Wednesday, December 30, 2009

၂၀၁၀ နှင့် မြန်မာပြည်


(Source: http://rlv.zcache.com/myanmar_2010_calendar-p1585559883725566372xqnz_400.jpg)

(မှတ်ချက်။ ။ သိလိုစိတ် အရင်းခံသက်သက်ဖြင့် တွက်ချက်ကြည့်ခြင်းသာ ဖြစ်ပါသည်။ မည်သည့်ရည်ရွယ်ချက်မှ မရှိပါ။)

၂၀၁၀ ကို ဂဏန်းဗေဒင်အားဖြင့် တစ်လုံးတည်း ကျန်အောင် ပေါင်းလိုက်သော ၂ + ၀ + ၁ + ၀ = ၃ ဂဏန်းရပါသည်။ သို့ဖြင့်၍ ၂၀၁၀ သည် ၃ ဂဏန်း ကြီးစိုးသည့် နှစ်ဟုလည်း ပြောနိုင်ပါသည်။ ယေဘုယျအားဖြင့် အနောက်တိုင်းကော အရှေ့တိုင်းအယူအဆ တော်တော်များများအရ ၃ ဂဏန်းသည် ထူးခြား ဆန်းပြားသော ဂဏန်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၃ ကို Three Times Lucky ဟု အနောက်တိုင်းတွေက အယူရှိကြသည်။ ခရစ်ယာန်ဘာသာဝင်တွေမှာ Trinity ဆိုပြီး ရှိသလို၊ ဗုဒ္ဓဘာသာမှာ ရတနာသုံးပါး ရှိပါတယ်။ MYANMAR ဆိုတဲ့ နာမည်ကို Indian Numerology နည်းအရ တွက်ကြည်ရင် ၉ ဂဏန်း ရရှိပြီး... BURMA ကတော့ ၆ ဂဏန်း ရရှိပါတယ်။

Sunday, September 13, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၂ )



တားရော့နဲ့ အချိန် ကာလ ကို ခန့် မှန်းခြင်း

တားရော့ ဟောရင် ကြုံရတဲ့ ပြသနာတခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့
''ဘယ်တော့လဲ ဘယ်အချိန်လဲ ''ဆိုတဲ့ မေးခွန်းကိုဖြေဖို့ပါ။
ကျွန်မရဲ့ အတွေ့အကြုံအရတော့ တားရော့ရဲ့အဟောက သိပ်ဝေးဝေးတော့ မသွားတတ်ပါဘူး။ မြန်ဆန်တတ်ပါတယ် ။
အဲဒီမှာ ကျွန်မ လေ့လာ တွေ့ရှိသမျှ ပုံသေနည်းမကျ ဘာမကျ အချိန်အပိုင်းအခြား ခန့်မှန်းတာကို ပြောပါမယ်။

Thursday, August 27, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၁)


ကျွန်မ သိသော Tarot

ပိုစ့်အသစ် မရေးဖြစ်တာလည်း ကြာပြီမို့ လို့  ဘာရေးရမလဲ စဉ်းစားရင်း ခေါင်းစဉ် တပ်လိုက်တာပါ။

စာဖတ်သူများ တောင်းဆိုထားတဲ့ Spread ( ကဒ်ဖြန့် ကျက်ခြင်း) တွေ အကြောင်း ကို မရေးခင် ပဏာမ အနေနဲ့ စပြီး ကျွန်မ နဲ့ တားရော့ အကြောင်း စပြီး ရေးသားလိုပါတယ်။

