရေးကိစ္စတွေကို ရှင်းလင်းအဖြေရှာတဲ့နေရာမှာ အသုံးချနိုင်ပါလိမ့်မယ်။

Wednesday, June 23, 2010

လီနော်မန် တားရော့

(Source: http://file1.carookee.com/forum/Magieschule-Lenk/3/file/3625280/lenormand-tarot401.jpg?w)

“လီနော်မန် တားရော့” တဲ့ဗျာ။ စိတ်ဝင်စားစရာပါပဲ။ တားရော့က ၇၈ ချပ် ရှိတယ်။ လီနော်မန်က ၃၆ ချပ်ရှိတယ်။ အဲဒါကို ပေါင်းပြီးတော့ ၁၁၄ ချပ်များ လုပ်ထားလေသလား။ အသစ်များ ပေါ်လေသလား ဆိုပြီး လေ့လာကြည့်တော့ မဟုတ်ပါဘူး။ တားရော့ဖဲထုပ် ဖြစ်နေတာပါ။ ၇၈ ချပ်ပဲ ရှိပါတယ်။ တားရော့ကို လီနော်မန် ကတ်တွေနဲ့ ဆင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

တားရော့ကို လီနော်မန် ဖဲချပ်တွေရဲ့ Feeling ကို ယူပြီး ဖန်တီးထားတာဆိုပဲ။ ပြင်သစ်ပြည်ရဲ့ နောက်ခံသဘာဝတွေ ပါအောင် ဖန်တီးထားတဲ့အပြင် လီနော်မန် ကတ်တွေရဲ့ ပန်းချီပုံတွေနဲ့ပါ ခပ်ဆင်ဆင် တူအောင် ဆွဲထားလေတော့ ရုတ်တရက် ကြည့်လိုက်ရင် လီနော်မန်နဲ့ ဆင်တဲ့ တားရော့တွေပါပဲ။ သဘောကျပါတယ်။ တားရော့ ဆရာ၊ ဆရာမကြီးတွေတော့ ကြိုက်မယ့်ပုံ မပေါ်ဘူး။ ပိုက်ဆံရှိတဲ့အခါဖြင့် အင်တာနက်က မှာပြီးဝယ်ထားဦးမှလို့ စိတ်ကူးမိပါတယ်။

Thursday, June 10, 2010

ရိုင်ဒါ ကလုန်းများ

(Source: http://79.170.40.183/celticjems.co.uk/images/products/tar1413.jpg)

ကတ်ဗေဒင်တွေကို စိတ်ဝင်စားတဲ့ ကျွန်တော်ဟာ လီနော်မန်အပြင် တားရော့ကိုလည်း လေ့လာပါတယ်။ ရန်ကုန်မှာ ပထမဆုံး တားရော့ကတ်တွေကို စသုံးတဲ့အခါမှာ ဆရာမင်းသိင်္ခစာအုပ်ထဲမှာ ပါတဲ့ Mythic Tarot ဆိုတာပါ။ နောက်ပိုင်း ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဟောပေးတော့ သူတို့က လက်ဆောင်အနေနဲ့ ဖဲထုပ်တွေ ပေးတယ်။ ကျွန်တော်ကလည်း စုဆောင်းရေးသမားဆိုတော့ အရူးအမဲသားကျွေးသလို ဖြစ်နေတော့တာပေါ့ဗျာ။

ဒီလိုနဲ့ အင်တာနက် လောကရောက်လာတော့ ခင်မင်ရတဲ့ တားရော့ ဆရာဆရာမတွေဖြစ်တဲ့ ကိုချမ်းမြေ့ဦး၊ မမိုးသူတို့နဲ့ ဆုံပါတယ်။ နောက် မိတ်ဆွေတွေဖြစ်တဲ့ ကိုရန်းဂန်း၊ ကိုစိုင်းအောင်... သူတို့တွေကို မေးကြည့်တယ်။ ဘယ်ဖဲထုပ်ကို အသုံးပြုတာ များသလဲ ဆိုတော့... ရိုင်ဒါလို့ ပြောကြတယ်။ တားရော့နဲ့ ပတ်သက်လာရင် ရိုင်ဒါမှ ရိုင်ဒါဆိုပဲ။ အဲဒီတုန်းက ဖဲထုပ်တွေ အတွဲလိုက်နဲ့ ကျွန်တော်အမောင် အုပ်စိုးက သူတို့ ပြောတာကို သိပ်ဘဝင်မကျမိတာ အမှန်ပါပဲ။ ဒါနဲ့ သူတို့ အော်အော်နေကြတဲ့ အဲဒီ Rider Waite ဆိုတာကို အင်တာနက် တစ်ခွင်မှာ ခြေဆန့် ရှာမယ်လို့ စဉ်းစားမိတော့တယ်။

ရိုင်ဒါဖဲထုပ်ကို တရားဝင်မဟုတ်ဘဲနဲ့ တားရော့ပညာရှင်တော်တော်များများက ဘာကြောင့် အသုံးပြုကြတာပါလဲ။ နောက်ပြီးတော့ တားရော့သင်တဲ့ စာအုပ်၊ ဆိုက်ဒ်တော်တော်များများကလည်း စသင်တဲ့ လူတွေဟာ ရိုင်ဒါဖဲထုပ်ကို အသုံးပြုသင့်တယ်လို့ ဆိုကြတယ်။ ဒါကကော ဘာကြောင့်ဘာလဲ။ ဒီ ရိုင်ဒါဝိတ် ဆိုတဲ့ ဖဲထုပ်ဟာ အင်မတန်မှ ရှေးကျတဲ့ တားရော့ ဘိုးဘိုးကြီးဖြစ်နေလို့လားလို့ စဉ်းစားမိတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့လည်း မဟုတ်ဘူးဆိုတာ သိရတယ်။ အဲဒီ ဖဲထုပ်ဟာ ၁၉၁၀ ခု ပတ်ဝန်းကျင်လောက်ကမှ ထွင်ထားတာ ဆိုပဲ။ (Ref: http://en.wikipedia.org/wiki/Rider-Waite-Smith_deck)

Wednesday, May 12, 2010

မာလင်နှင့် စကားစမြည်


(Source: http://startheory.files.wordpress.com/2010/02/merlin-rick-wakeman1.jpg)

မာလင်... “ဒီမှာ...”

အုပ်စိုး... “ခင်ဗျား၊ ဘယ်သူလဲဗျ”

မာလင်... “ငါ၊ မာလင်လေကွာ...”

အုပ်စိုး... “ဗျာ... မာလင်၊ ဟုတ်လား...”

မာလင်... “ဟုတ်တယ်...”

အုပ်စိုး... “အင်း၊ ဒါကြောင့် ဖဲထုပ်ထဲမှာ မြင်ဖူးပါတယ်လို့...”

မာလင်... “မင်းမြင်ဖူးတာ မမြင်ဖူးတာ ထားကွာ၊ မင်းရေးထားတာ မဟုတ်လို့ လာပြောတာ”

အုပ်စိုး... “ဗျာ... ဘာမှားလို့လဲ...”

မာလင်... “မာလင်ရဲ့ တားရော့ ဆိုတော့ ငါ့ တားရော့ထုပ်ကြီး ဖြစ်နေတာပေါ့...”

