လွန်ခဲ့တဲ့ အပတ်က မိတ်ဆွေ တစ်ယောက်နဲ့ ဂျီတော့ခ်မှာ စကားပြောခဲ့တာလေးကို အနည်းငယ် edit လုပ်ပြီး အားလုံး သိရှိရအောင် ပြန်လည် မျှဝေလိုက်တာပါ။
Soe: အကို ဒီတိုင်းဆို ကျွန်တော့်အတွက် သိပ်မကောင်းဘူးပေါ့
me: အင်း ဟုတ်တယ်၊ ဒါပေမယ့်လေ... ဘယ်လိုပြောရမလဲ... ဒီလိုမျိုးဖြစ်တတ်တယ်ဆို သတိထားနေပေါ့ဗျာ။ ဒါကြီး ဖြစ်လာမလားဆိုပြီး တွေးပူနေတာက အဓိပ္ပာယ်မရှိဘူးလေ။
Soe: ယတြာကော မရှိဘူးလားဗျာ
me: အင်း ကျွန်တော်က ယတြာ မပေးတတ်ဘူးဗျ။
Soe: အကို သိထားတာလေးတွေကော မရှိဘူးလား
me: အင်း... ယတြာပေးသင့် မပေးသင့် ဆိုတာကလည်း ဗေဒင်အသိုင်းအ၀ိုင်းကြားမှာ တကယ့်ကို နှစ်ရှည်လများ ဖြစ်တည်လာခဲ့တဲ့ ကွဲလွဲမှုပဲဗျ။
Soe: အင်း
me: မိုးကြိုးပစ်မှာကို ထန်းလက်နဲ့ ကာလို့ ရပါ့မလားဆိုပြီး တချို့က ပြောတယ်ဗျ
Soe: ဟာ အကိုကလည်း ပေါက်ဆိန်နဲ့ ပေါက်ခံရမှာကို အပ်နဲ့ထွင်းလိုက်လို့ သက်သာသွားတာ
me: အင်း
Soe: အဲဒါမျိုးလည်း ရှိနိုင်တာပဲလေ
me: အင်း ခက်တော့တာပဲ
Soe: ခက်မနေပါနဲ့ အကိုရာ၊ အကိုသိထားတာလေးတွေ မရှိဘူးလား
me: အင်း အဲဒါကိုက ခက်တာ
Soe: ဒါဆိုလည်း အကိုရာ၊ ယတြာမဟုတ်ဘူး၊ အဆောင်ဆိုရင်ကော
me: အဲ၊ ခင်ဗျား ပြောမှ သတိရတယ်ဗျ၊ အဆောင်ဆိုတာ...
Soe: အင်း
me: ဟိုရက်က မိုးသူနဲ့ ကျွန်တော် စကားပြောရင်း တားရော့ အဆောင်တွေဆီ ရောက်သွားတယ်။
Soe: ဟုတ်ကဲ့
me: ဆရာမင်းသိင်္ခက တားရော့ကတ်တွေကို အဆောင်အဖြစ် ပေးတတ်တာကို ပြောမိတယ်ဗျ
Soe: ဟုတ်လား၊ အဲဒါလေးတွေ အကို သိလားဗျာ
me: သိတယ်ဗျ၊ အမှန်က အဆောင်ဆိုတာလည်း ယတြာလိုပါပဲ
Soe: အဲဒါဆို ပြောပြပါ
me: အော်... အဲဒါတွေ သိချင်ရင် ဆရာ မင်းသိင်္ခစာအုပ် ဖတ်ပေါ့ဗျ။
Soe: အာ... အကိုကလည်း နောက်နေပြန်ပြီ။ သိရင် ပြောပြပါဆို
me: အော်၊ ပြောပြပါမယ်ဗျ။ အွန်လိုင်းမှာ ကိုရမ်းဂန်းဆိုတာ တစ်ယောက် ရှိတယ်။ သူ့ဘလော့ဂ်မှာလည်း အဲဒါတွေကို ပြောပြထားတယ်
Soe: ဟုတ်လား
me: ဟုတ်တယ်၊ ခဏစောင့် ရှာလိုက်မယ်
Soe: ဟုတ်ကဲ့
me: ရော့ ဒီလင့်ခ်မှာ...
