Wednesday, May 18, 2011

အတွေးဖတ်စာ



ဗေဒင်ဆရာ။ ။ ခင်ဗျားက ကုမ်ရာသီဖွားနော်

ကျွန်တော်။ ။ ဟုတ်ကဲ့

ဗေဒင်ဆရာ။ ။ ကုမ်ရာသီဖွားတွေအနေနဲ့ ဘာမဆိုကို သိနေတတ်တယ်

ကျွန်တော်။ ။ ဟုတ်လား ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် လက်တွေ့မကျတာတွေဆို ယုံတဲ့သူ မဟုတ်ဘူး

ကျွန်တော်။ ။ အမှန်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူတပါးရဲ့ အကြံဉာဏ်ကိုလည်း အလွယ်တကူ လက်မခံတတ်ဘူး

ကျွန်တော်။ ။ ဒါလည်း အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ပြီးတော့ စိတ်ထဲက မပါရင် ဘာမှလိုက်မလုပ်ဘူး

ကျွန်တော်။ ။ ဒါလည်း မှန်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ကိုယ့်ကို ဆရာလာလုပ်တဲ့သူတွေဆိုလည်း ကြည့်မရဘူး

ကျွန်တော်။ ။ အမှန်ပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘဝအတွက် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးလုပ်တတ်တဲ့သူလည်း ဖြစ်တယ်

ကျွန်တော်။ ။ ဟုတ်တယ်ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောတာကိုလည်း စိတ်ရှည်ရှည် နားမထောင်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ အရမ်းလည်း အငြင်းသန်တယ်

ကျွန်တော်။ ။ ဒါလည်း ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောသမျှ ချက်ချင်းလည်း ခေါင်းမညိတ်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပေါ့ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘယ်ကိစ္စမဆို အကြာကြီး တွေးပြီးမှ တုန့်ပြန်တယ်

ကျွန်တော်။ ။ အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ခြေခြေမြစ်မြစ် ယုတ္တိမတန်ရင်လည်း သဘောမတူဘူး

ကျွန်တော်။ ။ ဒါလည်း ဟုတ်နေပြန်ရောဆရာ

ဗေဒင်ဆရာ။ ။ အဲဒါ ခင်ဗျားရဲ့ စရိုက်လက္ခဏာတွေ

ကျွန်တော်။ ။ ဟုတ်၊ အကုန်နီးပါးကို မှန်ပါတယ်ဆရာ

................................................................................................

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

Tuesday, October 12, 2010

မြန်မာအင်းများ စီစဉ်ပုံ (၇)

(Source: http://www.greylabyrinth.com/puzzle/203)

စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

A true knight is fuller of bravery in the midst, than in the beginning of danger.
(Sir Philip Sidney)

အရင်တစ်ခေါက်တုန်းက စတုရန်းကွက်၊ ထောင့်မှန်စတုဂံကွက်တွေမှာ မြင်းခုန်တာကို ပြောပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ပဆစ်အိမ် ခိုနန်းချိုး စတဲ့ စတုဂံပုံစံ မဟုတ်တဲ့ အင်းကွက်တွေအကြောင်းကို ပြောပြသွားပါမယ်။ အရင်တစ်ခေါက်တုန်းက မင်းခိုက်စိုးစန်ရဲ့ စာအုပ်ထဲက “အ” အလယ်သေ အင်းကို ဖော်ပြခဲ့ပါတယ်။ အဲဒီအင်းကို အကွက်စေ့အောင် မြင်းခုန်ပြီး သွားနိုင်ပေမယ့် မြင်းသေမြင်းကိုက် ခုန်ဖို့ မဖြစ်နိုင်ပါဘူး။

အင်းကွက်တစ်ခု မြင်းသေမြင်းကိုက် ခုန်နိုင်ဖို့ ဆိုရင် အကွက်အရေအတွက်က “စုံ ဂဏန်း” ဖြစ်နေရပါမယ်။ မြန်မာဗျည်းက ၃၃ လုံး ရှိတဲ့အတွက် ဘယ်လိုနည်းမျိုးနဲ့မှ မြင်းသေ မြင်းကိုက် (Closed Tour) ခုန်လို့ မရပါဘူး။ မြင်းသေမြင်းကိုက် မရပေမယ့် အက္ခရာအားလုံးကို စေ့အောင် ခုန်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အကွက်တွေကို တစ်ကွက်ခြားစီ အရောင်ခြယ်ကြည့်တဲ့အခါမှာ မီးခိုးရောင် ၁၇ကွက် နဲ့ အဖြူ ၁၆ ကွက်ဖြစ်နေလို့ပါ။ ထက်ဝက်နီးပါး အရေအတွက် တူပါတယ်။ ဒါကြောင့် Open Tour ခုန်လို့ရမယ်လို့ ယူဆနိုင်ပါတယ်။ အောက်က အဖြူ၊ အမဲ ခြယ်ထားတဲ့ ပုံကို ကြည့်ပါ။