Tuesday, May 11, 2010

တားရော့နှင့် မေးခွန်းမေးခြင်း



R. T. Kaser ရေးတဲ့ Tarot in Ten Minutes ဆိုတဲ့ စာအုပ်လေးမှာပါတဲ့ မေးခွန်းမေးတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ လေးတွေပါ။ အဲဒီမှာ ပြောပြထားတာက မေးမြန်းတဲ့ မေးခွန်းအပေါ်လိုက်ပြီး တားရော့ ဖဲထုပ်တစ်ထုပ်လုံးကို မသုံးဘဲ လိုအပ်သလောက် ကတ်ကို ဆွဲထုတ်ပြီး မေးမြန်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ တားရော့ ဖဲထုပ်မှာ ဖဲချပ် ၇၈ ချပ်ရှိပါတယ်။ မေဂျာ ၂၂ ချပ်နဲ့ မိုင်နာ ၅၆ ချပ် ရှိပါတယ်။ အဲဒါကို အဲဒီစာအုပ်မှာ အမျိုးအစား ၉ မျိုး ခွဲခြားပြီး ပြပါတယ်။

The First 10 Trumps – For Questions about Wants and Needs
ပထမ မေဂျာကတ် ၁၀ ချပ်ဟာ
လိုချင်မှု၊ လိုအပ်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++

Sunday, May 9, 2010

မာလင်ရဲ့ တားရော့



ဒီနေ့ပဲ လက်ဆောင်ရပါတယ်။ Merlin Tarot လို့ အမည်ရပါတယ်။ လက်ဆောင်ပေးတဲ့လူက ကျွန်တော်နဲ့ အစ်မလို ခင်ရတဲ့ ဘလော့ဂါ မဆုမွန်ပါ။ သူတို့တွေကို လမ်းကြုံရင် တွက်ပေးလေ့ ရှိတာကြောင့် ဒီတစ်ခေါက် ကျွန်တော်တို့ မြို့ကို အလည်လာတဲ့အခါမှာ လက်ဆောင်ဝယ်ပေးခဲ့တာပါ။ ဖဲထုပ်တွေ အများကြီး ရှိနေတာတောင် အသစ်တစ်ထုပ်ရတာ အင်မတန်မှ ပျော်ရွှင်ကြည်နူးရပါတယ်။ သူဝယ်ပြီး လက်ဆောင်ပေးမယ် ပြောတော့လည်း အလွယ်တကူပဲ ခေါင်းငြိမ့်လိုက်ပါတယ်။ ဒီအပျော်တွေကို မျှဝေချင်လို့ပါ (ဒေါ်မိုးသူ မနာလိုဖြစ်စေရန် မဟုတ်ပါ)

ပေးတဲ့လူအကြောင်း မိတ်ဆက်ပြီးပြီ ဆိုတော့ ဖဲထုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တားရော့တွေကို အရူးအမူး ခင်တွယ်တဲ့ ကိုချမ်းမြေ့ဦး ကတော့ သဘောကျချင်မှ ကျပါမယ်။ မေဂျာကတ် ၂၂ ချပ်စလုံးကို နံပါတ်တွေ အကုန်ပြောင်းထားပါတယ်။ တစ်ချပ်မှ မကိုက်ပါဘူး။ ကတ်တွေရဲ့ အစီအစဉ်ကတော့ ဒီအတိုင်း ဖြစ်ပါတယ်။ (ဆြာခြမ်းရေ... လန်ထွက်လို့ ဒန်ခွက်နဲ့ ခေါက်သင့်တယ် ဆိုတာ ဒါမျိုးဖြစ်မယ်...)

Wednesday, April 28, 2010

အန်အယ်လ်ဒီနဲ့ လီနော်မန်


မြန်မာပြည်ရဲ့ အထင်ကရ ပါတီ တစ်ခုဖြစ်တဲ့ အန်အယ်လ်ဒီ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ ကိစ္စဟာဖြင့် မြန်မာ့နိုင်ငံရေး လောကမှာ တော်တော်လေး လှုပ်ရှားမှု ဖြစ်စေခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့ နောက်မှာ အဲဒီအဖွဲ့အစည်းဟာ ဘာများ ဆက်ဖြစ်မလဲဆိုတာကို မိတ်ဆွေတစ်ယောက်က တနေ့က မေးပါတယ်။

ကျွန်တော်ဟာလည်း မည်သည့် ပါတီဝင်မှ မဟုတ်ပါဘူး။ ဒါလေးကို မှတ်တမ်းအနေနဲ့ရယ် လီနော်မန် လေ့လာသူတွေ သိစေဖို့ရယ် ရည်ရွယ်ပြီး ဖော်ပြရခြင်း ဖြစ်ပါတယ်။ မည်သည့်နေရာ ရပ်တည်မှုကနေ ဆုံးဖြတ်ထားခြင်း မဟုတ်ဘဲ လီနော်မန်ကတ်များ၏ နိမိတ်ပုံများအပေါ် ကျွန်တော့် ထင်မြင် ယူဆချက်များသာ ဖြစ်ပါသည်ဟု ဆိုပါရစေ။

ပထမဆုံး အတိတ်ကတ်မှာ... Book ဆိုတဲ့ စာအုပ်ပုံကျပါတယ်။ ဒါဟာ သိပ်မကြာခင်အတိတ်မှာ ပါတီဟာ လျှို့ဝှက်တဲ့ ကိစ္စရပ်တွေ သို့မဟုတ် စာရွက်စာတန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာကို ပြဆိုတာပါ။

Monday, April 26, 2010

ကိုညီညီအတွက် မျောက်မင်းအဖြေ


အစ်ကိုရေ… ကျွန်တော့်ရဲ့ အနာဂတ် အချစ်ရေးလေးကို သိချင်လို့ပါ။ ဘာများဆက်ဖြစ်မလဲ ဆိုတာလေးပါ။

ခင်မင်စွာဖြင့်

ကိုညီညီ


....................................................................................................

ကိုညီညီရေ...

သွက်သွက်လက်လက် ခင်ဗျားရဲ့ မေးခွန်းကို ဖြေဆိုဖို့အတွက် Monkey King ကတ်တွေနဲ့ အဖြေရှာကြည့်ပါတယ်။ မျောက်မင်းဝူခုန်း ကတ်တွေဟာ သဘာဝအားဖြင့် အင်မတန်မှ အပြောင်းအလဲမြန်တဲ့ ကံကြမ္မာရှိတဲ့ ကိုညီလိုလူမျိုးနဲ့ အဆင်ပြေပါတယ်။ ကတ်ပြား ၇ ကတ်ဆွဲကြည့်တော့ အထက်ကအတိုင်း ကျလာပါတယ်။

ပထမဆုံး အတိတ်ကတ် နေရာမှာ Returning to the mountain of flowers ဆိုတဲ့ကတ် ကျပါတယ်။ အဲဒီကတ်မှာ မျောက်မင်းဟာ ဂမ္ဘီရပညာတွေကို ဆည်းပူးပြီးလို့ သူ့နေရပ်ကို ပြန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ကိုညီညီဟာ သိပ်မဝေးခဲ့တဲ့ အတိတ်မှာ ရည်းစားနဲ့ ခွဲရပြီး၊ ကိုယ့်နေရာကိုယ်ပြန်လို့ တစ်ကိုယ်တည်း အထီးကျန်နေတာကို ပြဆိုပါတယ်။ ဒါမှမဟုတ် အရင်က မိတ်ဆွေတွေနဲ့ ပြန်လည်နေထိုင်တာကို ပြဆိုပါတယ်။