http://www.younggun.co.cc/search/label/တားရော့
Soe: ဟုတ်ကဲ့
me: တွေ့လားဗျ
Soe: တွေ့တယ် အကို၊ တချို့အဆောင်တွေ ကျွန်တော် မဂ္ဂဇင်းမှာ ဖတ်ဖူးတယ်ဗျ။
me: ဟေ့လူ၊ နေဦး
Soe: ဟုတ်ကဲ့၊ နေပါတယ်ဗျ
me: ကျွန်တော်က ခင်ဗျားကို အဲလိုမျိုး ဆောင်လို့ရတဲ့ လီနော်မန်ကတ်တွေကို ပြောပြမလို့
Soe: ဟုတ်ကဲ့ အကို၊ ပြောပါ
me: ခင်ဗျား၊ စိတ်ဝင်စားလို့လားဗျ
Soe: ဟုတ်
me: တကယ်လားဗျ
Soe: ဟာ၊ စိတ်ဝင်စားပါတယ်ဆို၊ ဈေးကိုင်နေပြန်ပြီ
me: ဟုတ်ပါပြီ၊ ပထမဆုံးကတော့ အချစ်ရေးပေါ့ဗျာ... ခင်ဗျားတို့လို အချစ်နဲ့ မကင်းတဲ့ လူတွေအတွက်
Soe: ဟုတ်ကဲ့
me: အဲဒါတွေအတွက် Heart နှလုံးသားပုံ ဆိုတဲ့ လီနော်မန် ကတ်ကို ဆောင်ရတယ်
Soe: ဆောင်တော့ ဘာဖြစ်လဲ အကို
me: ဘာဖြစ်မလဲ... အချစ်ကြီးလာတာပေါ့
Soe: ဟိုက်၊ ဟုတ်လို့လား အကို
me: ဟုတ်ပါဘူးဗျာ။ ဒီကတ်က အချစ်ရေး ကံကောင်းစေတဲ့ကတ်ဗျ။ အချစ်ရေး ကံခေနေတဲ့သူတွေ ဆောင်သင့်တယ်။ ဒီပုံဗျ
Soe: ဟုတ်ကဲ့၊ ကျွန်တော် ပရင့်ထုတ်ပြီး ဆောင်မယ် အကို
me: ပြီးတော့
Soe: အကို၊ တစ်ခုလောက် ဖြတ်ပြောမလို့ ရမလား
me: အင်း၊ ပြော
Soe: ခင်ဗျားတို့လို အချစ်နဲ့ မကင်းတဲ့ လူလို့ မပြောစမ်းပါနဲ့ဗျာ၊ အကိုကော ကင်းတာမှတ်လို့
me: ဟုတ်ကဲ့ပါ။ လူသည် အချစ်နဲ့ မကင်း၊ အဲလိုပဲ ဆိုပါတော့၊ အရေးထဲ အထာ လာကောက်နေသေးတယ်
Soe: ဟီး ဟီး၊ ရပြီ အကို ဆက်ပြော
me: နောက်ပြီးတော့ အလုပ်အကိုင်နဲ့ ပတ်သက်တာဆိုရင်
Soe: ဟုတ်ကဲ့ အကို ဆက်ပြောပါ
me: Anchor ဆိုတဲ့ ကျောက်ဆူးကတ်ပြားကို ဆောင်သင့်တယ်၊ အထူးသဖြင့် အလုပ်မမြဲတဲ့သူတွေ၊ အလုပ်ခဏခဏ ပြောင်းရတဲ့သူတွေ
Soe: ဟုတ်ကဲ့
me: ဒီပုံဗျ
Soe: ဟုတ်ကဲ့၊ ကျွန်တော်သူများတွေကို ပေးလို့ ရလား
me: ရတာပေါ့ဗျာ၊ ကျွန်တော်လည်း တခြားနေရာက သိတာပဲ
Soe: နောက်ဘာရှိသေးလဲ အကို
