Monday, January 25, 2010

လီနော်မန် လေ့လာမယ် ဆိုရင်


ပြင်သစ် စစ်ဗိုလ်ချုပ် နပိုလီယန်တောင် ဒေါ်လီနော်မန်ကို လာတိုင်ပင်သတဲ့
(Source: http://marygreer.files.wordpress.com/2008/04/mlle-lenormand-and-napoleon_3.jpg)

မနေ့က မိတ်ဆွေတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တာလေးကို အားလုံးလည်း သိရအောင် နည်းနည်း edit လုပ်ပြီး ပြန်မျှလိုက်တာပါ။

Nyi: အကို လီနော်မန် လေ့လာမယ် ဆိုရင် ဘယ်ကနေ စရမှာလဲ

me: အင်း... ပထမဆုံး လီနော်မန် ဖဲထုပ်တစ်ထုပ် ရှိဖို့တော့ လိုမယ်။

Nyi: ဟုတ် အကို၊ ဖဲထုပ်ကို ဘယ်မှာ ၀ယ်ရမှာလဲ...

me: အော်... အင်တာနက်မှာ ရှာဝယ်လို့ ရတယ်၊ Ebay တို့ Amazon တို့မှာလေ

Nyi: ဘယ်လို ဖဲထုပ်က သင့်တော်လဲ အကို

me: ကျွန်တော်တို့ လီနော်မန်ဟောတဲ့သူတွေ အသုံးများတာက Blue Owl Lenormand ဆိုတာရယ်... Mystical Lenormand ဆိုတာရယ်ဗျ။

Nyi: ဟုတ်ကဲ့

me: Mystical Lenormand ဆိုတာ ဟိုရက်က ကျွန်တော့် သူငယ်ချင်း လက်ဆောင် ၀ယ်ပို့လိုက်တဲ့ ဖဲထုပ်မျိုးလေ၊ ဘလော့ဂ်မှာတောင် ပျော်လွန်းလို့ ပို့စ်တင်ထားသေးတယ်။

Nyi: ဟုတ်၊ ဖတ်ရတယ် အကို၊ အဲဒါ ဖတ်ပြီး သိချင်လို့ လာမေးတာ

me: အဲလို ဖဲထုပ်ဝယ်လိုက်ရင် အထဲမှာ Instruction Booklet ဆိုတဲ့ အညွှန်းစာအုပ်လေးပါ ထည့်ပေးတာ များတယ်၊ အဲဒီမှာ ကတ်ပြားတွေရဲ့ အဓိပ္ပာယ်တွေ၊ ကတ်ဖြန့်ကျက်ပုံ တချို့ကို ပြောပြထားတယ်။

Nyi: ဟုတ် အကို

me: အဲဒါလေးနဲ့ တွဲလေ့လာပြီး ဟောပေါ။ ဒါပေမယ့် အဲဒါနဲ့ မပြီးသေးဘူးဗျ။

Nyi: ဟုတ် ဘာဆက်လုပ်ရတာလဲ အကို

me: အဓိကက ဟောတဲ့အခါ မှန်ဖို့လေ

Nyi: ဟုတ်ကဲ့

me: အဲဒီတော့... လီနော်မန်ကတားရော့လိုပဲဗျ။ ဖဲထုပ်ကို ၀ယ်ပြီးရင် ကိုယ်နဲ့ ရင်းနှီးအောင် လုပ်ဖို့ လိုတယ်။

Nyi: ဟုတ်၊ ဘယ်လို လုပ်ရမလဲ အကို

me: ရင်းနှီးအောင် လုပ်တဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ နှစ်မျိုး စလုံးကို လုပ်ဖို့ လိုတယ်ဗျ။ ပထမ တစ်မျိုးက အပြင်ပန်း သိကျွမ်းခြင်း ဆိုတဲ့ Card Meanings ဆိုတဲ့ ကတ်ပြား အဓိပ္ပာယ်တွေကို အရကျက်တဲ့ နည်း၊ အညွှန်းစာအုပ်လေးမှာ ပါတဲ့ အဓိပ္ပာယ်တွေကို ကျက်တာပေါ့...