Friday, April 23, 2010

ကျွန်တော့်၏ ချမ်းသာမှုများ



ကားရှိတဲ့ သူက ကားမောင်းပြီး ကြွားတယ်၊ ဖုန်းရှိတဲ့သူက ဖုန်းကိုင်ပြီး ကြွားတယ်။ နက္ခတ်ဗေဒင် မှတ်စုများ ဘလော့ဂ်ကို ရေးတဲ့ အမောင် ပခန်းကတော့ ဖတ်ဖူးသော ကျမ်းများ ဆိုပြီး သူ့ဘလော့ဂ်မှာ တင်ထားလေရဲ့။ ဒီတော့ ကျွန်တော် ဗေဒင်ရူး အမောင် အုပ်စိုးလည်း ပိုင်ဆိုင်သမျှ စည်းစိမ်တွေ ဖြစ်တဲ့ ဗေဒင်ဟောတဲ့ ဖဲထုပ်တွေကို ကြွားခြင်းဖြစ်သည်ဟု ဆိုပါရစေ။

ဗေဒင်ဆရာဆိုလို့ အထင်တွေ၊ အမြင်တွေ စွတ်လည်း မကြီးကြဖို့လည်း ပြောလိုပါသေးသည်။ ဒီပြင့် ဗေဒင်တွေ၊ နည်းလမ်းတွေ ဘာဆို ဘာမှကို မသိတာပါ။ အဖေကတော့ KP စနစ်ကို ကျွမ်းကျွမ်း ကျင်ကျင်တတ်ပေမယ့် ကျွန်တော်ကတော့ တနင်္လာဂြိုဟ်ဟာ ဘာရောင်အဆင်းရှိတယ် ဆိုတာကိုတောင် မသိတဲ့လူပါ။ (အဖေ့အကြောင်းကို သိပ်မကြော်ငြာချင်ပါ။ တော်ကြာ မမိုးသူ ကျွန်တော့်အဖေကို ဗေဒင်မေးမှာ စိုးပါသဖြင့်...)

အခြားတစ်ဘက်မှာတော့ ကျွန်တော်ဟာ ကတ်တွေနဲ့ ဟောတဲ့ ဗေဒင်ပညာတွေကို ဘာပဲလာလာ လေ့လာလိုက်စားပါတယ်။ ဘာကတ်နဲ့ပဲ ဟောဟော အကုန် လေ့လာပါတယ်။ ကျန်တဲ့ ဗေဒင်တွေကိုတော့ လေ့လာနေဆဲ သင်ယူနေဆဲပါ။ ကတ်တွေနဲ့ ဟောတာလောက် အားရမှု မရှိတာကြောင့် သိပ်မဟောဖြစ်ခဲ့ပါဘူး။

Sunday, April 18, 2010

ထူးထူးဆန်းဆန်း ကံကြမ္မာဖတ်နည်းများ


(Source: http://zoice.com/wp-content/uploads/2009/04/bald.jpg)

တစ်နေ့က စာကြည့်တိုက် မွှေရင်းနဲ့ Uncle John ရဲ့ Ahh-Inspiring Bathroom Reader ဆိုတဲ့ စာအုပ်ကို ဖတ်မိပါတယ်။ ထူးထူးခြားခြားနဲ့ စုံစီနဖာ၊ သောင်းပြောင်းထွေလာတွေ ပါဝင်တဲ့ စာအုပ်ပါ။ အဲဒီထဲက စိတ်ဝင်စားစရာလေး တစ်ခုကို ဖတ်မိလို့ ပြန်လည် ဝေမျှလိုက်တာပါ။

ကံကြမ္မာဖတ်တဲ့ နည်းတွေများစွာထဲမှာမှ... Taromancy ဆိုတဲ့ တားရော့နဲ့ ဟောနည်းလည်းမကြိုက်၊ Cartomancy ဆိုတဲ့ ဖဲဗေဒင်လည်း မကြိုက် ဘာဆိုဘာမှ မကြိုက်ဘဲ သူများနဲ့မတူ တမူထူးခြား ဆန်းဆန်းပြားပြား နည်းလမ်းတွေနဲ့မှ သင့်အနာဂတ်ကို သိချင်တယ် ဆိုရင်ဖြင့် အန်ကယ်ဂျွန်က ထူးဆန်းတဲ့ ကံကြမ္မာဖတ် နည်းလမ်း ၁၂ ခုကို လမ်းညွှန် ထားပါတယ်။

Scarpomancy (စကာပိုမန်စီ) : ဖိနပ်အဟောင်း တွေကို လေ့လာပြီး ကံကြမ္မာကို ဖတ်ခြင်း။

Tiromancy (တီရိုမန်စီ) : ချိစ်ထောပတ်တုံးပေါ်က ပုံသဏ္ဍန်၊ အချိုင့်တွေ၊ အဖုတွေ စတာတွေကို ကြည့်ပြီး နိမိတ်ကောက်ခြင်း။

Scatomancy (စကက်တိုမန်စီ) : ကိုယ့်မစင်ကိုယ် လေ့လာပြီး အနာဂတ်ကို ခန့်မှန်းခြင်း။ (စပက်တျူလေ မန်စီ - spatulamancy ဆိုတဲ့ အရေပြားတွေ၊ အရိုးတွေ၊ အညစ်အကြေးတွေကို လေ့လာတာနဲ့ မရောထွေး ပါစေနဲ့)

Bibliomancy (ဘီဘလီအိုမန်စီ) : ဘိုင်ဘယ်လ်ဆိုတဲ့ သမ္မာ ကျမ်းစာကို ကောက်လှန်ပြီး တွေ့တဲ့ ပထမဆုံး စာပိုဒ်ကို ဖတ်ကြားပြီး ကံကြမ္မာကို အဖြေရှာခြင်း။ (တချို့ ခရစ်ယာန် အသိုင်းအဝိုင်းမှာတော့ ဒါကို မလုပ်သင့် မလုပ်အပ်လို့ လက်ခံထားပါတယ်)

Friday, April 16, 2010

တားရော့ အမေးအဖြေ


(Source: http://wildirisbooks.friendsofwildiris.org/files/2009/12/How-to-read-Tarot-Cards-Bernadette-Carter-Gainesville-Florida-Psychic-Medium.jpg)

အင်တာနက်ခေတ်မှာ တားရော့နဲ့ ပတ်သက်တဲ့ site တွေ အများအပြားရှိပါတယ်။ အဲဒီလိုနေရာတွေမှာ FAQ ဆိုတဲ့ အမေးများတဲ့ မေးခွန်းတွေကို စုဆောင်းထားပေးတတ်ကြပါတယ်။ အဲဒါတွေထဲက စိတ်ဝင်စားစရာ တချို့ကို ပြန်လည် ဘာသာပြန်ဝေမျှလိုက်ပါတယ်။

Phone, Online Chat စတာတွေနဲ့ တားရော့ဖတ်ကြားတာဟာ လူကိုယ်တိုင်ကို ဖတ်ကြား ပေးတာလောက် ထိရောက်ပါသလား။

