Monday, January 18, 2010

ကိုအမောင်ပခန်း အတွက် လီနော်မန် တစ်သက်စာ

အနာဂတ် ရပ်တည်မှုအတွက် လီနော်မန် ကတ်ပြားတွေနဲ့ တစ်သက်တာ အမြင်လေး ဖတ်ရှုပေးဖို့ တောင်းဆိုလာတဲ့ ကိုပခန်းအတွက် တွက်ချက်လိုက်ပါတယ်။ သူငယ်ချင်း မမိုးသူက သူ့ပို့စ်မှာ ပြောခဲ့သလိုပါပဲ ဒါဟာလည်း ကျွန်တော် လီနော်မန် ကတ်တွေနဲ့ ခပ်ဝေးဝေးကို ပထမဆုံး တွက်ချက်ကြည့်ခြင်း ဖြစ်ပါတယ်။ အဲဒီတော့ လိုအပ်ချက်များ ရှိခဲ့ရင်ဖြင့် နားလည် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။

ဒီမှာ အသုံးပြုတဲ့နည်းကို မြင်းခွာပုံ ဖြန့်ကျက်နည်း (Horse Shoe Spread) လို့ ခေါ်ပါတယ်။ ကတ်ပြား ၇ ချပ်ကို အသုံးပြုပြီး ဟောကြားတဲ့ နည်းဖြစ်ပါတယ်။ ကိုပခန်းရဲ့ ကံကြမ္မာကို တွက်ချက်ဖို့ ဖြန့်ကျက်လိုက်တဲ့ အခါမှာ ကျလာတဲ့ ကတ်ပြား ၇ ချပ်ကတော့ အောက်က အတိုင်းဖြစ်ပါတယ်။



Past - Fish xxxxxxxxxxxxxxxxxxxxxxxx Outcome - Tree

Present - Letter xxxxxxxxxxxxxxxxx Attitude - Fish

Future - Book xxxxxxxxx Surrrrounding - Snake

Summery - Bear




၁) အတိတ်ကတ်ပြားအနေဖြင့် လမင်း Moon ဆိုတဲ့ ကတ်ပြားကျပါတယ်။ ညအချိန်နဲ့ လမင်းကို ကိုယ်စားပြုတဲ့ ဒီကတ်ပြားဟာ စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ကတ်ပြားဖြစ်သလို၊ Psychic Ability လို့ ခေါ်တဲ့ စိတ်ပညာရပ်တွေနဲ့ ပတ်သက်ပါတယ်။ ဒီကတ်အရ ကိုပခန်းဟာ အတိတ်မှာ ဂမ္ဘီရပညာရပ်တွေနဲ့ ရင်းနှီးခဲ့တာကို ပြဆိုပါတယ်။







၂) အခုလောလောဆယ် ပစ္စုပ္ပန်ကတ်ပြား Letter အရ ကိုပခန်းဟာ စာ၊ အီးမေးလ် စသည်ဖြင့် အဆက်အသွယ်တွေနဲ့ ပတ်သက်တဲ့ အလုပ်ကို လုပ်နေရခြင်း (သို့မဟုတ်) စာရွက်စာတမ်း၊ ရုံးကိစ္စ၊ Document, Data စသည်တို့နှင့် ပတ်သက်သော အလုပ်အကိုင်ကို လုပ်ကိုင်နေရခြင်းကို ပြဆိုပါတယ်။







၃) ကိုပခန်းရဲ့ အနာဂတ်ကို ကိုယ်စားပြုတဲ့ Book ဆိုတဲ့ စာအုပ် ကတ်ပြားက အသိပညာနဲ့ လျှို့ဝှက်နက်နဲမှု၊ ဆန်းကြယ် ပြည့်ဝမှုတွေကို ပြဆိုနေပါတယ်။ ဒါကြောင့် ကိုပခန်းဟာ ရှေ့အနာဂတ်မှာ ဂမ္ဘီရ အတတ်ပညာတွေကို ဆက်လက်သင်ယူ ဆည်းပူးရမယ်လို့ ညွှန်းဆိုပါတယ်။








၅) ဒီကတ်ပြားက Outer Surrounding ဆိုတဲ့ ပြင်ပကတ်ဖြစ်ပြီး ကိုပခန်းနဲ့ ပတ်ဝန်းကျင်ရဲ့ ဆက်နွှယ်မှုကို ပြဆိုတာပါ။ Snake ဆိုတဲ့ ကတ်ပြားအရ ကိုပခန်းဟာ မြွေတစ်ကောင်လို တခြားလူတွေက မိမိကို မထိခိုက်ရင် ပြန်မတုန့်ပြန်တတ်တဲ့ မဟုတ်မခံ လူစားမျိုးပါ။ ဒီမြွေကတ်ပြားအရ ကိုပခန်းနဲ့ ပတ်ဝန်းကျင်ကြားမှာ အကောက်ကြံခြင်း၊ မနာလိုတတ်ခြင်း ရှိတာကိုလည်း ပြဆိုပါတယ်။ နောက်ပြီး ဒီကတ်အရ ပတ်ဝန်းကျင်က လူတွေ ကိုပခန်းကို အသုံးချနေတာကိုလည်း ပြဆိုပါတယ်။




