Sunday, February 28, 2010

ဆိုက်ကိုမေထရီ (သို့မဟုတ်) သက်မဲ့ ၀တ္ထုများ၏ သက်ရှိဓာတ်အား အာရုံခံခြင်း (၂)



(Source: http://www.yournamehear.net/images/psychometry.jpg)

စိတ်ကူးယဉ်ဆန်သော ဖတ်ရှုအာရုံခံခြင်း

Psychometry နည်းနဲ့ အာရုံခံကြည့်တဲ့အချိန်မှာ အာရုံခံတဲ့သူဟာ အရာဝတ္ထုတွေကို လက်ထဲကိုင်ထား၍ ဖြစ်စေ နဖူးပြင်မှာ ထိစပ်၍ဖြစ်စေ ထားရပါတယ်။ ပြီးနောက် အရာဝတ္ထုတွေနဲ့အတူ စိတ်နယ်ချင်း ထိစပ်သွားတဲ့အခါမှာ ရောက်ရှိလာတဲ့ အာရုံတွေကို မြင်ရ၊ ခံစားရတယ်လို့ ဆိုပါတယ်။ အောက်မှာ သမ္ဘာရင့် ပညာရှင်တစ်ယောက် အာရုံခံပြီး ပုံဖော် ရရှိလာတဲ့ စိတ်ကူးကို နားဆင်ကြည့်ပါ။

Friday, February 19, 2010

Tarot နှင့် သူ၏ရုပ်ပုံများ (၁)

(Source: http://www.tarotteachings.com/images/TarotSymbols.jpg)

အခုတလော ခြေလှမ်းသွက်နေတဲ့ ကိုအုပ်စိုးတစ်ယောက် ကျွန်မ မမိုးသူ ကို Symbol Meanings of the Tarot ( A to Z ) ကို အားရင် အားသလို ဘာသာပြန်ဖို့ ထပ်မံ တောင်းဆို တာကြောင့် သူစိတ်ကျေနပ်အောင် စိတ်မပါ့တပါနဲ့ ဘာသာပြန်အလုပ်ကို နည်းနည်းလောက် စရပါတော့တယ်။ အဆိုပါ ရုပ်ပုံများမှာ Rider Waite တားရော့ပေါ်မှာ တွေ့ရှိနိုင်တဲ့ သင်္ကေတများပဲ ဖြစ်ပါတယ်။ တားရော့ကို တကယ်လေ့လာမယ်ဆိုရင် ဒီ သင်္ကေတတွေကို သိရှိဖို့ လိုပါလိမ့်မယ်။ ဒီသင်္ကေတွေဟာ ကောင်းကင်ဘုံ၊ စကြဝဠာ၊ မြင့်မြတ်တဲ့ အလွှာ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အလကား ပရမ်းပတာ ထည့်သွင်းထားတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အဆိုပါ သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတဲ့ တားရော့ ကတ်တွေဟာ အင်မတန်အစွမ်းထက်တဲ့ ကံကြမ္မာဖတ် ကိရိယာတွေ ဖြစ်နေရတာပါပဲ။

Monday, February 15, 2010

တားရော့အကြောင်း တစေ့တစောင်း

တားရော့နဲ့ ပတ်သက်တဲ့ ဗီဒီယိုလေး တစ်ခု စိတ်ဝင်စားဖို့ ကောင်းလို့ပါ။ အောက်မှာ ကြည့်သွားကြပါ။ ခုတလော အလုပ်တွေများလို့ ပို့စ်တွေ မရေးနိုင်တာကို ခွင့်လွှတ်ပါလို့ တောင်းပန်လိုပါတယ်။ နောက်ပိုင်းမှာ ဗဟုသုတဖြစ်ဖွယ် တားရော့ အကြောင်း လေးတွေကို ဆက်ရေးပေးပါ့မယ်။ ရေးစရာတွေ ရှာထားတာ ရှိပါတယ်။ အချိန်အားရတဲ့အခါ ရေးပါ့မယ်။ လောလောဆယ် မှာတော့ ဒီ ဗီဒီယိုလေးနဲ့ ကျေနပ်ပါလို့...