ဒါကို ဖြေရမယ်ဆိုရင်... “ထိရောက်တယ်” ဆိုတာကို ခင်ဗျား ဘယ်လိုယူဆတယ် ဆိုတာပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားက “တိကျမှန်ကန်မှု” အဓိကလို့ ယူဆတယ်ဆိုရင်ဖြင့် ကျွန်တော့် ဟောကြားချက်တွေအပေါ် အခြားလူတွေ ပြန်လည်တုံ့ပြန်တဲ့ မှတ်ချက်တွေကို ကြည့်နိုင်ပါတယ်။ ဘာနဲ့ပဲ ဟောဟော သိပ်ကွာခြားမှု မရှိဘဲ တိကျမှန်ကန်ပါတယ်။

Monday, April 12, 2010

အနီက တမျိုး အဝါက တမျိုး


(Source: http://www.bangkokpost.com/news/local/174496/reds-parade-coffins-as-govt-says-armed-men-among-protesters)

ဒီနေ့ (၁၂ - ၀၄ - ၂၀၁၀) မနက်မှာ ခင်တဲ့ မိတ်ဆွေတွေလုပ်တဲ့ သင်္ကြန်အလှူသွားတော့ သူတို့ မေးတာလေးပါ။ အဲဒါကို အားလုံးလည်း ဖတ်ရအောင် ပြန်လည် မျှဝေခြင်းပါ။ သူတို့ မေးတဲ့မေးခွန်းက “ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး အခု လောလောဆယ် ထကြွနေတဲ့ အနီရောင်အုပ်စုတွေ ဘာများဆက်ဖြစ်မလဲ” တဲ့။ သူတို့ မေးတဲ့အချိန်မှာ အနီရောင် ၂၁ ယောက်အပစ်ခံရလို့ ဈာပနချမယ့် နေ့ပါပဲ။

Wednesday, April 7, 2010

သင့်အတွက် ထိုင်းရိုးရာ နှစ်ကူးကံကြမ္မာ



မြန်မာတွေလိုပါပဲ။ ထိုင်း (ယိုးဒယား) လူမျိုးတွေဟာလည်း ဗေဒင်၊ လက္ခဏာ အစရှိသည်တို့ကို အင်မတန်မှ ယုံကြည်ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ဘုရားကျောင်း တော်တော်များများမှာ စာချပြီး ဗေဒင်မေးတာကို တွေ့နိုင်ပါလိမ့်မယ်။ မြန်မာပြည်မှာ ဆိုရင်အဲဒီလို တုတ်ချောင်းလေးတွေကို တချပ်ချပ်နဲ့ စာချတာဟာ တရုတ်ဘုံကျောင်းတွေမှာသာ တွေ့ရတတ်တာပါ။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ရိုးရာ နှစ်ကူးပွဲတော် ဆုံကရန် (Songkran) ဟာ မြန်မာ့ရိုးရာ နှစ်ကူး သင်္ကြန်ပွဲနဲ့ တစ်ထပ်တည်း ပါပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ အမြဲတမ်း မြန်မာထက်တော့ တစ်ရက်နောက်ကျပြီး ကျင်းပပါတယ်။ လပြည့်နေ့တွေက အစဖြစ်ပါတယ်။ ရိုးရာ နှစ်ကူးကာလ နီးလာတာနဲ့အမျှ ထိုင်းရိုးရာ ဗေဒင်ဆရာတွေဟာလည်း နှစ်သစ်အတွက် ကံကြမ္မာတွေကို ဟောထုတ်ကြပါတော့တယ်။ မြန်မာပြည်မှာတော့ သင်္ကြန်စာစသည်ဖြင့် ရှိသလိုပါပဲ။

Monday, April 5, 2010

Tarot နှင့် ၁၂ ရာသီခွင် (၂)


အရင်တစ်ခေါက်က တားရော့နှင့် ၁၂ ရာသီခွင်ဆိုပြီး ရေးပါတယ်။ တားရော့ မေဂျာကတ်တွေနဲ့ ၁၂ ရာသီခွင်၊ အရပ်မျက်နှာတွေ အကြောင်းပါ။ လာဖတ်တဲ့သူတွေ တိုင်ပတ်သွားတယ် ဆိုပဲ။ ဒီတစ်ခါ တိုင်မပတ်အောင် တိုင်ဖြုတ်ပြီး ရေးပါ့မယ်။ ဒီတစ်ခါ ရေးမှာ မိုင်နာကတ်တွေနဲ့ ၁၂ ရာသီခွင်ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် တစ်ခါတည်း ဇယားနဲ့ ဖော်ပြပေးပါ့မယ်။

ဒီပို့စ်ကို ရေးဖို့ ဖြစ်လာတဲ့ အကြောင်းတစ်ခုက ကိုအုပ်စိုးက အရင်တစ်ပတ်မှာ “Lenormand နဲ့ ၁၂ ရာသီခွင်” ပို့စ်မှာ Decans ဆိုပြီး ရေးပါတယ်။ မြန်မာလို တြိစက္ကဆိုလားမသိပါဘူး။ ရာသီကို သုံးပိုင်းပိုင်းထား တာလေးတွေပါ။ အဲဒါလေးကို ဖတ်မိတော့ အဲဒါနဲ့ တစ်ဆက်တည်း ဒီအကြောင်းကို ရေးဖို့ သတိရတာပါ။ ဘာလို့လဲ ဆိုတော့ ဒီထဲမှာလည်း အဲဒီ Decans တွေ ပါလို့ပါ။

Friday, April 2, 2010

ကိုပခန်းနှင့် စကားစမြည်



တနေ့က ကိုပခန်းနဲ့ စကားပြောဖြစ်တာလေးတွေထဲက တစ်စိတ်တစ်ပိုင်းကို အနည်းငယ် တည်းဖြတ်ပြီး ပြန်လည် တင်ဆက်လိုက်တာပါ။

colorfulpakhan: အဟောမှန်ဖို့ ဘာတွေ လိုလဲဆိုတာ အင်မတန် တွေးစရာကြီးပါ။

me:
ဟုတ်တယ်ဗျ... သမာဓိနဲ့ သီလကောင်းရင် ကောင်းသလောက်လေ ပညာက စွမ်းတယ်ဗျ

colorfulpakhan:
စကားမစပ် ကျွန်တော့် အိမ်ထောင်ရေးကို ကြည့်ပေး စေချင်ပါတယ်ဗျ။

me:
အင်း၊ ကတ်နဲ့လား

colorfulpakhan:
ဟုတ်ကဲ့၊ ကျွန်တော့်မှာ မရှုနိုင်မကယ်နိုင်တွေ

Wednesday, March 31, 2010

မြန်မာ ဝေဒဗေဒ လောကမှ အတင်းပလင်းများ


ပညာသည် အချင်းချင်း ရန်တိုက်ပေးတာ မဟုတ်ပါ။ အားလုံး အမြင်ကြည်လင်ကာ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေလို့၍ ပြန်လည် ဖော်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။ မည်သူက မည်သူ့ကိုမျှ ရန်ညှိုးဖွဲ့စေလို၍ မဟုတ်ပါ။ ပြီးတော့ ဒီပို့စ်ကို အချိန်ကာလ တစ်ခုကြာ ရက်အနည်းငယ်သာ တင်ပါမည်။ ပြီးလျှင် ဖျက်ပစ်ပါမည်... :)


ပါဝင် Gossip သူများ...