၆) ဒီကတ်ဟာ Inner Attitude ဆိုတဲ့ အတွင်းစိတ်ဖြစ်ပါတယ်။ မိမိစိတ်ထဲမှာ ဖြစ်နေတဲ့ မျှော်လင့်ချက်၊ အိပ်မက် စတာတွေကိုလည်း ပြဆိုပါတယ်။ Fish ဆိုတဲ့ ကတ်ပြားက ငွေကတ်ပြားပါ။ Money is Energy လို့ ဆိုရလောက်အောင် ကိုပခန်းရဲ့ မျှော်လင့်ချက်၊ စိတ်ကူးတွေထဲမှာ ငွေကြေးက ရာနှုန်းတော်တော်များများ ပါဝင်တာကို ပြဆိုနေတာပါ။ ဒီကတ်အရ ကိုပခန်းဟာ ငွေကြေးကို ကောင်းစွာ အသုံးချတတ်သူလို့လည်း သတ်မှတ်နိုင်ပါတယ်။





၇) Outcome လို့ သတ်မှတ်ထားတဲ့ ဒီကတ်ဟာ အထက်က နံပါတ် ၃ ပစ္စုပ္ပန်ကတ်နဲ့ တွဲကြည့်ရပါတယ်။ Tree of knowledge, Tree of life စတဲ့ စကားလုံးတွေလိုပါပဲ။ Tree ဆိုတဲ့ သစ်ပင် ကတ်ပြားဟာ အမြစ်တွယ်မှုကို ပြဆိုပါတယ်။ ဒီကတ်အရ ကိုပခန်းဟာ Book ကတ်ပြားက ညွှန်းဆိုတဲ့ ဂမ္ဘီရပညာတွေနဲ့ ဆက်လက် အမြစ်တွယ်ပြီး လေ့လာရှင်သန် နေဦးမယ်လို့ အဓိပ္ပာယ် ကောက်ယူရပါမယ်။






၎) ဒီကတ်ပြားကို Summery ကတ်လို့ သတ်မှတ်သလို Answer ကတ်လို့လည်း သတ်မှတ်နိုင်ပါတယ်။ ဒီကတ်ကို နံပါတ် ၇ ကတ်ပြားနဲ့ တွဲကြည့်ရပါတယ်။ Bear ဆိုတဲ့ ၀က်ဝံကတ်ပြားဟာ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိတာကို ပြဆိုတဲ့ အပြင် အခြားသူတွေကိုပါ ကူညီ ထောက်ပံ့နိုင်တာကို ပြဆိုပါတယ်။ ဒီကတ်ဟာ ငွေကြေးနဲ့လည်း သက်ဆိုင်ပါတယ်။ နံပါတ် ၇ သစ်ပင်ကတ်ပြားနဲ့ ပေါင်းစပ်ကြည့်မယ်ဆိုရင် ကိုပခန်းဟာ ငွေကြေး၊ ယုံကြည်ချက်အပြည့်နဲ့ ဘ၀ကို လျှောက်လှမ်းနေသူ ဖြစ်ပြီး လူအများကိုလည်း ဂမ္ဘီရ ပညာတွေနဲ့ ကူညီနေသူလို့ ယူဆရပါမယ်။



အားလုံးကို ခြုံငုံပြီး ပြန်သုံးသပ်ရရင်ဖြင့် ကိုပခန်းရဲ့ ဘ၀ဟာ ငွေကြေး ဂမ္ဘီရ အဲဒီနှစ်မျိုးနဲ့ အဓိက ပတ်သက်နေပြီး နက်နဲဆန်းကြယ်သော ပညာများကို စိတ်ဝင်စားသူ၊ လူအများကို ကူညီတတ်သူ၊ မဟုတ်မခံတတ်သူလို့ ကောက်ချက်ချရ ပါလိမ့်မယ်။


ကိုပခန်းရေ... အကို့တိုက်တွန်းချက်အရ တွက်ကြည့်လိုက်တာပါ။ လိုအပ်တာတွေကို ဖြည့်စွက် အကြံပြုပါလို့ တောင်းဆိုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

1 comment:

  1. အဟောလေးအတွက် ကျေးဇူးအထူးတင်မိပါတယ် အစ်ကိုရေ။
    ကျွန်တော့်ဝါသနာ ကျွန်တော့်စရိုက်နဲ့ အလွန်ပဲ ကိုက်ညီတယ်လို့ ခံစားမိပါတယ်။
    နောက်နောင်မှာလည်း မိမိကိုယ်ကို ယုံကြည်လေးမြတ်ရင်း ပတ်ဝန်းကျင်ကိုပါ "ရုန်းရင်းကယ်" ဆိုသလို ကြိုစား ကူညီသွားလိုစိတ်များလည်း တိုးပွားခံစားလာမိပါတယ်။
    ယုံကြည်ရာ ရွက်လွင့်ကြတာပေါ့ အစ်ကိုရယ်...
    လေးစားလျှက်
    ကိုပခန်း

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။