Nyi: နောက်တခုက

me: နောက်တစ်ခုကတော့ အတွင်းစိတ်ဖြင့် သိကျွမ်းခြင်း ဆိုတဲ့ ကတ်ပြားတွေကို ခေါင်းအုံးအောက်မှာ ခုအိပ်တာ၊ သွားလေရာ ကိုယ်နဲ့မကွာ သယ်ဆောင်သွားတာတွေ

Nyi: ပြီးတော့ကော

me: အဲဒါတွေ ပြီးတဲ့အခါမှာ ဖဲထုပ်ကို ဗူးလေး တစ်ဗူးမှာ သေချာထည့်ပြီး ပ၀ါနဲ့ ထုပ်ထားရမယ်။ ပ၀ါအရောင်က အပြာရောင်၊ အနက်ရောင်တို့ဆို ပိုကောင်းတာပေါ့။ အမွှေးနံ့သာ စတာတွေဖြန်ထားမယ်ဆို ပိုကောင်းတယ်။ ပြီးတော့ အသုံးပြုမယ့်အခါ လက်ကို သန့်ရှင်းစွာ ဆေးကြောပြီးမှ အသုံးပြုမယ်ဆို ပိုကောင်းမယ်။

Nyi: အကို လုပ်ရမှာတွေကလဲ များလိုက်တာ

me: ဘာ... ဘာဖြစ်လို့လဲ

Nyi: ကျနော်က ကတ်ပြား အဓိပ္ပာယ်တွေ လောက်ပဲ ကျက်ပြီး ဟောချင်တာ၊ အဲလိုတွေ အများကြီး မလုပ်ချင်ဘူး

me: ဘယ်လိုဗျ

Nyi: အကို စိတ်ဆိုးသွားလား မသိဘူး၊ မေးပြီးတော့မှ မလုပ်ဘူးဆိုတော့

me: အော်၊ မဆိုးပါဘူးဗျ၊ သဘာဝမကျလို့ပါ။

Nyi: ဘယ်လို သဘာဝမကျတာလဲ

me: အော် Logical မကျဘူး ဆိုတာကို ပြောတာ ဒီမှာလေ... ခင်ဗျားက အဓိပ္ပာယ်တွေ ကျက်မယ် ဆိုလို့ပါ။

Nyi: ဟုတ် အကို

me: ဥပမာ ပထမဆုံးကတ် Rider ဆိုပါတော့ အဲဒါက News, Movement စတဲ့ သတင်းစကား ကြားခြင်း၊ လှုပ်ရှားတက်ကြွခြင်း စတာတွေလို့ ဆိုတယ်၊

Nyi: ဟုတ်ကဲ့

me: အဲဒါကို ခင်ဗျားဝယ်လိုက်တဲ့ ဖဲထုပ်ထဲက စာအုပ်ထဲမှာလည်း ပါမယ်။ မပါရင်လည်း အင်တာနက်မှာ Lenormand Card Meaning ဆိုပြီး Google မှာ ရိုက်ရှာရင် အများကြီးပဲ တွေ့မှာ

Nyi: ဟုတ် အကို၊ အဲဒါနဲ့ သဘာဝမကျဘူးဆိုတာ

me: အော် ဒီလိုလေ... Rider = News, Movement ဆိုတာကို ဘယ်သူက ပြောလို့ ခင်ဗျားက အလွတ်ကျက်ရတာလဲလို့

Nyi: ဘယ်လို၊ မရှင်းဘူး အကို

me: ဒီလိုလေဗျာ၊ အဲဒီကတ်ပြားဟာ သတင်းစကား ကြားခြင်း၊ လှုပ်ရှားပြောင်းလဲခြင်း ဆိုတာကို ဘယ်သူက သတ်မှတ်ထားလို့ ခင်ဗျားက ယုံရတာလဲ၊ ဘုရားသခင်က သတ်မှတ်ထားတာလား၊ ဗုဒ္ဓရှင်တော်ကလား

Nyi: အကိုကလည်း နောက်နေပြန်ပြီ၊ အကိုတို့ပဲ ဟောတာလေ

me: အေးလေ၊ အဲဒါကို ပြောတာ၊ Rider ဆိုတာကို Loss, Trouble စတဲ့ ဆုံးရှုံးခြင်း ဒုက္ခရောက်ခြင်းဆိုပြီး ဘာလို့ မပြောလဲ၊ ဖြစ်ချင်တာ ဖြစ်နိုင်တာပဲလေ

Nyi: ဟုတ်ကဲ့

me: အင်း၊ ဘယ်လို ပြောရမလဲဆိုတော့ ယုံကြည်မှုလေ၊ အဲဒီကတ်ကို `သတင်းစကား ကြားခြင်း´ လို့ မူလတီထွင်သူက ပြောတယ်၊ အဲဒါကို ကျွန်တော်က ယုံကြည်တယ်။ အဲဒီ ယုံကြည်မှုနဲ့ ခင်ဗျားအတွက် ကံကြမ္မာကို ဟောတယ်။ ဒါပဲလေ