ဆြာတေး >> http://www.mmastrology.com/

ဆြာဖုန်း >> http://www.mahabote.org/

ဆြာရန်း >> http://www.younggun.co.cc/

ဆြာချမ်း >> http://www.tarotknowledge.co.cc/

ဆြာပခန်း >> http://kopakhan.myanmarbloggers.info/

Monday, March 29, 2010

လီနော်မန်နှင့် ၁၂ ရာသီခွင်


(Source: http://www.ciromarchetti.com/)

ဒီပို့စ်မှာ လီနော်မန် ကတ်တွေနဲ့ ၁၂ ရာသီခွင် ဆက်စပ်မှုကို ဖော်ပြမှာဖြစ်ပါတယ်။ တားရော့ကို ၁၂ ရာသီခွင်နဲ့ ဆက်စပ်တဲ့ နည်းလမ်းတွေက အများကြီးပါ။ အဲဒီထဲက အသုံးတွင်ကျယ်တဲ့ စနစ်တစ်ခုကတော့ မေဂျာကတ် ၂၂ ကတ်ထဲကနေ ၁၂ ကတ်ရွေးထုတ်ပြီး ဆက်စပ်မှုကို ပြတဲ့ Sefer Yetzirah စနစ်ပဲဖြစ်ပါတယ်။ မမိုးသူက “တားရော့နှင့် ၁၂ ရာသီခွင်” ဆိုပြီး ရေးထားတာရှိပါတယ်။ ဖတ်ပြီးတဲ့လူတွေ တိုင်ပတ်သွားတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ဒီပို့စ်ကို တိုင်မပတ်အောင် ကြိုးစားပြီး အတတ်နိုင်ဆုံး ရှင်းလင်းအောင် ရေးသားပါ့မယ်။

လီနော်မန်ကတ် တစ်ထုပ်မှာ စုစုပေါင်း ၃၆ ကတ် ရှိတဲ့အတွက် ၁၂ ရာသီခွင်နဲ့ ဆက်စပ်ရတာက သိပ်အခက်အခဲ မရှိပါဘူး။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်တော်ဟာ နက္ခတ်ဗေဒင်တွေကို ကျွမ်းကျင်တဲ့သူ မဟုတ်တာကြောင့် နက္ခတ်သဘောတရားတွေကို အသေးစိတ် ပြောပြသွားမှာ မဟုတ်ပါဘူး။ လီနော်မန်ကတ်တွေနဲ့ ဆက်စပ်မှုကိုသာ ဖော်ပြသွားမှာဖြစ်ပါတယ်။

Sunday, March 28, 2010

တစ်ကတ်တည်း၊ ဒါပေမယ့် တားရော့

ခြေထောက်မှာ ဗွေပေါက် လောက်အောင် ဆရာတေးက ဆီဘောက်စ်မှာ အပီထောက်ပြီး လာအမေးအမြန်း ပြုသွားတာတွေကို ပို့စ်အသစ် မတင်ဖြစ်တာနဲ့ပဲ... ဆီဘောက်စ်ထဲက chat တွေကို ဒီတိုင်း ကော်ပီကူးပြီး ပြန်လည် ဆားချက်လိုက်ပါတယ်။ (ဖတ်သူများ မငြီးငွေ့ရလေအောင် ကာတွန်းလေးတွေပါ အပိုထည့်ပေးထားပါတယ်... :P)


(Source: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVgVuBITvT5PBECh-g1Uko2uFNGHNwu-Ddy-OVBibgfZPeiwbVZh_HzhqATZVOta-tN7mXNyt7VTMyciknggVZYiQhto4OzbaHYdC69OHiXLiFhHEOY4wMOyvLsbYuQgESi-huccJU0k/s1600-h/Myanmar+Cartoons+01.jpg)

တားရော့: ဆရာအုပ်စိုး .. ဆရာမ မိုးသူ...။ မေးချင်ပါတယ် ဖြေပေးပါ

တားရော့: တားရော့ကဒ် မေဂျာ ၂၂ ချပ်၊ (သို့ ) မိုင်နာ ၅၆ ချပ် ။ စုစုပေါင်း ၇၈ ချပ် ။ မေဂျာ မိုင်နာ ဟောတယ်ပေါ့

Monday, March 8, 2010

Tarot နှင့် သူ၏ရုပ်ပုံများ (၂)

(Source: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4IHQUAlgZ2b4uvQMU9s5iKBgqzyulz3turN93cSXWhz9hwWON1ukB4t4PSw1wL0rfDE7_wIAipSvcjN9W7mXnrOWiWkoY0GSwbtvuVlqKV4vow2UuxEEraki1ehB25AphaITtQLYKKQ/s1600-h/img+tarot+18166.jpg)

ကိုအုပ်စိုးလို တစ်ရက်ကို တစ်ခုလောက် မရေးနိုင်သော်လည်း အရည်အတွက်ထက် အရည်အချင်းကို ရလိုရငြား တစ်ပတ်ကို သင်္ကေတ တစ်ခုလောက် ကြိုးစားပြီး ရေးကြည့်ပါတယ်။ ရေးဖို့ ဖတ်ရတော့ ကိုယ့်အတွက် အသိပညာ တိုးပေမယ့် ဘာသာပြန် အလုပ်ဟာ အင်မတန်မှ ပျင်းရဖို့ကောင်းပြီး စိတ်မရှည်စရာ ကောင်းပါတယ်။ တချို့ စကားလုံးတွေကို အဘိဓာန်မှာရှာတွေ့ပေမယ့် ကိုယ်တိုင်တောင် အဓိပ္ပါယ်ကို ရှင်းရှင်း လင်းလင်း မကွဲပြားတာမို့ အမှားအယွင်း မရှိစေရန် မူရင်း အင်္ဂလိပ်လိုကိုပါ တွဲထဲ့ ပေးထားပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အချိန်ယူပြီး ဆက်လက် ရေးသားသွားပါ့မယ်။

Sunday, February 28, 2010

ဆိုက်ကိုမေထရီ (သို့မဟုတ်) သက်မဲ့ ၀တ္ထုများ၏ သက်ရှိဓာတ်အား အာရုံခံခြင်း (၂)



(Source: http://www.yournamehear.net/images/psychometry.jpg)

စိတ်ကူးယဉ်ဆန်သော ဖတ်ရှုအာရုံခံခြင်း

Psychometry နည်းနဲ့ အာရုံခံကြည့်တဲ့အချိန်မှာ အာရုံခံတဲ့သူဟာ အရာဝတ္ထုတွေကို လက်ထဲကိုင်ထား၍ ဖြစ်စေ နဖူးပြင်မှာ ထိစပ်၍ဖြစ်စေ ထားရပါတယ်။ ပြီးနောက် အရာဝတ္ထုတွေနဲ့အတူ စိတ်နယ်ချင်း ထိစပ်သွားတဲ့အခါမှာ ရောက်ရှိလာတဲ့ အာရုံတွေကို မြင်ရ၊ ခံစားရတယ်လို့ ဆိုပါတယ်။ အောက်မှာ သမ္ဘာရင့် ပညာရှင်တစ်ယောက် အာရုံခံပြီး ပုံဖော် ရရှိလာတဲ့ စိတ်ကူးကို နားဆင်ကြည့်ပါ။

Friday, February 19, 2010

Tarot နှင့် သူ၏ရုပ်ပုံများ (၁)

(Source: http://www.tarotteachings.com/images/TarotSymbols.jpg)

