Wednesday, May 18, 2011

အတွေးဖတ်စာ



ဗေဒင်ဆရာ။ ။ ခင်ဗျားက ကုမ်ရာသီဖွားနော်

ကျွန်တော်။ ။ ဟုတ်ကဲ့

ဗေဒင်ဆရာ။ ။ ကုမ်ရာသီဖွားတွေအနေနဲ့ ဘာမဆိုကို သိနေတတ်တယ်

ကျွန်တော်။ ။ ဟုတ်လား ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် လက်တွေ့မကျတာတွေဆို ယုံတဲ့သူ မဟုတ်ဘူး

ကျွန်တော်။ ။ အမှန်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူတပါးရဲ့ အကြံဉာဏ်ကိုလည်း အလွယ်တကူ လက်မခံတတ်ဘူး

ကျွန်တော်။ ။ ဒါလည်း အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ပြီးတော့ စိတ်ထဲက မပါရင် ဘာမှလိုက်မလုပ်ဘူး

ကျွန်တော်။ ။ ဒါလည်း မှန်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ကိုယ့်ကို ဆရာလာလုပ်တဲ့သူတွေဆိုလည်း ကြည့်မရဘူး

ကျွန်တော်။ ။ အမှန်ပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘဝအတွက် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးလုပ်တတ်တဲ့သူလည်း ဖြစ်တယ်

ကျွန်တော်။ ။ ဟုတ်တယ်ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောတာကိုလည်း စိတ်ရှည်ရှည် နားမထောင်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ အရမ်းလည်း အငြင်းသန်တယ်

ကျွန်တော်။ ။ ဒါလည်း ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောသမျှ ချက်ချင်းလည်း ခေါင်းမညိတ်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပေါ့ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘယ်ကိစ္စမဆို အကြာကြီး တွေးပြီးမှ တုန့်ပြန်တယ်

ကျွန်တော်။ ။ အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ခြေခြေမြစ်မြစ် ယုတ္တိမတန်ရင်လည်း သဘောမတူဘူး

ကျွန်တော်။ ။ ဒါလည်း ဟုတ်နေပြန်ရောဆရာ

ဗေဒင်ဆရာ။ ။ အဲဒါ ခင်ဗျားရဲ့ စရိုက်လက္ခဏာတွေ

ကျွန်တော်။ ။ ဟုတ်၊ အကုန်နီးပါးကို မှန်ပါတယ်ဆရာ

................................................................................................

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

Wednesday, September 29, 2010

တားရော့နှင့် သူ၏ ရုပ်ပုံများ (၃)



(Source: http://hermetic.com/crowley/equinox/)

တကယ်တမ်း ဒီဆောင်းပါးအခန်းဆက်တွေကို တာဝန်ယူရေးတာက မမိုးသူပါ။ ကျွန်တော်က သူဘာသာပြန်ထားတာကို နှမ်းဖြူးသဘော ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပုံတွေ ရှာထည့်၊ ဆွဲထည့် ပေးတာပဲ လုပ်ခဲ့တာပါ။ ခု သူက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အင်မတန်မှ အလုပ်များလေတော့ ဒီဆောင်းပါး အဆက်ကို ကျွန်တော်ကပဲ ကြိုးစားပြီး ဘာသာပြန် တင်ဆက်ပေးတာပါ။ တားရော့ရဲ့ သင်္ကေတတွေက A ကနေ Z အထိ စဉ်လိုက်မယ် ဆိုရင်ဖြင့် အတော်လေး များလေတာကြောင့် အခန်းတော်တော်များများ ဆက်ပြီး ရေးရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲ မမိုးသူ အဆင်ပြေတဲ့အခါ သူပဲ ဆက်လက်လို့ ရေးသားပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

+ + + + + + +

Wednesday, September 22, 2010

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား


ဒီဆောင်းပါးက ကျွန်တော်ရေးသားထားခြင်း မဟုတ်ပါ။ အတွဲ (၁၀) အမှတ် (၉) စက်တင်ဘာ ၂၀၁၀ ထုတ် သူရဇ္ဇမဂ္ဂဇင်းမှ “လှမြင့် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ကူးယူပြီး ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=========================================

မြန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။

အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့်အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။

Wednesday, September 15, 2010

ဗေဒင်ဆရာဆိုတာ (၃)



The crisis of today is the joke of tomorrow.
(H. G. Wells)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++

Wednesday, August 4, 2010

ဗေဒင်ဆရာဆိုတာ (၂)



My way of joking is to tell the truth. It is the funniest joke in the world.
(George Bernard Shaw)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



Saturday, July 31, 2010

မွေးနေ့ မွေးရက် ပြောမယ်



ဆရာ။ ။ ကဲ... ထိုင်ပါ... ဘာကိစ္စပဲ ရှိရှိထိုင်ပါ

မေးသူ။ ။ ဟုတ်ကဲ့၊ ကျွန်မအခက်အခဲ ရှိနေလို့...

ဆရာ။ ။ ဘာအခက်ခဲပဲ ရှိရှိ ဆရာနဲ့ တွေ့ရင် ပြေလည်သွားစေရမယ်

မေးသူ။ ။ ဟုတ်ကဲ့... ကျွန်မနာမည်က...

ဆရာ။ ။ နေဦး... ဘာမှ မပြောနဲ့ဦး... ခဏရပ်ပါ။ ခင်ဗျားမွေးတဲ့ နေ့နံ ဒီအင်းကွက်ထဲမှာ ပါလား။

မေးသူ။ ။ ဘာကိုလဲ ဆရာ...

