Wednesday, May 12, 2010

မာလင်နှင့် စကားစမြည်


(Source: http://startheory.files.wordpress.com/2010/02/merlin-rick-wakeman1.jpg)

မာလင်... “ဒီမှာ...”

အုပ်စိုး... “ခင်ဗျား၊ ဘယ်သူလဲဗျ”

မာလင်... “ငါ၊ မာလင်လေကွာ...”

အုပ်စိုး... “ဗျာ... မာလင်၊ ဟုတ်လား...”

မာလင်... “ဟုတ်တယ်...”

အုပ်စိုး... “အင်း၊ ဒါကြောင့် ဖဲထုပ်ထဲမှာ မြင်ဖူးပါတယ်လို့...”

မာလင်... “မင်းမြင်ဖူးတာ မမြင်ဖူးတာ ထားကွာ၊ မင်းရေးထားတာ မဟုတ်လို့ လာပြောတာ”

အုပ်စိုး... “ဗျာ... ဘာမှားလို့လဲ...”

မာလင်... “မာလင်ရဲ့ တားရော့ ဆိုတော့ ငါ့ တားရော့ထုပ်ကြီး ဖြစ်နေတာပေါ့...”

အုပ်စိုး... “အာ... ဟုတ်ဘူးလားဗျ၊ ခင်ဗျား မတိုင်ခင်ကတည်းက တားရော့က ရှိချင်ရှိနေမှာပေါ့...”

မာလင်... “ဟေ့ကောင်၊ သူ့ဘာသာ ရှိရှိ၊ ငါမှ တားရော့မဟောတာ မာလင်ရဲ့ တားရော့လို့တော့ မလုပ်စမ်းပါနဲ့...”
အုပ်စိုး... “အာ... ဒီလိုဆို... မာလင်၏ တားရော့... အာ... ဟုတ်ဘူး၊ မာလင်နှင့် ပတ်သက်သော...”

မာလင်... “ဟေ့ကောင်၊ ဒီတားရော့က ငါနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူးလို့ ပြောပြီးပြီလေကွာ...”

အုပ်စိုး... “အာ... ခင်ဗျား လူဆိုးပဲ၊ ကျွန်တော်လည်း ဘယ်သိမှာလဲဗျ၊ သူများလက်ဆောင် ပေးတဲ့ဟာ၊ The Merlin Tarot ဆိုလို့ မာလင်ရဲ့ တားရော့လုပ်တာပဲ၊ မကျေနပ် ထွင်တဲ့လူ သွားပြောပါလားဗျာ...”

မာလင်... “ဟ... မင်းရေးပုံက ဟုတ်မှ မဟုတ်ဘဲ...”

အုပ်စိုး... “ကဲ... ဒီလိုရေးမယ် ဆိုရင်ကော... မာလင်ရဲ့ ဘဝဖြစ်စဉ်နဲ့ ပတ်သက်သော...”

မာလင်... “ငါနဲ့ မပတ်သက်ပါဘူးဆို... ဘယ်နှစ်ခါ ပြောရမလဲ...”

အုပ်စိုး... “အာ... ဒီလိုလုပ်... မာလင်ရဲ့ ဘဝဖြစ်စဉ်ကို ပုံဖော်ထားသော တားရော့ကားချပ်များ ဆိုရင်ကော...”

မာလင်... “နေဦး၊ ငါစဉ်းစားမယ်...”

အုပ်စိုး... “စဉ်းစားမနေနဲ့ ပြင်ချင်မှလည်း ပြင်မှာ... ဒါ ကျွန်တော့်ဘလော့ဂ်၊ ကျွန်တော်တင်ချင်ရာ တင်မှာပဲ...”

မာလင်... “ဘာကွ...”

အုပ်စိုး... “ဟုတ်တယ်၊ ဘာမှ လာပြောမနေနဲ့၊ မကျေနပ်ရင် ဆီဘောက်စ်မှာ ဖြစ်ဖြစ်၊ ကော်မန့်မှာဖြစ်ဖြစ် ရေးခဲ့... ဒါနဲ့မှ မကျေနပ်လည်း ကိုယ်တိုင် ဘလော့ဂ်တစ်ခုလုပ်ပြီး ရေး...”

မာလင်... “ဘာကွ... မင်းငါ့ကို မကြောက်ဘူးလား...”

အုပ်စိုး... “ဘာကို ကြောက်ရမှာလဲ... မုတ်ဆိတ်ကိုလား...”

မာလင်... “ဟေ့ကောင်၊ ကြုံလို့ပြောရမယ်... မင်းတို့ဂမ္ဘီရလိုင်းက ကောင်တွေ လုပ်တာလေ... တကယ်ဆို မုတ်ဆိတ်က ဘာအစွမ်းမှ ရှိတာမဟုတ်ဘူး...”

အုပ်စိုး... “သိဘူးဗျာ၊ ဂမ္ဘီရ မုတ်ဆိတ် ဆိုတဲ့ နာမည်တော့ ကြားဖူးတယ်... ကျုပ်မှာလည်း မုတ်ဆိတ်ဆိုလို့ ငုတ်တိုတောင် မရှိဘူး...”

မာလင်...
“ထားပါကွာ၊ မင်းငါ့အစွမ်းကို မသိဘူးလား...”

အုပ်စိုး... “သိသားပဲ... အတုကြီး...”

မာလင်... “ဘာ... အတုကြီး၊ ဟုတ်လား... အတု...”