အခုတလော ခြေလှမ်းသွက်နေတဲ့ ကိုအုပ်စိုးတစ်ယောက် ကျွန်မ မမိုးသူ ကို Symbol Meanings of the Tarot ( A to Z ) ကို အားရင် အားသလို ဘာသာပြန်ဖို့ ထပ်မံ တောင်းဆို တာကြောင့် သူစိတ်ကျေနပ်အောင် စိတ်မပါ့တပါနဲ့ ဘာသာပြန်အလုပ်ကို နည်းနည်းလောက် စရပါတော့တယ်။ အဆိုပါ ရုပ်ပုံများမှာ Rider Waite တားရော့ပေါ်မှာ တွေ့ရှိနိုင်တဲ့ သင်္ကေတများပဲ ဖြစ်ပါတယ်။ တားရော့ကို တကယ်လေ့လာမယ်ဆိုရင် ဒီ သင်္ကေတတွေကို သိရှိဖို့ လိုပါလိမ့်မယ်။ ဒီသင်္ကေတွေဟာ ကောင်းကင်ဘုံ၊ စကြဝဠာ၊ မြင့်မြတ်တဲ့ အလွှာ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အလကား ပရမ်းပတာ ထည့်သွင်းထားတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အဆိုပါ သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတဲ့ တားရော့ ကတ်တွေဟာ အင်မတန်အစွမ်းထက်တဲ့ ကံကြမ္မာဖတ် ကိရိယာတွေ ဖြစ်နေရတာပါပဲ။

Monday, February 15, 2010

တားရော့အကြောင်း တစေ့တစောင်း

တားရော့နဲ့ ပတ်သက်တဲ့ ဗီဒီယိုလေး တစ်ခု စိတ်ဝင်စားဖို့ ကောင်းလို့ပါ။ အောက်မှာ ကြည့်သွားကြပါ။ ခုတလော အလုပ်တွေများလို့ ပို့စ်တွေ မရေးနိုင်တာကို ခွင့်လွှတ်ပါလို့ တောင်းပန်လိုပါတယ်။ နောက်ပိုင်းမှာ ဗဟုသုတဖြစ်ဖွယ် တားရော့ အကြောင်း လေးတွေကို ဆက်ရေးပေးပါ့မယ်။ ရေးစရာတွေ ရှာထားတာ ရှိပါတယ်။ အချိန်အားရတဲ့အခါ ရေးပါ့မယ်။ လောလောဆယ် မှာတော့ ဒီ ဗီဒီယိုလေးနဲ့ ကျေနပ်ပါလို့...





မေတ္တာဖြင့်
မိုးသူ

Friday, February 12, 2010

လီနော်မန် လေ့လာမယ်ဆိုရင် (၃)


(Source: http://www.tarobearslair.com/images/products/detail/mysticallenormand.jpg)

ပြီးခဲ့တဲ့ တစ်ခေါက်မှာ လီနော်မန် ကတ်ပြား ၃၆ ကတ်ရဲ့ အခြေခံ အဓိပ္ပာယ်တွေကို ပြောပြခဲ့ပါတယ်။ ခု ဒီပို့စ်မှာ ကိုယ်စားပြု ကတ်တွေအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကို မပြောခင် လူနဲ့ ပတ်သက်တဲ့ ကတ်တွေအကြောင်း ပြောချင်ပါတယ်။ အပေါ်ယံ ကြည့်မယ်ဆိုရင် လီနော်မန် ကတ်မှာ လူရုပ်ပုံပါတာ 28 - Man နဲ့ 29 - Lady ဆိုတာကို တွေ့ရပါမယ်။ အဲဒီတော့ လီနော်မန်ဟာ တားရော့၊ သာမန်ဖဲထုပ်တွေနဲ့ ယှဉ်မယ်ဆိုရင် လူရုပ်တွေ နည်းနေတာကို တွေ့ရပါမယ်။ ဒါ မဟုတ်ပါဘူး။ လီနော်မန်ကတ် ၃၆ ကတ်ဟာ သာမန်ကစားတဲ့ ဖဲထုပ် ၃၆ ချပ်နဲ့ ကိုယ်စားပြုထားတာ ရှိပါတယ်။ အဲဒါကို Blue Owl, French Cartomancy, Petit Lenormand စတဲ့ လီနော်မန်ကတ်တွေမှာ တွေ့နိုင်ပါလိမ့်မယ်။

Tuesday, February 9, 2010

Tarot နှင့် ၁၂ ရာသီခွင်


(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

(အခုတလော အလုပ်ဖြစ်နေတဲ့ ကိုအုပ်စိုးတယောက် အလစ်ဖြုတ်ပြီး အလုပ်မဖြစ်တာ ကြာပြီဖြစ်သော ကျွန်မ မမိုးသူကို ဒီတပတ် ပိတ်ရက် မှာ တစ်စုံတစ်ခုကို ဘာသာပြန်ဖို့ အမိန့်ထုတ်ထား တာကြောင့် ပျင်းရိငြီးငွေ့ဖွယ် သောကြာနေ့ ညနေခင်းမှာ စပြီး ဒီပို့စ်ကို ရေးဖို့ လုပ်ရပါတော့တယ်။ ဘာသာပြန်ရာ၌ မပြည့်စုံခြင်း လိုအပ်ခြင်း စာဖတ်ရာ၌ ချောမွေ့မှု မရှိခဲ့ခြင်း စသည်တို့ ရှိခဲ့လျှင် ခွင့်လွတ်ဖို့ ကြိုတင် တောင်းပန်အပ်ပါတယ်။ လိုအပ်သည့် အချက်အလက် များကိုလည်း ရှာပေးပြီး လှတပတ edit လုပ် ပုံများထည့်ပေးမယ့် ကိုအုပ်စိုးကိုလည်း ကြိုတင် ကျေးဇူးတင်ပါသည်။)

Friday, February 5, 2010

ဆိုက်ကိုမေထရီ (သို့မဟုတ်) သက်မဲ့ ၀တ္ထုများ၏ သက်ရှိဓာတ်အား အာရုံခံခြင်း (၁)



(Psychometry of an old photograph, Source: http://www.readersandrootworkers.org/index.php?title=Category:Psychometry)

ဖွင့်ဆိုအပ်သော ဇာတ်ကြောင်းများ

`ဒီပစ္စည်းသာ စကားပြောတတ်ရင် ဘယ်လို နောက်ခံဇာတ်ကြောင်းတွေများ ပြောမလဲ သိဘူးဗျ´ ဟု သင့်မိတ်ဆွေတချို့ ပြောကြသည်ကို သင်ကြားဖူးကောင်း ကြားမိပေလိမ့်မည်။ သဘာဝနယ်လွန် အာရုံသိမှုများ ESP (Extra Sensory Perception) အကြောင်းကို ဗဟုသုတ ရှိနေသူ တစ်ယောက်အဖို့တော့ အထက်ပါစကားသည် မှန်ကန်သည်ဟု ဆိုရပေတော့မည်။ သမိုင်းဝင်၊ မည်သည့် အရာဝတ္ထုပင် ဆိုပါစေ၊ ထိုပစ္စည်းမှာ ဖွင့်ထုတ်ပြောဆိုဖို့ နောက်ခံ ဇာတ်ကြောင်းတချို့ ရှိသည်က အမှန်ပင်ဖြစ်တော့သည်။ ပုံပမာ နှိုင်းပြရမည်ဆိုလျှင် စကားသံ၊ တီးလုံးသံ အစရှိသည်တို့ အသံသွင်းထားသော ကက်ဆက်တိတ်ခွေကို ပြရပေမည်။ အဆိုပါ တိတ်ခွေအား စက်တစ်ခုတည်းဖြင့် အကြိမ်ကြိမ် ပြန်လည်နားထောင် နိုင်သည်ပင် မဟုတ်ပါလော။