မေတ္တာဖြင့်
မိုးသူ

Friday, February 12, 2010

လီနော်မန် လေ့လာမယ်ဆိုရင် (၃)


(Source: http://www.tarobearslair.com/images/products/detail/mysticallenormand.jpg)

ပြီးခဲ့တဲ့ တစ်ခေါက်မှာ လီနော်မန် ကတ်ပြား ၃၆ ကတ်ရဲ့ အခြေခံ အဓိပ္ပာယ်တွေကို ပြောပြခဲ့ပါတယ်။ ခု ဒီပို့စ်မှာ ကိုယ်စားပြု ကတ်တွေအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကို မပြောခင် လူနဲ့ ပတ်သက်တဲ့ ကတ်တွေအကြောင်း ပြောချင်ပါတယ်။ အပေါ်ယံ ကြည့်မယ်ဆိုရင် လီနော်မန် ကတ်မှာ လူရုပ်ပုံပါတာ 28 - Man နဲ့ 29 - Lady ဆိုတာကို တွေ့ရပါမယ်။ အဲဒီတော့ လီနော်မန်ဟာ တားရော့၊ သာမန်ဖဲထုပ်တွေနဲ့ ယှဉ်မယ်ဆိုရင် လူရုပ်တွေ နည်းနေတာကို တွေ့ရပါမယ်။ ဒါ မဟုတ်ပါဘူး။ လီနော်မန်ကတ် ၃၆ ကတ်ဟာ သာမန်ကစားတဲ့ ဖဲထုပ် ၃၆ ချပ်နဲ့ ကိုယ်စားပြုထားတာ ရှိပါတယ်။ အဲဒါကို Blue Owl, French Cartomancy, Petit Lenormand စတဲ့ လီနော်မန်ကတ်တွေမှာ တွေ့နိုင်ပါလိမ့်မယ်။

Tuesday, February 9, 2010

Tarot နှင့် ၁၂ ရာသီခွင်


(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

(အခုတလော အလုပ်ဖြစ်နေတဲ့ ကိုအုပ်စိုးတယောက် အလစ်ဖြုတ်ပြီး အလုပ်မဖြစ်တာ ကြာပြီဖြစ်သော ကျွန်မ မမိုးသူကို ဒီတပတ် ပိတ်ရက် မှာ တစ်စုံတစ်ခုကို ဘာသာပြန်ဖို့ အမိန့်ထုတ်ထား တာကြောင့် ပျင်းရိငြီးငွေ့ဖွယ် သောကြာနေ့ ညနေခင်းမှာ စပြီး ဒီပို့စ်ကို ရေးဖို့ လုပ်ရပါတော့တယ်။ ဘာသာပြန်ရာ၌ မပြည့်စုံခြင်း လိုအပ်ခြင်း စာဖတ်ရာ၌ ချောမွေ့မှု မရှိခဲ့ခြင်း စသည်တို့ ရှိခဲ့လျှင် ခွင့်လွတ်ဖို့ ကြိုတင် တောင်းပန်အပ်ပါတယ်။ လိုအပ်သည့် အချက်အလက် များကိုလည်း ရှာပေးပြီး လှတပတ edit လုပ် ပုံများထည့်ပေးမယ့် ကိုအုပ်စိုးကိုလည်း ကြိုတင် ကျေးဇူးတင်ပါသည်။)

Friday, February 5, 2010

ဆိုက်ကိုမေထရီ (သို့မဟုတ်) သက်မဲ့ ၀တ္ထုများ၏ သက်ရှိဓာတ်အား အာရုံခံခြင်း (၁)



(Psychometry of an old photograph, Source: http://www.readersandrootworkers.org/index.php?title=Category:Psychometry)

ဖွင့်ဆိုအပ်သော ဇာတ်ကြောင်းများ

`ဒီပစ္စည်းသာ စကားပြောတတ်ရင် ဘယ်လို နောက်ခံဇာတ်ကြောင်းတွေများ ပြောမလဲ သိဘူးဗျ´ ဟု သင့်မိတ်ဆွေတချို့ ပြောကြသည်ကို သင်ကြားဖူးကောင်း ကြားမိပေလိမ့်မည်။ သဘာဝနယ်လွန် အာရုံသိမှုများ ESP (Extra Sensory Perception) အကြောင်းကို ဗဟုသုတ ရှိနေသူ တစ်ယောက်အဖို့တော့ အထက်ပါစကားသည် မှန်ကန်သည်ဟု ဆိုရပေတော့မည်။ သမိုင်းဝင်၊ မည်သည့် အရာဝတ္ထုပင် ဆိုပါစေ၊ ထိုပစ္စည်းမှာ ဖွင့်ထုတ်ပြောဆိုဖို့ နောက်ခံ ဇာတ်ကြောင်းတချို့ ရှိသည်က အမှန်ပင်ဖြစ်တော့သည်။ ပုံပမာ နှိုင်းပြရမည်ဆိုလျှင် စကားသံ၊ တီးလုံးသံ အစရှိသည်တို့ အသံသွင်းထားသော ကက်ဆက်တိတ်ခွေကို ပြရပေမည်။ အဆိုပါ တိတ်ခွေအား စက်တစ်ခုတည်းဖြင့် အကြိမ်ကြိမ် ပြန်လည်နားထောင် နိုင်သည်ပင် မဟုတ်ပါလော။