Monday, July 20, 2009

ဇူလိုင် ၂၂ - နေကြတ်ခြင်း


၂၀၀၉ ခုနှစ်တွင် နေကြတ်ခြင်းနှစ်ကြိမ်ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့မှ သိရသည်။ ပထမအကြိမ် နေကြတ်ခြင်းမှာ ဇန်နဝါရီ ၂၆ ရက်တွင် ဖြစ်မည်ဖြစ်ကာ နေကြတ်ခြင်းအား အရှေ့အာဖရိက၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံမှ တစ်စိတ်တစ်ပိုင်းမြင်ရမည် ဖြစ်ကြောင်းသိရသည်။ ဒုတိယအကြိမ်နေကြတ်ခြင်းမှာ ဇူလိုင် ၂၂ ရက်တွင်ဖြစ်ပြီးအရှေ့အာရှ၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ ပစိဖိတ်၊ ဟာဝိုင်ယီ နှင့် မြန်မာ ခါကာဘိုရာဇီမှ အပြည့်၊ မြစ်ကြီးနားမှ ၈၅ ရာခိုင်နှုန်း၊ မန္တလေးမှ ၈၀ ရာခိုင်နှုန်း၊ ရန်ကုန်မှ ၇၅ ရာခိုင်နှုန်း၊ မြိတ်မှ ၅၀ ရာခိုင်နှုန်း တစ်စိတ်တစ်ပိုင်း မြင်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် လကြတ်ခြင်းမှာ ဇူလိုင် ၇ ရက်တွင် တစ်ကြိမ်၊ သြဂုတ်လ ၆ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ၃၁ရက်တွင် တစ်ကြိမ် ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ်ကို မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့မှထုတ်ဝေသော ၂၀၀၉ ခုနှစ် မင်္ဂလာအခါတော်ပေး ဗေဒင်ပြက္ခဒိန်တွင် ထည့်သွင်းဖော်ပြထားမည်ဖြစ်ကြောင်း ၂၀၀၈ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။ (Source: ခေတ်လူငယ်)


အနောက်တိုင်းရော အရှေ့အတိုင်း အယူအဆတွေမှာတော့ နေကြတ်ခြင်းဟာ ကောင်းတဲ့ နိမိတ်လက္ခဏာ မဟုတ်ပါဘူး။ အခု ဇူလိုင် ၂၂ မှာ နေကြတ်တာဟာ ၂၁ ရာစုမှာ အကြာဆုံး နေကြတ်မှုလို့လည်း ပြောကြပါတယ်။ ကျွန်တော်တို့ ဆိုက်ဒ်က တားရော့နဲ့ လီနော်မန်အဓိကဖြစ်လေတော့ နေကြတ်ခြင်းကို အသေးစိတ် မရေးတော့ပါဘူး။ ဒါပေမယ့် ခုလောလောဆယ် ပို့စ်မတင်ဖြစ်တာနဲ့ပဲ ဒီ ဇူလိုင် ၂၂ နေကြတ်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဝင်တစားနဲ့ အင်တာနက် မွှေရင်း တွေ့လာတဲ့ Site တွေကိုတော့ မျှချင်ပါတယ်။

  • နေကြတ်ခြင်းကို Wikipedia မှာဖတ်ချင်ရင်တော့ >>> ဒီကိုသွားပါ
  • NASA ရဲ့ Information စာမျက်နှာ ကတော့ >>> ဒီမှာပါ
  • အနောက်တိုင်း နက္ခတ်ရှုထောင့်က သုံးသပ်ထားတာက >>> ဒီမှာပါ
  • နေကြတ်ခြင်းနဲ့ ပတ်သက်တဲ့ အယူသီးမှုများအကြောင်းကတော့ >>> ဒီမှာပါ
  • National Geographic က ဗီဒီယိုနဲ့ သတင်းက >>> ဒီမှာပါ
  • မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုက်ဒ်မှာ ရေးထားတာ >>> ဒီမှာဖတ်ပါ
  • စိတ်ဝင်တစား မျှချင်တဲ့ အွန်လိုင်းမိတ်ဆွေ ကိုရန်းဂန်းရဲ့ အမြင် >>> ဒီကိုသွားပါ
  • ကိုရန်းဂန်းရဲ့ နောက်ထပ် ပို့စ်တစ်ခုပါ >>> ဒီမှာပါ