Friday, January 29, 2010

လီနော်မန် လေ့လာမယ်ဆိုရင် (၂)

(Source: http://phoenixoracle.files.wordpress.com/2009/10/book-cover.jpg)

တနေ့က မိတ်ဆွေကြီး ကိုစိုင်းအောင်နဲ့ ဂျီတော့ခ်မှာ စကားပြောဖြစ်တော့ သူက လီနော်မန်ကတ် စလေ့လာတဲ့သူတွေအတွက် အဟောလေးတွေ၊ သိသင့်တာလေးတွေကို ရေးပါဦး ဆိုတာနဲ့ ဒီပို့စ်ကို ရေးတာပါ။ လီနော်မန် ကတ်တစ်ထုပ်မှာ ကတ်ပြား ၃၆ ချပ်ရှိပါတယ်။ တားရော့ထုပ်မှာ မေဂျာကတ်က ၂၂ ချပ်ရှိတဲ့အတွက် အဲဒါထက်တော့ များပါတယ်။ ဒါပေမယ့် မိုင်နာကတ်ပါ ပါတဲ့ တားရော့ထုပ် ၇၈ ချပ်နဲ့ ယှဉ်ရင်တော့ နည်းပါတယ်။ ဒါကြောင့် လီနော်မန် လေ့လာမယ်ဆိုရင် မခက်သလို လွယ်လည်း မလွယ်ပါဘူး လို့ ပြောချင်တယ်။

Wednesday, January 27, 2010

ကံကောင်းခြင်းများ ရောက်စေသတည်း (၂)


လွန်ခဲ့တဲ့ အပတ်က မိတ်ဆွေ တစ်ယောက်နဲ့ ဂျီတော့ခ်မှာ စကားပြောခဲ့တာလေးကို အနည်းငယ် edit လုပ်ပြီး အားလုံး သိရှိရအောင် ပြန်လည် မျှဝေလိုက်တာပါ။

Soe: အကို ဒီတိုင်းဆို ကျွန်တော့်အတွက် သိပ်မကောင်းဘူးပေါ့

me: အင်း ဟုတ်တယ်၊ ဒါပေမယ့်လေ... ဘယ်လိုပြောရမလဲ... ဒီလိုမျိုးဖြစ်တတ်တယ်ဆို သတိထားနေပေါ့ဗျာ။ ဒါကြီး ဖြစ်လာမလားဆိုပြီး တွေးပူနေတာက အဓိပ္ပာယ်မရှိဘူးလေ။

Soe: ယတြာကော မရှိဘူးလားဗျာ

me: အင်း ကျွန်တော်က ယတြာ မပေးတတ်ဘူးဗျ။

Tuesday, January 26, 2010

ကံကောင်းခြင်းများ ရောက်စေသတည်း


ကျွန်တော်တို့ ဘလော့ဂ်ကလည်း မြန်မာ တားရော့နဲ့ လီနော်မန်လို့ ဆိုက်နာမည် ပေးပြီးသကာလ မြန်မာနဲ့ မအပ်စပ်သလိုများတောင် ဖြစ်နေပြီလား မသိတော့ဘူး။ ဂျစ်ပဆီတွေအကြောင်း ပြောလိုက်၊ အင်းကွက်တွေ အကြောင်း ရေးလိုက်၊ ဆော်လမွန် ဘုရင်ကြီးဆီ ရောက်သွားလိုက်နဲ့ဆိုတော့ လာလည်တဲ့ စာဖတ်သူတွေလည်း တော်တော့်ကို စဉ်းစားစရာ ဖြစ်မှာပါပဲ။ `မြန်မာ´ ဆိုတဲ့ စကားလုံးကို သုံးရခြင်းကတော့ မြန်မာတွေ လုပ်ထားတဲ့ ဘလော့ဂ်ဆိုတာ သိသာစေဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ နောက်တစ်ခုက တားရော့၊ လီနော်မန်တွေ အကြောင်းကို တခြားဘာသာတွေနဲ့ ရေးသားတဲ့ ဆိုက်ဒ်တွေ တော်တော်များများ ရှိပြီး မြန်မာလိုရေးတာ မရှိသလောက်ပါ။ တားရော့ အကြောင်းကို ကိုချမ်းမြေ့ဦး က ရေးပေမယ့် လီနော်မန်အကြောင်းကတော့ ရေးမယ့်သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။

Monday, January 25, 2010

လီနော်မန် လေ့လာမယ် ဆိုရင်


ပြင်သစ် စစ်ဗိုလ်ချုပ် နပိုလီယန်တောင် ဒေါ်လီနော်မန်ကို လာတိုင်ပင်သတဲ့
(Source: http://marygreer.files.wordpress.com/2008/04/mlle-lenormand-and-napoleon_3.jpg)

မနေ့က မိတ်ဆွေတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တာလေးကို အားလုံးလည်း သိရအောင် နည်းနည်း edit လုပ်ပြီး ပြန်မျှလိုက်တာပါ။

Nyi: အကို လီနော်မန် လေ့လာမယ် ဆိုရင် ဘယ်ကနေ စရမှာလဲ

me: အင်း... ပထမဆုံး လီနော်မန် ဖဲထုပ်တစ်ထုပ် ရှိဖို့တော့ လိုမယ်။

Nyi: ဟုတ် အကို၊ ဖဲထုပ်ကို ဘယ်မှာ ၀ယ်ရမှာလဲ...

me: အော်... အင်တာနက်မှာ ရှာဝယ်လို့ ရတယ်၊ Ebay တို့ Amazon တို့မှာလေ

Nyi: ဘယ်လို ဖဲထုပ်က သင့်တော်လဲ အကို

Friday, January 22, 2010

လီနော်မန် တစ်ထုပ် လက်ဆောင်ရခြင်း



အင်မတန်မှ ပျော်ပါသည်။ ကျွန်တော် အရူးအမူးလိုချင်နေသော Mystical Lenormad ဆိုသည့် ကတ်ပြားထုပ်လေး လက်ဆောင်ရခြင်းကြောင့်ဖြစ်သည်။ လက်ဆောင်ပေးသူမှာ အခြားသူဟုတ် ဤဘလော့ဂ်ကို ကျွန်တော်နှင့်အတူ ပါဝင် ရေးသားနေသူ... သူငယ်ချင်း မိုးသူဖြစ်သည်။ တားရော့၊ လီနော်မန် ကတ်ပြားများကို မြတ်နိုးသော ကျွန်တော့်အတွက် ဖော်မပြတတ်သော ကြည်နူးမှု ဖြစ်ရပါသည်။ ယခု ကျွန်တော်ရောက်နေသော နိုင်ငံသည် ဗေဒင် အစရှိသည်တို့ ယုံကြည်သော်လည်း လီနော်မန် ကတ်ပြားများကို ၀ယ်၍မရပါ။ တားရော့သာ လူသိပါသည်။ အင်္ဂလိပ် စာအုပ်အဟောင်း ရောင်းသော ဆိုင်များသို့ သွားရောက် မေးမြန်းသည့်တိုင်... လီနော်မန်ကတ်ပြားများကို ဘယ်သူမှ မသိကြပါ။ လီနော်မန်ကတ်ဟု မေးသောသူသည် သဲကန္တာရမှာ ရေရှိမရှိမေးသကဲ့သို့ပင်။ မတွေ့လျှင် လိုချင်လေ ဖြစ်သည်မှာလည်း လူတို့ သဘာဝပေတည်း။