Wednesday, September 29, 2010

တားရော့နှင့် သူ၏ ရုပ်ပုံများ (၃)



(Source: http://hermetic.com/crowley/equinox/)

တကယ်တမ်း ဒီဆောင်းပါးအခန်းဆက်တွေကို တာဝန်ယူရေးတာက မမိုးသူပါ။ ကျွန်တော်က သူဘာသာပြန်ထားတာကို နှမ်းဖြူးသဘော ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပုံတွေ ရှာထည့်၊ ဆွဲထည့် ပေးတာပဲ လုပ်ခဲ့တာပါ။ ခု သူက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အင်မတန်မှ အလုပ်များလေတော့ ဒီဆောင်းပါး အဆက်ကို ကျွန်တော်ကပဲ ကြိုးစားပြီး ဘာသာပြန် တင်ဆက်ပေးတာပါ။ တားရော့ရဲ့ သင်္ကေတတွေက A ကနေ Z အထိ စဉ်လိုက်မယ် ဆိုရင်ဖြင့် အတော်လေး များလေတာကြောင့် အခန်းတော်တော်များများ ဆက်ပြီး ရေးရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲ မမိုးသူ အဆင်ပြေတဲ့အခါ သူပဲ ဆက်လက်လို့ ရေးသားပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

+ + + + + + +

Wednesday, September 22, 2010

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား


ဒီဆောင်းပါးက ကျွန်တော်ရေးသားထားခြင်း မဟုတ်ပါ။ အတွဲ (၁၀) အမှတ် (၉) စက်တင်ဘာ ၂၀၁၀ ထုတ် သူရဇ္ဇမဂ္ဂဇင်းမှ “လှမြင့် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ကူးယူပြီး ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=========================================

မြန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။

အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့်အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။

Saturday, September 18, 2010

မြန်မာအင်းများ စီစဉ်ပုံ (၆)


(Source: http://www.amazon.com/Knights-Move-Brain-Teaser-Puzzle/dp/B000A32OUG)

စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

And so I am become a knight of the Kingdom of Dreams and Shadows!
(Mark Twain)

မြန်မာအင်းတွေ စီစဉ်ပုံ အကြောင်း ရေးလာတာ အခုဆိုရင် ဆဌမပိုင်းအထိပင် ရောက်လာပါပြီ။ ရေးခဲ့သမျှတွေကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင်...


ဒီဆောင်းပါးမှာတော့ “မြန်မာ့ အင်းခုန်နည်း” လို့တောင် တချို့က တင်စားကြတဲ့ မြင်းကွက်ခုန်နည်းနဲ့ ပတ်သက်တဲ့ အင်းတွေ အကြောင်းကို ပြောပြသွားပါမယ်။ “မြင်းခုန်မပိုင် အင်းခုန်မပိုင်” လို့ ဆိုရလောက်အောင်ကို မြင်းခုန်နည်းက မြန်မာ့ အင်းပညာမှာ အခြေခံကျကျ ပါဝင်နေပါတယ်။ မြင်းကွက်ခုန်နည်းကို မြန်မာ၊ တရုတ်၊ အနောက်တိုင်း ဘယ်စစ်တုရင်ပဲ ဖြစ်ဖြစ် ထိုးဖူးတဲ့သူ ဆိုရင်တော့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ အနောက်တိုင်း စစ်တုရင် ကစားတဲ့ခုံပေါ်မှာ မြင်းသည်တော် ရုပ်တစ်ရုပ်ကို ချလိုက်မယ် ဆိုရင် သူ့အတွက် စုစုပေါင်း ရွှေ့ကွက် ၈ ကွက် ရှိမှာ ဖြစ်ပါတယ်။

Wednesday, September 15, 2010

ဗေဒင်ဆရာဆိုတာ (၃)



The crisis of today is the joke of tomorrow.
(H. G. Wells)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++

Tuesday, September 14, 2010

မြန်မာအင်းများ စီစဉ်ပုံ (၅)



စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

History is philosophy teaching by examples.
(Thucydides)