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျှက်
အုပ်စိုး

Saturday, July 18, 2009

အဖြေပေးမလို့

ညီမလေးရေ ..
အမ လူတယောက်ကို အဖြေပေးမလို့  ……..
မမ

မိုးသူ - ဟုတ်ကဲ့ မမရေ …..
ပုလင်းကွဲမျက်စိနဲ့ အတင်းဖြဲကြည့်လိုက်ပြီး ကုလားဖန်ထိုး ကြည့်လိုက်တော့ -



Queen of Swords , Ace of Cup နဲ့  4 Of Cups ရှင့် 

Wednesday, June 3, 2009

ဝိုင်မာ chitthukoko နှင့် စကားစမြည် (၂)

ယခင်တစ်ခေါက်မှ အဆက်...

me: ခင်ဗျား ဇာတ်လမ်းကြားရတာ မျက်ရည်တောင် ကျချင်တယ်... အဲဒါ တကယ်ပဲလားဗျ

moonloverster: အင်း... သူဆုံးသွားပြီးနောက်

me: ဒါဆို ခင်ဗျားမှာ ကလေးလည်းရှိတာပေါ့

moonloverster: ရှိပါတယ်

me: အော်

me: ကျွန်တော်က ခင်ဗျားကို ကျွန်တော်တို့နဲ့ ရွယ်တူထင်နေတာဗျ :)

Tuesday, June 2, 2009

ချစ်သူဟောင်း၏ အမြင်သစ်

ကျမကို ချစ်သူအဟောင်းက ဘယ်လိုများ ရှေ့လျှောက် အနာဂတ်မှာ ဆက်ဆံမှာလဲ... ဘယ်လို သဘောထားပြီး ဘယ်လို တုန့်ပြန်မလဲ သိလို ပါတယ်... သိလိုပါတယ်.. အခု လက်ရှိမှာတော့ အဆက်အဆံ လုံးဝ မရှိပါ... သို့ သော် မလွဲမရှောင်သာ ထပ်မံ ဆုံတွေ့ ပတ်သတ်ရရင် သူ့ ဘက်က ဆိုးဆိုးဝါးဝါး ပြောဆိုဆက်ဆံတာ အမြင်မကြည်လင်တာတွေများ ရှိမှာလား သိချင်ပါတယ်... ပြေပြေလည်လည် မိတ်ဆွေများလို ဆက်ဆံနိုင်ဖို့ မျှော်လင့်နေပါတယ်။

လေးစားစွာဖြင့်
မသီတာအေး


မသီတာအေးရှင်...
မသီတာအေးရဲ့ မေးခွန်းကိုဖြေရာမှာ ထူးထူးခြားခြား 3 ကဒ်စလုံးက မေဂျာကဒ်တွေ ပေါ်ထွက်လာပါတယ်။


The Hierophant + The Star + Judgement

Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာ

(ဒီပုံကို http://demonmisty.blogspot.com/ မှ ကူးယူ အသုံးပြုပါသည်။)

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့…
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ…
တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်…
တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား…
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်…
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံ့ ရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု…
မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏…
လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

(ဒေါ်အောင်ဆန်းစုကြည်)

ခင်တဲ့ သူငယ်ချင်းတွေက တိုက်တွန်းတာရယ်... ကျွန်ုပ်တို့ ကိုယ်တိုင်ကလည်း ဘာဖြစ်လာမလဲဆိုပြီး သိချင်စိတ်တွေရယ်နဲ့ ရိုးသားမှု အရင်းခံပြီး ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ပါသည်။