Monday, January 18, 2010

ကိုအမောင်ပခန်း အတွက် လီနော်မန် တစ်သက်စာ

အနာဂတ် ရပ်တည်မှုအတွက် လီနော်မန် ကတ်ပြားတွေနဲ့ တစ်သက်တာ အမြင်လေး ဖတ်ရှုပေးဖို့ တောင်းဆိုလာတဲ့ ကိုပခန်းအတွက် တွက်ချက်လိုက်ပါတယ်။ သူငယ်ချင်း မမိုးသူက သူ့ပို့စ်မှာ ပြောခဲ့သလိုပါပဲ ဒါဟာလည်း ကျွန်တော် လီနော်မန် ကတ်တွေနဲ့ ခပ်ဝေးဝေးကို ပထမဆုံး တွက်ချက်ကြည့်ခြင်း ဖြစ်ပါတယ်။ အဲဒီတော့ လိုအပ်ချက်များ ရှိခဲ့ရင်ဖြင့် နားလည် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။

ဒီမှာ အသုံးပြုတဲ့နည်းကို မြင်းခွာပုံ ဖြန့်ကျက်နည်း (Horse Shoe Spread) လို့ ခေါ်ပါတယ်။ ကတ်ပြား ၇ ချပ်ကို အသုံးပြုပြီး ဟောကြားတဲ့ နည်းဖြစ်ပါတယ်။ ကိုပခန်းရဲ့ ကံကြမ္မာကို တွက်ချက်ဖို့ ဖြန့်ကျက်လိုက်တဲ့ အခါမှာ ကျလာတဲ့ ကတ်ပြား ၇ ချပ်ကတော့ အောက်က အတိုင်းဖြစ်ပါတယ်။

Sunday, January 17, 2010

အမုန်းလျှောက်ထိုးညွှန် သုံးခြောက်ကိုးခွန်

(Source: http://www.crnewswire.com/content/media/haiti%20map.jpg)

၉ ဂဏန်းနဲ့အတူ ၃၊ ၆၊ ၇ ဂဏန်းတွေရဲ့ ထူးခြားချက်ကို သိပ်မကြာခင်က ပို့စ်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီဂဏန်းတွေ တကယ်ပဲ ထူးခြားပါသလား ဆိုတာကို ဟေတီငလျင်က မေးခွန်းထုတ်နေပါတယ်။ ဟေတီ ငလျင်နဲ့ ပတ်သက်ပြီး ဆရာ့ဆရာတွေက နည်းလမ်း ပေါင်းစုံနဲ့ ပြောနေကြတုန်းပါပဲ။ ဒီပို့စ်မှာတော့ သင်္ချာဗေဒ ရှုထောင့်ကနေ လေ့လာတဲ့ အမြင်ကို ပြောပြချင်ပါတယ်။ အင်္ဂလိပ် အက္ခရာတွေကို ဂဏန်းအဖြစ် ပြောင်းတဲ့နေရာမှာ ကျွန်တော် အသုံးပြုတဲ့ နည်းကတော့ အိန္ဒိယ ဂဏန်းဗေဒင်နည်းပါ။ အနောက်တိုင်း နည်းမဟုတ်ပါဘူး။ အဲဒီနည်းမှာ ၉ ဂဏန်းက ကိုယ်စားပြုတဲ့ အက္ခရာမရှိပါဘူး။ ကိုင်ရိုရဲ့ နည်းစနစ်နဲ့ အတူတူပဲလို့ ထင်ပါတယ်။ ဒီနည်းနဲ့ လေ့လာ ဆန်းစစ်ကြည့်တဲ့အခါ...

Tuesday, January 12, 2010

ကိုအမောင်ပခန်း အတွက် တားရော့ တစ်သက်စာ

ကျွန်တော့်နာမည် ကိုပခန်းလို့ ခေါ်ပါတယ်။ တားရော့ပညာကို စိတ်ဝင်စားပါတယ်။ လေးလည်းလေးစားပါတယ် ခင်ဗျာ။ ကျွန်တော့် အနာဂတ် ဘ၀ရပ်တည်မှု အတွက် တားရော့ပညာရပ်အရ အမြင်လေးကို သိချင်ပါတယ် ခင်ဗျာ။ လိုအပ်တဲ့ Data အချက်အလက်ကိုလည်း တောင်းခံနိုင်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုပခန်း


လွန်ခဲ့တဲ့ လေးလလောက်က ဗေဒင်ဟောဖို့ တောင်းဆိုထားတဲ့ email တွေထဲမှာ နက္ခတ်ဗေဒင်မှတ်စုများ ကို စိတ်ရှည်လက်ရှည် ရေးသားတင်ဆက်နေသူ ကိုပခန်းဆီက စာတစ်စောင် ပါပါတယ်။

အရင်က တားရော့ အတွေ့အကြုံကို ပြောပြတဲ့ post တစ်ခုမှာ ရေးခဲ့ဖူးပါတယ်။ ဝေးကွာလွန်းတဲ့ အနာဂတ်ကို တားရော့နဲ့ သိပ်မခန်းမှန်းချင်ဘူးဆိုတာပါ။ နောက်တစ်ချက်က ကိုယ်တိုင် စနစ်တကျတွက်ချက်လေ့လာနေတဲ့ နက္ခတ်ဗေဒင် ဆရာတစ်ယောက်ကို မဟောရဲတာကိုပါ ရောချပြီး ‘ကိုပခန်းရေ.. နောက်မှ.. နောက်မှ’ လို့သာ စကားပြန်ခဲ့ပါတယ်။

Sunday, January 3, 2010

လျှပ်တစ်ပြက် လီနော်မန်



လီနော်မန်ကတ်နဲ့ ဟောတတ်တဲ့ ကျွန်တော့်ကို မကြာခဏ မေးကြတဲ့ မေးခွန်းတွေ ရှိပါတယ်... `လီနော်မန် ဆိုတာ တားရော့ပဲလား´ ... `လီနော်မန်ကတ်တစ်ထုပ်မှာ ကတ်ပြား ဘယ်နှစ်ချပ်ရှိတာလဲ´ ... `သင်လို့ကော လွယ်ကူပါသလား´... စသဖြင့်ပေါ့။

အဲဒီမေးခွန်းတွေကို ဖြေရရင်ဖြင့်... လီနော်မန်ဟာ တားရော့မဟုတ်ပါဘူး၊ ဒါပေမယ့် တားရော့လိုမျိုး ကံကြမ္မာဖတ် ကတ်ပြားတွေပါပဲ လို့ ဖြေရမှာပါ။ လီနော်မန် ကတ်ပြားတစ်ထုပ်မှာ စုစုပေါင်း ကတ်ပြား ၃၆ ချပ် ရှိပါတယ်။ ၃ + ၆ = ၉ ရပါတယ်။ တားရော့မှာ စုစုပေါင်း ကတ်ပြား ၇၈ ချပ်ရှိပါတယ်။ ၇ + ၈ = ၁၅ = ၁ + ၅ = ၆ ရပါတယ်။ ၆ နဲ့ ၉ ကို Reversal Number တွေလို့ တချို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ ဒါကြောင့် တားရော့နဲ့ လီနော်မန်ကို မွေးချင်းတွေလို ကျွန်တော် ယူဆပါတယ်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။