me: နောက်တစ်ခုက ကျန်မာရေး၊ ကျန်းမာရေးကောင်းချင်ရင် Tree ဆိုတဲ့ သစ်ပင်ပုံ ကတ်ပြား၊ ဒီမှာဗျ
Soe: ဟုတ်ကဲ့၊ အကို
me: နောက်တစ်ခုက၊ ခရီးသိပ်သွားချင်တဲ့ လူတွေအတွက်၊ အဲဒါဆို သင်္ဘောပုံ Ship ဆိုတဲ့ ကတ်ကို ဆောင်ဗျ
Soe: ဟုတ်၊ ခရီးဆိုတာ ဘယ်လိုလဲ အကို
me: တခြားနိုင်ငံကို ပြောတာလေဗျာ၊ သင်္ဘောသား ဖြစ်ချင်ရင်ပေါ့
Soe: ဟုတ်
me: ဇွတ်ဟုတ်နေတာပဲ၊ သင်္ဘောသားရယ် မဟုတ်ဘူး ဒီပြင့် နိုင်ငံခြားကို သွားချင်တဲ့ လူတွေအတွက်
Soe: ဟုတ်ကဲ့ သိပါတယ်ဗျာ
me: နောက်တစ်ခုက အိမ်ကိစ္စ၊ အမွေကိစ္စ၊ မိသားစုကိစ္စ အဲဒါမျိုးဆိုရင် House ဆိုတဲ့ အိမ်ကတ်ကို ဆောင်ရတယ်၊ ဒီကတ်ပြားလေ
Soe: ဟုတ်ကဲ့၊ အကို
me: နောက်တစ်ခုက ပညာရေး ကိစ္စ ဆိုရင်၊ Book ဆိုတဲ့ စာအုပ်ကတ်ကို ဆောင်ရတယ်
Soe: ဟုတ်ကဲ့ အကို၊ ရှိသေးလား၊ ဆက်ပေးပါဦး၊ ကျွန်တော် အကုန်လုံးကို လိုက်မှတ်နေတယ်
me: နောက်တစ်ခုက စိတ်ကို တက်ကြွစေတဲ့ကတ်ဗျ။ တချို့လူတွေ စိတ်ခဏခဏ ညစ်တယ်။ ထိုင်းမှိုင်းနေတယ် ဆိုရင် ဒီကတ်လေး ဆောင်... Sun ဆိုတဲ့ နေကတ်ပြားပေါ့။
Soe: ဟုတ်ကဲ့
me: ဒီကတ်က ဉာဏ်ပွင့်စေတယ်လို့လည်း ပြောကြတယ်။
Soe: ဟုတ်၊ အကို အရေးကြီးတာ တစ်ခု ကျန်သေးတယ်
me: ဘာလဲဗျ
Soe: ငွေလေ၊ ငွေကိစ္စဆိုရင်
me: အော်၊ ငွေကိစ္စ
Soe: မြွေမြင်ရင် ငွေဝင်တယ် ဆိုတော့ မြွေကတ်ပြားကို ဆောင်ရမှာလား
me: ဟာ ဟုတ်ပါဘူးဗျာ။ ခင်ဗျားပြောမှ သတိရတယ်၊ မေ့နေတာ၊ ငွေအတွက်ဆိုရင် Fish ဆိုတဲ့ ငါးကတ်ပြားကို ဆောင်ရမှာဗျ၊ ရွှေငါးကိုးကောင် လာဘ်ကိုဆောင် ဘာညာတောင် ရှိသေးတယ်လေဗျာ။
Soe: ဟုတ်
me: ဒီကတ်ပေါ့
Soe: ဟုတ်ကဲ့၊ ရှိသေးလား
me: အင်း၊ ကုန်ပြီထင်တယ်၊ ခဏ စဉ်းစားလိုက်ဦးမယ်
Soe: ဟုတ်ကဲ့