Thursday, May 28, 2009

ဝိုင်မာ chitthukoko နှင့် စကားစမြည် (၁)

moonloverster: မင်္ဂလာပါ ကိုအုပ်စိုး

me:
ဟုတ်ကဲ့... ဘယ်သူလဲ သိဘူး... ၀ိုင်မာက chitthukoko ဆိုတာလား

moonloverster:
ဟုတ်ကဲ့... ဗေဒင်မေးချင်လို့... အားမှနော်

me:
ရပါတယ် ဘာအကြောင်းမေးမလဲဗျ

moonloverster:
ဟုတ်ကဲ့၊ အချစ်အကြောင်း

me:
အော်... ခဏဗျာ... ကော်နက်ရှင် ကျနေတယ်။

moonloverster:
ဟုတ်ကဲ့၊

Wednesday, May 27, 2009

ကျွန်တော့်စာအုပ် လာပို့မပို့

`အစ်ကို... ကျွန်တော့်ကို တစ်ခုလောက်ကြည့်ပေးဗျာ´

`ဘာကြည့်ပေးရမှာလဲ ပြော...´

`ဒီလိုဗျာ... ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို စာအုပ်ငှားထားတာ အဲဒီစာအုပ်ကို ဒီည ပြန်လိုချင်နေတာ... အဲဒါ သူကျွန်တော့်ဆီ ပြန်ယူလာမလား မယူလာဘူးလား သိချင်လို့...´

`မင်း သူငယ်ချင်းနေတဲ့နေရာက ဝေးလို့လားဗျ´

`အဲ... သိပ်မဝေးပါဘူး အစ်ကိုရာ... ဒါပေမယ့် အဲဒီသွားရင် သူ့အခန်းဖော်နဲ့တွေ့မှာ သူ့ကို ကျွန်တော်က တွေ့ချင်တာ မဟုတ်ဘူး... တော်တော့်ကို ကွိုင်ရှာတာ...´

`နေပါဦး... သူလာမပို့ဘူးဆိုရင် မင်းက ဘာလုပ်မှာလဲ´

`သူ့အခန်းသွားယူရတော့မှာပေါ့ အစ်ကိုရာ...´

`ဟာ... ဟေ့ကောင်... မင်းကွာ... မင်းဟာမင်း သွားယူရင်ရရဲ့သားကို ငါ့လာပြဿနာလုပ်နေတယ်´

`မဟုတ်ဘူးလေ အစ်ကိုရ... အစ်ကိုက တွက်ကြည့်လို့မှ လာမပေးဘူးဆိုရင် ကျွန်တော်က သွားရမှာ... လာပေးမယ်ဆိုရင် ကျွန်တော်က သွားစရာ မလိုတော့ဘူး...´

`ဟာ... ဟေ့ကောင်... မင်းဟာက မဟုတ်သေးပါဘူးကွာ၊ တော်ပြီ တွက်မပေးဘူး´

`အစ်ကိုကလည်းဗျာ... အချင်းချင်းတွေ သိပ်ဈေးကိုင်တာပဲ´

`တော်တော်... မင်းဟာမင်းသွားယူစမ်းကွာ... ရှင်းနေတာကို တော်တော်ရှုပ်အောင် လုပ်ချင်တဲ့ကောင်...´


အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

Tuesday, May 26, 2009

အခန်းကိစ္စ

ကျတော်အခု တက်တဲ့ကျောင်းမှာ ငှာနကထောက်ပံ့တဲ့ အဆောင်တစ်ခုမှာ နေရပါတယ်။ စာသင်နှစ် တစ်ခုကုန်တိုင်း အခန်းပြောင်းနေရပါတယ်။ အခုအဲဒီအဆောင်မှာ ငှာနက ထောက်ခံစာမပို့လို့ အဆောင်က ဆက်မထားချင်ဘူး ဖြစ်နေပါတယ်။ အခန်းပြောင်းရတော့လည်း ဒီပြင့်လူတွေနဲ့ မျှနေရပါတယ်။ ငှာနကို သွားပြောတော့ ကျတော်နေဖို့ သက်တမ်းစေ့သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကူညီပေးမယ်လို့ပြောပါတယ်။ အဲဒါ ဘယ်လို ဖြစ်မလဲဆိုတာ အရမ်းသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားစွာဖြင့်
ကိုရဲလေး