အရင်ဆောင်းပါးတစ်ခု ဖြစ်တဲ့... “မြန်မာအင်းများ စီစဉ်ပုံ (၃)” မှာ အဘယ ဇာတကအင်းအကြောင်း ဖော်ပြခဲ့ပါတယ်။ ခု ဒီမှာတော့ အဲဒီအင်းကိုပဲ “အာယုခက်အင်း (ဝါ) မဏိဇောတရသ်အင်း” ဆိုပြီး အခြားနည်းလမ်းနဲ့ ရေးသွင်းတာကို လေ့လာကြပါမယ်။

“ကြေးမင်းအိမ်က အစကောက်သွင်း ရုပ်နံခင်း” ဆိုတဲ့ စာချိုးနဲ့ သွင်းရတဲ့ အဘယဇာတက ရုပ်အင်းကို မှတ်မိကြမယ် ထင်ပါတယ်။ ဒီလို ထည့်သွင်းသွားတဲ့အခါ နောက်ဆုံးမှာ “ဋ” အက္ခရာမှာ အဆုံးသတ်တာကို တွေ့မှာ ဖြစ်ပါတယ်။ “ဋ” ဟာ “ဋသံညှင်းကြိတ်” ဆိုတဲ့ မူလအက္ခရာ “ဋ၊ သ၊ ည၊ က” ကို ဖွားမြင်တဲ့ အက္ခရာ ဖြစ်ပါတယ်။ (ဋ၊ သ၊ ည၊ က ဆိုတဲ့ မူလအက္ခရာ တွေ ဖြစ်ပေါ်လာပုံ အကြောင်းကို နောက်လာမည့် ပို့စ်တွေမှာ အလျဉ်းသင့်သလို ရှင်းလင်းပြသွားပါမယ်။)

Sunday, September 12, 2010

ဖဲဗေဒင် အကြောင်း သိကောင်းစရာ (၄)

(Source: http://fortunetelling.mylastdesire.com/)

ဖဲဗေဒင်နဲ့ ပတ်သက်ပြီး ရေးခဲ့တာ အပိုင်း ၃ပိုင်းအထိ ရှိသွားပါပြီ။ အဲဒီနောက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မရေးဖြစ်ခဲ့တာပါ။ စောင့်စားပြီး ဖတ်ရှုနေတဲ့လူတွေကိုတော့ အရင်ဆုံးတောင်းပန်စကား ဆိုချင်ပါတယ်။ ဒီပို့စ်ကို မဆက်ခင်မှာ အရင်က ပို့စ်၃ ခုကို မဖတ်ရသေးသူတွေအတွက် ပြန်လည် လက်တို့ချင်ပါတယ်။ ဒီလင့်ခ်တွေမှာပါ။


ဒီအပိုင်းကတော့ ဖဲဗေဒင်နဲ့ ပတ်သက်တဲ့ နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။ အရင်ပို့စ်တွေမှာ ဖဲဗေဒင်နဲ့ ပတ်သက်တဲ့ အဆင့် ၃ ဆင့်ကို ပြောပြခဲ့ပါတယ်။ ကဗျာလေးကိုလည်း ညွှန်းခဲ့ပါသေးတယ်။ ဒီတစ်ခါတော့ လက်တွေ့ တွက်ချက်တာကို နမူနာအနေနဲ့ သုံးချပ်တွဲ ဥပမာတွေနဲ့ ရှင်းလင်းပြီး ပြောပြပါမယ်။ သုံးချပ်တွဲကို နားလည်သွားရင်ဖြင့် ခြောက်ချပ်တွဲ၊ ကိုးချပ်တွဲ စသည်ဖြင့် တွက်ချက်ရတာ မခဲယဉ်းတော့ပါဘူး။

Friday, September 10, 2010

မြန်မာအင်းများ စီစဉ်ပုံ (၄)



စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

Miscellaneous is always the largest category.
(Joel Rosenberg)

မြန်မာအင်းတွေနဲ့ ပတ်သက်ပြီး စီစဉ်ပုံ နည်းစနစ် အချို့ကို သင်္ချာရှုထောင့်ကနေ ရေးသားခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်မှာတော့ ဟင်းအကြောင်း ယောင်းမ မသိရ မဖြစ်ရလေအောင်... အင်း၊ စမ စတာတွေနဲ့ ပတ်သက်တဲ့ အထွေထွေ ဗဟုသုတလေးတွေကို မျှဝေချင်ပါတယ်။ ကျွန်တော် လက်လှမ်းမီသ၍ ဖတ်ရှုလေ့လာမိသလောက် စာအုပ်တွေကနေ ကိုးကားရေးသားတာ ဖြစ်တဲ့အတွက် လိုအပ်သည်များ လစ်ဟာမှုများ ရှိပါက ခင်မင်စွာဖြင့် အကြံပြု ဝေဖန်နိုင်ကြပါသည်။

========================================





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။