Nyi: ဟုတ် အကို၊ နည်းနည်းတော့ သိလာသလိုပဲ

me: မူလ တီထွင်သူလို့ ပြောတာထက် ရှေးအစဉ်အဆက်က လိုက်နာခဲ့တဲ့ လက်ခံခဲ့တဲ့ ထုံးတမ်းစဉ်လာလို့ ပြောရင် ပိုမှန်မလားပဲ

Nyi: ဟုတ်

me: အဲဒီတော့ ခုနကတုန်းက ကျွန်တော် ခင်ဗျားကို ပြောတာတွေကလည်း အဲလိုပဲ၊ ရှေးအစဉ်က လက်ခံလာတာ၊ ခေါင်းအုံးအောက် ထားအိပ်ရမှာတို့ ဘာတို့၊ အဲဒီတော့ ခင်ဗျားဟာ ကတ်ပြားတွေရဲ့ meaning ကို ကျက်နေပြီဆိုကတည်းက ခုနက ဟာတွေကိုလည်း တတ်နိုင်သလောက်တော့ လုပ်သင့်တာပေါ့။

Nyi: ဟုတ်ကဲ့ အကို၊ သဘောပေါက်သလို ရှိလာပါပြီ

me: အဲဒါတွေကို လုပ်တာ အလဟဿ မဖြစ်ပါဘူးဗျ။ အရာအားလုံးက အကြောင်းရှိလို့ အကျိုး ဖြစ်လာတာတွေပဲလေ မဟုတ်ဘူးလား။ ကျွန်တော်တို့က သိလို့ စဉ်းစားဆင်ခြင်နိုင်လို့ လက်ခံနိုင်တာ ရှိသလို၊ လက်လှမ်းမမီလို့ ကိုယ်တိုင် မတွေ့ကြုံရလို့ လက်မခံဘူးကွာလို့ အရမ်းကာရော ပြောဖို့ကျတော့ ခက်တယ်ဗျ။

Nyi: ဟုတ်ကဲ့ အကို၊ ကျွန်တော် လိုက်နာပါမယ်

me: ခင်ဗျားကို အတင်း မလုပ်ခိုင်းပါဘူး၊ မလုပ်ခင် ကျိုးကြောင်း ဆီလျော်မလျော် စဉ်းစားသင့်တာ လူ့သဘာဝပဲလေ။ ကျွန်တော်လည်း ဖဲဗေဒင်တွေ စလေ့လာတုန်းက ခင်ဗျားလိုမျိုး တွေးဖူးတာပဲ။

Nyi: ဟုတ်ကဲ့

me: ခေါင်းအုံးအောက် ထားအိပ်တော့ ဘာဖြစ်မှာလဲပေါ့၊ အမှန်က ခေါင်းအုပ်အောက် ထားတယ် ဆိုကတည်းက သူ့ကို ခင်ဗျားက တန်ဖိုးထားတယ် ဆိုတာ ပြတာပဲလေ။ တန်ဖိုးထားတယ် ဆိုကတည်းက ခင်ဗျား သူ့ကို ဖြစ်သလို မလုပ်တော့ဘူး။

Nyi: ဟုတ်ကဲ့ အကို

me: ဥပမာဗျာ... ခင်ဗျား ချစ်သူရဲ့ ဓာတ်ပုံလေးကို ခေါင်းဦးအောက် ထားသလိုပေါ့၊ ဒီဟာကတော့ ချစ်သူဓာတ်ပုံထားတာထက်တော့ ပိုတယ်။ ယုံမယုံတော့ မသိဘူး ကတ်တွေကို စောင့်တဲ့ နတ်တို့ အရှင်သခင်တို့ ရှိတယ်။ အဲဒီတော့ အကျိုးဆက်အားဖြင့် ခင်ဗျား ဟောတဲ့အခါ ပိုမို မှန်ကန်အောင် ဖန်တီးပေးတယ်။

Nyi: ဟုတ်ကဲ့ အကို

me: ဒါက မမြင်ရဘူးဆိုတော့ ထားလိုက်၊ မြင်ရတာကို ပြောပြမယ်၊ ခင်ဗျားက သွားလေရာ ကတ်ပြားထုပ်ကို သယ်သွားတယ်ပေါ့၊ အကျိုးဆက်အားဖြင့်