ဆရာ။ ။ ခင်ဗျားရဲ့ နေ့နံ့ကို ပြောတာ၊ တနင်္လာလား၊ အင်္ဂါလား ဆိုတာ။ ကျွန်တော့်ကို ပါရင် ပါတယ် မပါရင် မပါဘူးပဲပြောပါ၊ မွေးနေ့ကို ပြောစရာ မလိုပါဘူး။ ပါလား ဒီအထဲမှာ...

မေးသူ။ ။ ဟုတ်ကဲ့၊ ပါပါတယ်။

ဆရာ။ ။ ဒီအထဲမှာကော...

မေးသူ။ ။ မပါပါဘူး ဆရာ။

ဆရာ။ ။ သေချာတယ်နော်...

မေးသူ။ ။ ဟုတ်ကဲ့၊ သေချာပါတယ်

Friday, July 30, 2010

လီနော်မန်အကြောင်း တစေ့တစောင်း စကားစမြည်


အခု တလော ရေပန်းစားနေတဲ့ ဗေဒင်ဂေါ့ဒ်ဖားသားလေး K က ကျွန်တော့်ကို အင်တာဗျူး ထားတာလေးပါ။ ဒါကို “လီနိုမန်တစ္ဆေ (သို့) ဆရာအုပ်စိုးနှင့် လီနိုမန်အကြောင်း တစေ့တစောင်း၊ စကားစမြည်” ဆိုပြီး သူ့ဘလော့ဂ်မှာ ဖော်ပြပြီးပါပြီ။ ကျွန်တော်က မှတ်တမ်းအနေနဲ့ ဘလော့ဂ်မှာ သိမ်းဆည်း ချင်တာရယ်၊ လီနော်မန် လေ့လာတဲ့ သူတွေလည်း ဖတ်ရအောင် တင်လိုက်တာပါ။ ကျွန်တော်နဲ့ သူ့ရဲ့ အင်တာဗျူးတွေ အကြောင်း ပြောရမယ်ဆိုရင် သူက ကျွန်တော့်ကို အရင်ဆုံး စပြီးတော့ အင်တာဗျူးတာပါ။ သူကကျွန်တော့်ကို ဗျူးတဲ့အခါ ကျွန်တော်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ သူ့ကို ပြန်ဗျူးတာပါ။ ကျွန်တော့်ကို ဆရာဦးဝင်းငြိမ်းတို့၊ ဦးမြတ်ခိုင်တို့ ဝင်စားသလားလို့ပြောပြီး မေးသွားတဲ့ K ရဲ့ မေးခွန်းတွေကလည်း အတော့်ကို ဦးစားပါတယ်။ တစ်ခုချင်းဆီကို အတတ်နိုင်ဆုံး တတ်သိသလောက် ကြိုးစားပြီး ဖြေပေးထားပါတယ်။ ကဲ... အသာမနေ လျှာရှည်လေတဲ့ ဆရာကေ... နောင်အဟုတ်မဆိုး ရလေအောင် မောင်အုပ်စိုးက မရှောင် အဟုတ် အတိုးနဲ့ ဖြေလိုက်ပါတယ်ဗျာ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

====================================================

Wednesday, July 28, 2010

ဗေဒင်ဆရာဆိုတာ (၁)



A joke is a very serious thing.
(Winston Churchill)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



Saturday, July 24, 2010

ဗေဒင်ဂေါ့ဒ်ဖားသားနှင့် အင်တာဗျူး



(Source: http://www.sxc.hu/photo/1185571)

K ဆိုတဲ့ မြန်မာဗေဒင်ပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ http://www.baydingodfather.co.cc/ ဆိုတဲ့ ဘလော့ဂ်လေးက မြန်မာအွန်လိုင်း ဗေဒင်လောကမှာ ပေါ်ထွက်လာတာ သိပ်မကြာသေးပါဘူး။ K ဆိုတာ ဘယ်သူလဲ King လား၊ Killer လား၊ Kid လား ဆိုပြီး သိလိုသူတွေထဲမှာ ကျွန်တော် အမောင်အုပ်စိုးလည်း ပါပါတယ်။ ဒါကြောင့် သိချင်တဲ့ စိတ်ကို မြိုသိပ်မနေတော့ဘဲ စိတ်ထဲပေါ်လာသမျှကို စာစီလို့ မေးခွန်းလေးတွေပြုပြီး သူ့ထံကို ပို့လိုက်ပါတော့တယ်။ ဒီအင်တာဗျူးက ကျွန်တော် သိလိုသလောက်သာ ဖြစ်တဲ့အတွက် မေးခွန်းတွေ မေးခဲ့တဲ့အထဲမှာ တချို့ ဆရာတွေ သိချင်တာ၊ မေးချင်တာတွေ ပါချင်မှပါပါလိမ့်မယ်။ ကျန်ခဲ့တာတွေ ရှိကောင်း ရှိပါမယ်။ အဲဒီမေးခွန်းတွေကိုတော့ သူ့ရဲ့ လိပ်စာကို ကိုယ်တိုင် ဆက်သွယ်ပြီး မေးမြန်းကြပါလို့ အကြံပြုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=======================================================

ဗေဒင်ဆိုတာ မြန်မာဝေါဟာရပါ။ God Father ဆိုတာက အင်္ဂလိပ် ဝေါဟာရပါ။ ဒီတော့ ဗေဒင် ဂေါ့ဒ်ဖားသားဆိုတာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့တဲ့ နာမည်ဖြစ်ပြီးတော့ ဂေါ့ဒ်ဖားသား ဖြစ်တည်လာရခြင်းရဲ့ နောက်ခံသမိုင်းကြောင်းလေးကို ပြောပြနိုင်မလားဗျာ။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။