me: သိပြီ။ နောက်တစ်ခုက ဘာလုပ်လုပ် လွဲနေတဲ့သူတွေ၊ စာမေးပွဲမှာ တလွဲတွေ ဖြေလာတတ်တဲ့ သူတွေ ဆောင်သင့်တာ... key ဆိုတဲ့ သော့ကတ်ပြား၊
Soe: ဟုတ်ကဲ့
me: အဲဒီ Key ကတ်ပြားက တချို့ကိစ္စတွေ အဖြေမထွက်တာတို့၊ တစ်ဆို့နေတာ တို့ဆိုရင်လည်း ဆောင်လို့ ရတယ်။
Soe: ဟုတ်ကဲ့ အကို
me: နောက်ထပ် ၂ ခု ရှိသေးတယ်ဗျ။ တစ်ခုက စာချုပ်စာတန်းတို့၊ စေ့စပ်တာတို့၊ အလုပ်တူတူ လုပ်ချင်တဲ့နေရာတွေ ဖြစ်မြောက်စေချင်တဲ့အခါကျရင် ဆောင်သင့်တာ
Soe: ဟုတ်ကဲ့
me: အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမျိုးတွေပေါ့၊ ဒီ Ring ဆိုတဲ့ လက်စွပ် ကတ်ပြားကို ဆောင်ရတယ်
Soe: ဟုတ်ကဲ့
me: နောက်တစ်ခုက စိတ်ချမ်းသာစေတဲ့ ကတ်ဗျ။ Stars ဆိုတဲ့ ကြယ်ပွင့် ကတ်ပြားပေါ့။ ဘာမှန်းမသိ စိတ်ညစ်နေတဲ့လူတွေ၊ ဒေါသထွက်နေတဲ့လူတွေ ဆောင်သင့်တဲ့ ကတ်ပေါ့
Soe: ဟုတ်ကဲ့ အကို၊ ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီပြင် အခက်ခဲ ရှိတဲ့လူတွေကိုလည်း ကျွန်တော် ပြောပြပါ့မယ်
me: ရပါတယ်ဗျ၊ ဒါနဲ့ မေးရမယ်
Soe: ဟုတ်၊ ပြောပါ အကို
me: ခင်ဗျားနဲ့ ခု chat တာလေးကို ဘလော့ပေါ် တင်လို့ ရမလားဆိုတာ သိချင်လို့
Soe: ဟုတ်
me: ဒီပြင့်လူတွေလည်း တခါတည်း သိသွားအောင်ပါ၊ ဒါမှ ခဏခဏ လာမမေးတော့မှာ
Soe: ဟုတ်၊ ကောင်းပါတယ် အကို၊ တင်ပါ
me: ကျေးဇူးပါပဲ
Soe: ရပါတယ်ဗျ။ ကျွန်တော်က တင်ရမှာပါ
me: ဟုတ်ကဲ့
me: ဟုတ်ကဲ့၊ ပြီးတော့ တစ်ခုပြောချင်တယ်
Soe: ဟုတ်၊ အကို
me: အဆောင်ဆိုတာမျိုးက အခက်အခဲ တွေ့မှ သုံးတော့ အဆင်ပြေတာပေါ့နော်။ ဆေးပုလင်း ဆောင်ထားသလိုပေါ့ဗျာ... ဝေဒနာဖြစ်တော့ သုံးပေါ့။
Soe: ဟုတ်ကဲ့ အကို၊ အလိုရှိမှ အသုံးချမှာပါ
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
No comments:
Post a Comment
ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။