Wednesday, April 28, 2010

အန်အယ်လ်ဒီနဲ့ လီနော်မန်


မြန်မာပြည်ရဲ့ အထင်ကရ ပါတီ တစ်ခုဖြစ်တဲ့ အန်အယ်လ်ဒီ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ ကိစ္စဟာဖြင့် မြန်မာ့နိုင်ငံရေး လောကမှာ တော်တော်လေး လှုပ်ရှားမှု ဖြစ်စေခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့ နောက်မှာ အဲဒီအဖွဲ့အစည်းဟာ ဘာများ ဆက်ဖြစ်မလဲဆိုတာကို မိတ်ဆွေတစ်ယောက်က တနေ့က မေးပါတယ်။

ကျွန်တော်ဟာလည်း မည်သည့် ပါတီဝင်မှ မဟုတ်ပါဘူး။ ဒါလေးကို မှတ်တမ်းအနေနဲ့ရယ် လီနော်မန် လေ့လာသူတွေ သိစေဖို့ရယ် ရည်ရွယ်ပြီး ဖော်ပြရခြင်း ဖြစ်ပါတယ်။ မည်သည့်နေရာ ရပ်တည်မှုကနေ ဆုံးဖြတ်ထားခြင်း မဟုတ်ဘဲ လီနော်မန်ကတ်များ၏ နိမိတ်ပုံများအပေါ် ကျွန်တော့် ထင်မြင် ယူဆချက်များသာ ဖြစ်ပါသည်ဟု ဆိုပါရစေ။

ပထမဆုံး အတိတ်ကတ်မှာ... Book ဆိုတဲ့ စာအုပ်ပုံကျပါတယ်။ ဒါဟာ သိပ်မကြာခင်အတိတ်မှာ ပါတီဟာ လျှို့ဝှက်တဲ့ ကိစ္စရပ်တွေ သို့မဟုတ် စာရွက်စာတန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာကို ပြဆိုတာပါ။

လက်ရှိအနေနဲ့ လက်ဝါးကတ်တိုင် Cross ဆိုတဲ့ ကတ်ကျတာကဖြင့်... အခက်အခဲတွေရင်ဆိုင်ရခြင်း၊ ဒုက္ခခံစားရခြင်း ကံကြမ္မာကို စောင့်စားရမှာ ဖြစ်ခြင်း စတာတွေကို ဖော်ပြပါတယ်။ ပြီးတော့ လောလောဆယ် အဖြေမရှိတဲ့ အနေအထားမျိုးမှာ ရောက်နေတာကိုလည်း ဆိုလိုပါသေးတယ်။

အနာဂတ်အနေနဲ့ Rider ဆိုတဲ့ မြင်းစီးသူ ကတ်ကျပါတယ်။ ဒီကတ်ဟာ သတင်းစကား ကြားရခြင်းကို ရည်ညွှန်းသလို၊ တက်ကြွမှု၊ လှုပ်ရှားမှု စတာတွေကိုလည်း ရည်ညွှန်းပါတယ်။ ဒီတော့ အဆိုပါ ပါတီဟာ တက်ကြွတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေဦးမယ်လို့ ယူဆရပါမယ်။

အဖြေအနေနဲ့ ထွက်လာတဲ့ ကတ်မှာ Star ဆိုတဲ့ ကြယ်ကတ်ကျပါတယ်။ ဒါဟာ မျှော်လင့်ချက်တွေ၊ စိတ်ကူးတွေ၊ စိတ်ချမ်းသာခြင်းတွေကို ပြဆိုပါတယ်။ ဒါကို အနာဂတ် ကတ်ပြားနဲ့ ပေါင်းစပ် ဖွင့်ဆိုရရင်ဖြင့် (Rider + Star) စိတ်ချမ်းသာတဲ့ လှုပ်ရှားမှုတွေလို့ ယူဆရမှာဖြစ်ပါတယ်။ ဒါကြောင့် မျှော်လင့်ချက်တွေ အပြည့်နဲ့ နိုင်ငံရေးအသွင်ကနေ လူမှုရေးအသွင်သဏ္ဍာန်မျိုး လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ ထင်မြင်မိပါတယ်။

Attitude နေရာမှာ Clover ဆိုတဲ့ လေးညှင်းပန်းပွင့်ကျခြင်းဖြင့် ပါတီဟာ ဆက်လက်ပြီး ကောင်းမွန်တဲ့ အခြေအနေတွေ၊ အခွင့်သာတဲ့ ကံတရားတွေကို မျှော်လင့် တွေးတောနေတာကို ပြဆိုပါတယ်။ ဒီကတ်အရ ပါတီဝင်အများစုမှာ မျှော်လင့်ချက်တွေ မခန်းသေးဘူး ဆိုတာကို သိရှိနိုင်ပါတယ်။

Surrounding ဆိုတာဟာ ပါတီနဲ့ ပတ်သက်နေတဲ့ ပတ်ဝန်းကျင်က အတိုက်အခံအဖွဲ့စည်းကို ကိုယ်စားပြုတာပါ။ အဲဒီမှာ Anchor ဆိုတဲ့ ကျောက်ဆူးကတ်ပြား ကျပါတယ်။ ဒါဟာ ဘာကိုဆိုလိုလဲဆိုရင်ဖြင့် သူတို့ရဲ့ ပြိုင်ဘက်တွေဟာ အခြေတကျ ဖြစ်နေခြင်း၊ ခြေကုတ်ကောင်းကောင်း ယူထားနိုင်ခြင်းကို ပြဆိုတာပါ။

အနှစ်ချုပ် Summary ကတ်မှာ Crossroads ဆိုတဲ့ လမ်းဆုံလမ်းခွ ကတ်ပြား ကျပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် ပါတီဟာ ဆက်လက်ပြီး ရွေးခြယ် ဆုံးဖြတ်စရာတွေနဲ့ ရင်ဆိုင်ရဦးမယ် ဆိုတာကို သိရှိနိုင်ပါတယ်။

အားလုံးကို ခြုံပြီး ပြောရရင်ဖြင့် လောလောဆယ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အန်အယ်လ်ဒီ ပါတီဟာ အနာဂတ်မှာ လူမှုရေးအသွင် လှုပ်ရှားမှု၊ တက်ကြွမှုတွေကို လုပ်ဆောင်မှာ ဖြစ်ပြီး ရွေးခြယ်ဆုံးဖြတ်စရာ အနေအထားတွေ တစ်ခုမက ဆက်လက်တွေ့ကြုံလာမယ်လို့ ဆိုပါရစေ။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက် အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။