ကိုရဲလေးရဲ့ မေးခွန်းက နည်းနည်းရှုပ်နေတော့ နားလည်သလိုပဲ နားလည်ပြီး ဖြေရှင်းပေးပါမယ်။ အဲဒီအတွက် သုံးကတ်ဆွဲနည်းနဲ့ပဲ လီနော်မန်ကတ်ပြားသုံးကတ်ကို ဆွဲကြည့်လိုက်ပါတယ်။ ကံကြမ္မာက ပေးလာတဲ့ ကတ်ပြားသုံးချပ်ကတော့ အောက်ကအတိုင်းပါ။


Birds + Cross + Clover

Monday, May 25, 2009

သူငယ်ချင်းတစ်ယောက်နဲ့ စကားများမလို ဖြစ်နေတာ

ကျနော် သူငယ်ချင်းတစ်ယောက်နဲ့ စကားများမလိုဖြစ်နေတယ်။ သူကကျနော့်ကို တွေ့ရင်ရှင်းမယ်ဆိုပြီး ဒီပြင့်သူငယ်ချင်းတစ်ယောက်က တဆင့်ပြောတာကို ကြားရတယ်။ သူနဲ့ ဖုန်းပြောတဲ့အခါမှာလည်း တောတော်ဒေါသထွက်နေတာကို တွေ့ရပါတယ်။ အဲဒါ သူနဲ့ သွားမတွေ့ရဲဘူးဖြစ်နေတယ်။ ဒါပေမယ့်လည်း သွားတွေ့ရမှာဖြစ်နေပြန်တယ်။ ဒါကြောင့် သွားတွေ့ရင် ဘယ်လိုမျိုး ဆက်ဖြစ်မလဲ ဆိုတာ သိချင်ပါတယ်။

လေးစားစွာဖြင့်
ကိုအောင်သိန်း

မတွေ့ရဲတဲ့သူကို သွားတွေ့ရမယ့် ကိုအောင်သိန်းရဲ့ အဖြစ်က လမိုက်ညမှာ သင်္ချိုင်းနား ဖြတ်လျှောက်ရသလိုပဲ နေမှာနော်... အဲဒီတော့ အဲလို `သွားတွေ့ရင် ဘယ်လိုမျိုးဖြစ်မလဲ´ ဆိုတဲ့ ကိုအောင်သိန်းရဲ့ အမေးကိုဖြေဖို့ လီနော်မန်ကတ်ပြား သုံးကတ်ကို ဆွဲထုတ်ကြည့်လိုက်ပါတယ်။ အောက်ကအတိုင်း ကျလာပါတယ်။


Fox + Child + Scythe

Saturday, May 23, 2009

မိတ်ဆက်ခြင်း


မင်္ဂလာပါ။ ကျွန်ုပ်တို့သည် ဗေဒင်နှင့် ကံကြမ္မာဖတ်ခြင်းကို ၀ါသနာ ပါသူများ ဖြစ်ပါသည်။ ထို့အတူ ကျွန်ုပ်တို့ လေ့လာသိရှိသမျှ တတ်ကျွမ်းသမျှ ပညာတို့ကို မျှဝေအသုံးချပြီး စေတနာ ရှေ့ထားကာ တားရော့ (Tarot) နှင့် လီနောမန် (Lenormand) နှင့် အခြား ဗေဒင်ဆိုင်ရာ ပညာရပ်များကို မျှဝေ ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ဆောင်းပါးများနှင့် ပတ်သက်ပြီး မရှင်းလင်းသည်များ၊ နားမလည်သည်များကို မေးလ်မှတဆင့် မေးမြန်းနိုင်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
စီစဉ် ဖန်တီးသူများ




ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။