Friday, January 29, 2010

လီနော်မန် လေ့လာမယ်ဆိုရင် (၂)

(Source: http://phoenixoracle.files.wordpress.com/2009/10/book-cover.jpg)

တနေ့က မိတ်ဆွေကြီး ကိုစိုင်းအောင်နဲ့ ဂျီတော့ခ်မှာ စကားပြောဖြစ်တော့ သူက လီနော်မန်ကတ် စလေ့လာတဲ့သူတွေအတွက် အဟောလေးတွေ၊ သိသင့်တာလေးတွေကို ရေးပါဦး ဆိုတာနဲ့ ဒီပို့စ်ကို ရေးတာပါ။ လီနော်မန် ကတ်တစ်ထုပ်မှာ ကတ်ပြား ၃၆ ချပ်ရှိပါတယ်။ တားရော့ထုပ်မှာ မေဂျာကတ်က ၂၂ ချပ်ရှိတဲ့အတွက် အဲဒါထက်တော့ များပါတယ်။ ဒါပေမယ့် မိုင်နာကတ်ပါ ပါတဲ့ တားရော့ထုပ် ၇၈ ချပ်နဲ့ ယှဉ်ရင်တော့ နည်းပါတယ်။ ဒါကြောင့် လီနော်မန် လေ့လာမယ်ဆိုရင် မခက်သလို လွယ်လည်း မလွယ်ပါဘူး လို့ ပြောချင်တယ်။

Wednesday, January 27, 2010

ကံကောင်းခြင်းများ ရောက်စေသတည်း (၂)


လွန်ခဲ့တဲ့ အပတ်က မိတ်ဆွေ တစ်ယောက်နဲ့ ဂျီတော့ခ်မှာ စကားပြောခဲ့တာလေးကို အနည်းငယ် edit လုပ်ပြီး အားလုံး သိရှိရအောင် ပြန်လည် မျှဝေလိုက်တာပါ။

Soe: အကို ဒီတိုင်းဆို ကျွန်တော့်အတွက် သိပ်မကောင်းဘူးပေါ့

me: အင်း ဟုတ်တယ်၊ ဒါပေမယ့်လေ... ဘယ်လိုပြောရမလဲ... ဒီလိုမျိုးဖြစ်တတ်တယ်ဆို သတိထားနေပေါ့ဗျာ။ ဒါကြီး ဖြစ်လာမလားဆိုပြီး တွေးပူနေတာက အဓိပ္ပာယ်မရှိဘူးလေ။

Soe: ယတြာကော မရှိဘူးလားဗျာ

me: အင်း ကျွန်တော်က ယတြာ မပေးတတ်ဘူးဗျ။

Tuesday, January 26, 2010

ကံကောင်းခြင်းများ ရောက်စေသတည်း


ကျွန်တော်တို့ ဘလော့ဂ်ကလည်း မြန်မာ တားရော့နဲ့ လီနော်မန်လို့ ဆိုက်နာမည် ပေးပြီးသကာလ မြန်မာနဲ့ မအပ်စပ်သလိုများတောင် ဖြစ်နေပြီလား မသိတော့ဘူး။ ဂျစ်ပဆီတွေအကြောင်း ပြောလိုက်၊ အင်းကွက်တွေ အကြောင်း ရေးလိုက်၊ ဆော်လမွန် ဘုရင်ကြီးဆီ ရောက်သွားလိုက်နဲ့ဆိုတော့ လာလည်တဲ့ စာဖတ်သူတွေလည်း တော်တော့်ကို စဉ်းစားစရာ ဖြစ်မှာပါပဲ။ `မြန်မာ´ ဆိုတဲ့ စကားလုံးကို သုံးရခြင်းကတော့ မြန်မာတွေ လုပ်ထားတဲ့ ဘလော့ဂ်ဆိုတာ သိသာစေဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ နောက်တစ်ခုက တားရော့၊ လီနော်မန်တွေ အကြောင်းကို တခြားဘာသာတွေနဲ့ ရေးသားတဲ့ ဆိုက်ဒ်တွေ တော်တော်များများ ရှိပြီး မြန်မာလိုရေးတာ မရှိသလောက်ပါ။ တားရော့ အကြောင်းကို ကိုချမ်းမြေ့ဦး က ရေးပေမယ့် လီနော်မန်အကြောင်းကတော့ ရေးမယ့်သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။