Nyi: ဟုတ်

me: သွားလေရာ ပါတော့ သူ့ကို ခင်ဗျား ခဏခဏ ထုတ်ကြည့်မိမယ်၊ အဲဒီတော့ ကတ်ထဲက ပုံတွေနဲ့ ခင်ဗျားနဲ့ ရင်းနှီးလာမယ်။ ဟောတဲ့အခါ မစိမ်းတော့ဘူး၊ နောက်တစ်ခုက ခင်ဗျားမှာ အဲလို ဖဲထုပ်ပါတာကို သူငယ်ချင်း မိတ်ဆွေတွေက သိမယ်။ အဲဒီတော့ သူတို့က ခင်ဗျားကို တွက်ခိုင်းမယ်။

Nyi: ဟုတ်

me: အဲဒီအခါ ခင်ဗျား သူတို့ကို တွက်ချက်ပြဖို့ ကတ်အဓိပ္ပာယ်တွေက သိမှ ဖြစ်တော့မယ် မဟုတ်ဘူးလား

Nyi: ဟုတ်ကဲ့ အကို

me: အဲဒီအခါ ခုနက ခင်ဗျားလိုချင်နေတဲ့ ကတ်ပြားအဓိပ္ပာယ်တွေက အလိုလို ကျက်ပြီးသား မဖြစ်ဘူးလား၊ ခေါင်းအုံးအောက် ထားအိပ်တာလည်း အဲဒီ သဘောပဲ

Nyi: ဟုတ်ကဲ့

me: နောက်ပြီးတော့ ခုနက ဗူးနဲ့ ထည့်တယ်ပေါ့... တောင်းမှာ အကွပ်၊ လူမှာ အ၀တ်တဲ့။ ဖဲထုပ်ကို ခင်ဗျား အပြင်က ၀ယ်တယ်ဆို ပြဿနာ သိပ်မရှိဘူး၊ သူက ဗူးပါ ပါလာတယ်လေ

Nyi: ဟုတ် အကို

me: ကျွန်တော်ဆို အပြင်က ၀ယ်မရခင်ကဆို လိပ်စာကတ်တွေမှာ ပရင့်ထုတ်ပြီး သုံးရတာလေ၊ အဲဒီတော့ အဲဒီကတ်တွေ ထည့်ဖို့ ဗူးက လိုတာပေါ့၊ ဒီလောက် ကတ်ပြားတွေ အများကြီးကို ပိုက်ဆံအိပ်ထဲ ဘယ်လို ထည့်သယ်မှာလဲ။

Nyi: ဟုတ်ကဲ့ အကို သဘာဝကျပါတယ်

me: အဲလို ဗူးနဲ့ထားတော့ ခေါင်းအုံးအောက်ပဲ ထားအိပ်အိပ်၊ သွားလေရာ သယ်သယ် အဆင်ပြေပြီလေ၊ နောက်ပြီးတော့ ပ၀ါနဲ့ ခင်းတယ်ပေါ့၊ ခင်ဗျားက သွားလေရာ ဟောချင်ဟောမှာလေ။

Nyi: ဟုတ်ကဲ့

me: နို့မို့ဆို ဗေဒင်ဆရာ သွေးကြီးတယ် ပြောခံနေရမှာပေါ့။ အဲဒီတော့ ထမင်းစားပွဲပေါ်လည်း ဖြစ်ချင်ဖြစ်မှာလေ၊ တွေ့ကရာ စားပွဲ၊ တွေ့ကရာ နေရာတွေမှာ ခင်ဗျား ကတ်ပြားတွေ ချတော့ ပေကုန်မှာလေ၊ မညစ်ပေအောင် အခင်းလေး ခံလိုက်တယ် ဆိုတဲ့ သဘောပဲပေါ့။ မဟောခင် လက်ဆေးတယ် ဆိုတာလည်း ဒီသဘောပဲ အကုန်လုံးက လက်တွေ့ကျပါတယ်ဗျ။

Nyi: ဟုတ်ကဲ့ အကို ခု တော်တော် ရှင်းသွားပါပြီ၊ ပြဿနာ လုပ်တယ် မထင်ပါနဲ့ သိချင်လို့ပါ၊ ရေမွှေး ဖျန်းတာကျတော့

me: အင်း၊ ကျွန်တော့်အထင်ပြောရမယ်ဆိုရင်... ခင်ဗျား ရေမွှေးနံ့ မခံနိုင်ရင်တော့ တစ်ခုခုအစားထိုးရမယ် ထင်တယ်။ ရေမွှေးမှရယ် မဟုတ်ဘူး ထင်တယ်။

