Wednesday, May 12, 2010

မာလင်နှင့် စကားစမြည်


(Source: http://startheory.files.wordpress.com/2010/02/merlin-rick-wakeman1.jpg)

မာလင်... “ဒီမှာ...”

အုပ်စိုး... “ခင်ဗျား၊ ဘယ်သူလဲဗျ”

မာလင်... “ငါ၊ မာလင်လေကွာ...”

အုပ်စိုး... “ဗျာ... မာလင်၊ ဟုတ်လား...”

မာလင်... “ဟုတ်တယ်...”

အုပ်စိုး... “အင်း၊ ဒါကြောင့် ဖဲထုပ်ထဲမှာ မြင်ဖူးပါတယ်လို့...”

မာလင်... “မင်းမြင်ဖူးတာ မမြင်ဖူးတာ ထားကွာ၊ မင်းရေးထားတာ မဟုတ်လို့ လာပြောတာ”

အုပ်စိုး... “ဗျာ... ဘာမှားလို့လဲ...”

မာလင်... “မာလင်ရဲ့ တားရော့ ဆိုတော့ ငါ့ တားရော့ထုပ်ကြီး ဖြစ်နေတာပေါ့...”

Tuesday, May 11, 2010

တားရော့နှင့် မေးခွန်းမေးခြင်း



R. T. Kaser ရေးတဲ့ Tarot in Ten Minutes ဆိုတဲ့ စာအုပ်လေးမှာပါတဲ့ မေးခွန်းမေးတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ လေးတွေပါ။ အဲဒီမှာ ပြောပြထားတာက မေးမြန်းတဲ့ မေးခွန်းအပေါ်လိုက်ပြီး တားရော့ ဖဲထုပ်တစ်ထုပ်လုံးကို မသုံးဘဲ လိုအပ်သလောက် ကတ်ကို ဆွဲထုတ်ပြီး မေးမြန်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ တားရော့ ဖဲထုပ်မှာ ဖဲချပ် ၇၈ ချပ်ရှိပါတယ်။ မေဂျာ ၂၂ ချပ်နဲ့ မိုင်နာ ၅၆ ချပ် ရှိပါတယ်။ အဲဒါကို အဲဒီစာအုပ်မှာ အမျိုးအစား ၉ မျိုး ခွဲခြားပြီး ပြပါတယ်။

The First 10 Trumps – For Questions about Wants and Needs
ပထမ မေဂျာကတ် ၁၀ ချပ်ဟာ
လိုချင်မှု၊ လိုအပ်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++

Sunday, May 9, 2010

မာလင်ရဲ့ တားရော့



ဒီနေ့ပဲ လက်ဆောင်ရပါတယ်။ Merlin Tarot လို့ အမည်ရပါတယ်။ လက်ဆောင်ပေးတဲ့လူက ကျွန်တော်နဲ့ အစ်မလို ခင်ရတဲ့ ဘလော့ဂါ မဆုမွန်ပါ။ သူတို့တွေကို လမ်းကြုံရင် တွက်ပေးလေ့ ရှိတာကြောင့် ဒီတစ်ခေါက် ကျွန်တော်တို့ မြို့ကို အလည်လာတဲ့အခါမှာ လက်ဆောင်ဝယ်ပေးခဲ့တာပါ။ ဖဲထုပ်တွေ အများကြီး ရှိနေတာတောင် အသစ်တစ်ထုပ်ရတာ အင်မတန်မှ ပျော်ရွှင်ကြည်နူးရပါတယ်။ သူဝယ်ပြီး လက်ဆောင်ပေးမယ် ပြောတော့လည်း အလွယ်တကူပဲ ခေါင်းငြိမ့်လိုက်ပါတယ်။ ဒီအပျော်တွေကို မျှဝေချင်လို့ပါ (ဒေါ်မိုးသူ မနာလိုဖြစ်စေရန် မဟုတ်ပါ)

ပေးတဲ့လူအကြောင်း မိတ်ဆက်ပြီးပြီ ဆိုတော့ ဖဲထုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တားရော့တွေကို အရူးအမူး ခင်တွယ်တဲ့ ကိုချမ်းမြေ့ဦး ကတော့ သဘောကျချင်မှ ကျပါမယ်။ မေဂျာကတ် ၂၂ ချပ်စလုံးကို နံပါတ်တွေ အကုန်ပြောင်းထားပါတယ်။ တစ်ချပ်မှ မကိုက်ပါဘူး။ ကတ်တွေရဲ့ အစီအစဉ်ကတော့ ဒီအတိုင်း ဖြစ်ပါတယ်။ (ဆြာခြမ်းရေ... လန်ထွက်လို့ ဒန်ခွက်နဲ့ ခေါက်သင့်တယ် ဆိုတာ ဒါမျိုးဖြစ်မယ်...)





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။