အုပ်စိုး... “ဟုတ်တယ်လေ... မနေ့က ဝီကီပိဒိယမှာ မာလင်အကြောင်း သွားဖတ်တာ... ခင်ဗျားဟာ စုန်းအတတ် မှော်အတတ်တွေ ကျွမ်းတယ်ဆိုတာ သိသားပဲ...”

မာလင်... “အေး... အဲဒါပြောတာ၊ မင်းမကြောက်ဘူးလား ဆိုတာ...”

အုပ်စိုး... “ဘာကိုကြောက်ရမှာလဲ... တကယ်က မာလင်ဆိုတာ မာလင်ပဲ... မကလာပင်လောက်တောင် အသီးသီးနိုင်တာ မဟုတ်ဘူး...”

မာလင်... “ဘာကွ... ငါလုပ်လိုက်ရနော်...”


(Source: http://i183.photobucket.com/albums/x307/dumnonia/Wizards/wizard-6.jpg)

အုပ်စိုး... “ဟား ဟား၊ လုပ်လေ... ခင်ဗျားရဲ့ မှော်တုတ်လား၊ ဘာတုတ်လဲ... မန်းလိုက်စမ်းပါ၊ အုပ်စိုးကို အိုးစုတ်ဖြစ်သွားအောင်...”

မာလင်... “တယ်... ကိုင်း...”

အုပ်စိုး... “Stop... Stop... မကိုင်းပါနဲ့... နေပါဦး... ခင်ဗျားတုတ်တွေ၊ ဓာတ်တွေ လုပ်မနေနဲ့ ဝီကီပိဒိယကို အရင်သွားဖတ်ဦး...”

မာလင်... “အဲဒါနဲ့ ဘာဆိုင်လဲ...”

အုပ်စိုး... “ဆိုင်တာပေါ့... မာလင်ဆိုတာ တကယ်မှ မရှိဘဲ... မာလင်ရဲ့ အစွမ်းဆိုတာလည်း ခင်ဗျားရဲ့ မုတ်ဆိတ်လိုပဲ...”

မာလင်... “ငါ့မုတ်ဆိတ်လိုပဲ...”

အုပ်စိုး... “ဟုတ်တယ်၊ ခင်ဗျားကော၊ ခင်ဗျား မုတ်ဆိတ်ကော... အကုန်၊ လူတွေက ဒဏ္ဍာရီ ဆန်ဆန် ဖန်တီးထားတာ... တကယ်က မာလင်ဆိုတာ Legendary Hero ဆိုတဲ့ ဒဏ္ဍာရီထဲက ဇာတ်လိုက်ကြီးပါဗျာ...”

မာလင်... “ဘာ... တကယ်... မင်းပြောတာ...”

အုပ်စိုး... “မယုံလည်း ကျုပ်ကို မန်းလိုက်ဗျာ... ခင်ဗျားတုတ်ဟာလေ... ကွမ်းယာဆိုင်က မန်းဆေးလောက်တောင် အစွမ်းမထက်ဘူး...”

မာလင်...
“မင်း၊ မင်း... တော်တော့ကွာ... ငါ့ကို မဟုတ်တာတွေ...”

အုပ်စိုး... “အော်... ကျွန်တော်က ခင်ဗျားကို ညာရမှာလားဗျာ... မယုံရင် ဝီကီမှာဖြစ်ဖြစ် ဂူဂယ်လ်မှာ ဖြစ်ဖြစ် မာလင်ဆိုပြီး ရိုက်ရှာကြည့်စမ်းပါ... ခင်ဗျားဟာ လူတွေစိတ်ကူးယဉ်ပြီး ဖန်တီးထားတဲ့ ငပေါကြီးပါ...”

မာလင်... “ဘာကွ... ငပေါ... ငါက ငပေါကြီး ဟုတ်လား...”

အုပ်စိုး... “အမှန်ပဲ... ခင်ဗျားဟာ ဘက်မန်းတို့ စပိုင်ဒါမန်းတို့ သာသာပဲ ရှိတာ... သူတို့ကတောင် ခေတ်မီဦးမယ် ခင်ဗျားက အန်းတိတ်ငပေါကြီး...”

မာလင်... “ဘာ... အန်းတိတ်ငပေါကြီး...”

အုပ်စိုး... “ဟုတ်တာပေါ့၊ ဒါကြောင့် မာလင် တားရော့ ဘာညာဆိုပြီး... ဖြစ်လာတာ... တကယ်က ခင်ဗျားဟာ ပန်းချီဆရာတွေ ထွင်ထားတဲ့ အရုပ်ကြီးပါ...

မာလင်... “ဘာ... ငပေါကြီး၊ ပန်းချီကားထဲက အရုပ်ကြီး... ဟုတ်လား... အဟီး... ဟီး... ဟီး... အဟီးးးးးး”

ဤသို့ဖြင့် အင်မတန်မှ ရှည်လျားသော မုတ်ဆိတ်ဖြူ အဘိုးကြီးမာလင်သည် သူ၏ လက်ဆွဲတော် တုတ်ကောက်ကြီးဘေးချကာ... Philosopher Stone ဟုခေါ်သော ဓာတ်ဖန်လုံးကြီးကို ငုံ့ကြည့်ပြီး တရှုံ့ရှုံ့ ငိုကြွေးလေတော့သည်။ ထိုအခိုက်မှာပဲ ကျွန်ုပ် အမောင်အုပ်စိုးလည်း အိပ်မက်မှ လန့်နိုးလာခဲ့ တော့လေသတည်း...။

အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။