Nyi: ဟုတ်ကဲ့

me: ဒီလိုလေ... ဥပမာဗျာ၊ ကောင်မလေး နှစ်ယောက် ပေါ့၊ တစ်ယောက်က ရေမွှေးတွေ မွှန်ထူနေအောင် ဖြန်းထားတယ်။ တစ်ယောက်က ပုံမှန်ပဲ...။ အဲဒီနှစ်ယောက်က တစ်ယောက်ပြီးမှ တစ်ယောက် ခင်ဗျားထိုင်နေတဲ့ရှေ့ကနေ ဖြတ်သွားတယ် ဆိုပါတော့

Nyi: ဟုတ်ကဲ့၊ ဆက်ပြောပါ အကို၊ အင်တာနက် ကျသွားလို့ပါ

me: အဲဒီအချိန်မှာ ခင်ဗျားက ခေါင်းငုံ့ပြီး စာဖတ်နေတယ် ဆိုပါတော့၊ သူတို့လမ်းလျှောက်တာ ခြေသံလည်း မကြားဘူး ဆိုရင် ဘယ်သူ ဖြတ်သွားတာ ခင်ဗျား သိမလဲဗျ

Nyi: ရေမွှေး ဆွတ်ထားတဲ့ သူပေါ့ အကို

me: ဟုတ်တယ်၊ အဲဒါ ဘာဖြစ်လို့လဲ

Nyi: အဲဒါက... မသိဘူး အကို

me: အဲဒါ ခင်ဗျား အာရုံ သူ့ဆီ ရောက်သွားလို့ပေါ့ မဟုတ်ဘူးလား၊ ရေမွှေးနံ့ကြောင့် ခင်ဗျား အာရုံက အဲဒီ ကောင်မလေးဆီ ရောက်သွားတာ စာဖတ်တဲ့နေရာကနေ

Nyi: ဟုတ်ကဲ့

me: အဲဒီတော့ ဖဲထုပ်နဲ့ ဗေဒင်မဟောခင် အမွှေးနံသာ ဖျန်းလိုက်ခြင်းဖြင့် အဲဒီဟာက ခင်ဗျားရဲ့ အာရုံကို သူ့ဆီရောက်အောင် ဖန်တီးလိုက်ပြီလေ

Nyi: ဟုတ်ကဲ့ အကို၊ တော်တော် ရှင်းသွားပါပြီ၊ ရေမွှေး မခံနိုင်ရင်ကော

me: အဲဒါဆိုရင်တော့ အာရုံကို စုစည်းနိုင်ဖို့ တစ်ခုခု အသုံးပြုပေါ့၊ ခံစားနိုင်တဲ့ အာရုံ ငါးပါး ရှိတယ်လေ၊ အလွယ်ဆုံးက သီချင်းဖွင့်တာပေါ့၊ သီချင်းဆိုလို့ Hip Hop တို့ ဘာတို့ ပြောတာ မဟုတ်ဘူးနော်။

Nyi: ဟုတ်

me: ခု အင်တာနက်မှာ၊ youtube တို့ ဘာတို့မှာ အဲလို Music တွေ ရှာလို့ရတယ်။ Relaxing Music တို့ ဘာတို့ပေါ့၊ အဲဒါလေးတွေကို ဟောခါနီးမှာ ဖွင့်ထား အဲဒီတော့ သမာဓိပိုရတော့ ပိုဟောနိုင်တာပေါ့။

Nyi: ဟုတ်ကဲ့ အကို သဘောပေါက်ပါပြီ၊ ကျနော် အဆင်ပြေရင် ဖဲထုပ်ဝယ်ပါမယ်။ ခုလို ပြောပြတာ ကျေးဇူးပါပဲ

me: ဟုတ်ကဲ့၊ ရပါတယ်။ တစ်ခုတော့ နောက်ဆုံးသတိပေးချင်တယ်။ တစ်ခုတည်းပါ။

Nyi: ဟုတ်ကဲ့ အကို ပြောပါ

me: လူအများကြီးကိုဟောလည်း ရတယ်။ တစ်ယောက်တည်း ဟောလည်း ရတယ်၊ ဘယ်လို ဟောဟောပါ။ ဒါပေမယ့် အပျော် မဟောမိဖို့ ဆိုတာပါ။ အပျော်လာမေးတဲ့ လူတွေကို မဟောဖို့ပါပဲ။

Nyi: ဟုတ်ကဲ့

me: ကိုယ့်ပညာကို ကိုယ်တိုင် အလေးအနက်ထားရပါတယ်။ အဲဒါလေး သတိပေးတာပါ။

Nyi: ဟုတ်ကဲ့ အကို၊ ကျေးဇူးပါပဲ

me: ရပါတယ်ဗျာ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။