Sunday, January 17, 2010

အမုန်းလျှောက်ထိုးညွှန် သုံးခြောက်ကိုးခွန်

(Source: http://www.crnewswire.com/content/media/haiti%20map.jpg)

၉ ဂဏန်းနဲ့အတူ ၃၊ ၆၊ ၇ ဂဏန်းတွေရဲ့ ထူးခြားချက်ကို သိပ်မကြာခင်က ပို့စ်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီဂဏန်းတွေ တကယ်ပဲ ထူးခြားပါသလား ဆိုတာကို ဟေတီငလျင်က မေးခွန်းထုတ်နေပါတယ်။ ဟေတီ ငလျင်နဲ့ ပတ်သက်ပြီး ဆရာ့ဆရာတွေက နည်းလမ်း ပေါင်းစုံနဲ့ ပြောနေကြတုန်းပါပဲ။ ဒီပို့စ်မှာတော့ သင်္ချာဗေဒ ရှုထောင့်ကနေ လေ့လာတဲ့ အမြင်ကို ပြောပြချင်ပါတယ်။ အင်္ဂလိပ် အက္ခရာတွေကို ဂဏန်းအဖြစ် ပြောင်းတဲ့နေရာမှာ ကျွန်တော် အသုံးပြုတဲ့ နည်းကတော့ အိန္ဒိယ ဂဏန်းဗေဒင်နည်းပါ။ အနောက်တိုင်း နည်းမဟုတ်ပါဘူး။ အဲဒီနည်းမှာ ၉ ဂဏန်းက ကိုယ်စားပြုတဲ့ အက္ခရာမရှိပါဘူး။ ကိုင်ရိုရဲ့ နည်းစနစ်နဲ့ အတူတူပဲလို့ ထင်ပါတယ်။ ဒီနည်းနဲ့ လေ့လာ ဆန်းစစ်ကြည့်တဲ့အခါ...

Haiti = 3

Caribbean = 3

Sea = 9

Caribbean Sea = 3

Port-au-Prince = 6

Epicenter Léogane = 3

Tuesday = 3

2010 = 3

12 = 3

12 - 01 – 2010 = 7

January = 8

Earthquake = 8

January + Earthquake = 7

33 = 6 (The United States Geological Survey recorded a series of at least 33 aftershocks)

Universal Time = 21:53:10 = 3

Local Time = 16:53:10 = 7

Magnitude = 7.0 Mw = 7

16 = 7 (Approx 16 Miles West of Port-au-Prince )

8.1 = 9 (Earthquake occur at a depth of 8.1 Miles)

18° 27′ 25.2″ = 9 (Epicenter Location, North Latitude)

72° 31′ 58.8″ = 7 (Epicenter Location, East Longitude)


အထက်က တွက်ချက်မှုတွေကို ခြုံကြည့်ရင် ၃၊ ၆၊ ၇၊ ၈၊ ၉ အဲဒီ ဂဏန်းတွေကိုပဲ တွေ့ရပါလိမ့်မယ်။ ၃၊ ၆၊ ၉ ဟာ ဆက်သွယ်မှု ရှိပါတယ်လို့ ကျွန်တော်အရင်က ပို့စ်တစ်ခုမှာ ရေးခဲ့ဖူးပါတယ်။ ဆရာတင်ဗိုလ်ဗိုလ်ရဲ့ ၉ ဂဏန်းအကြောင်း ပို့စ်တစ်ခု မှာ... ၇ နဲ့ ၈ ဂဏန်းဟာ ၉ ဂဏန်းရဲ့ ရန်ဘက်ဖြစ်ပြီး ဒီဂြိုဟ်နှစ်ခု ယှဉ်တွဲမိရင်ဖြင့် သဘာဝဘေးတွေ၊ Accident တွေ ဖြစ်နိုင်သလို၊ ကျန်းမာရေး၊ လူမှုရေး စီးပွားရေးတွေ ထိခိုက်နိုင်ပါတယ် လို့ ဆိုထားပါတယ်။ တကယ်ပဲ ဒီဂဏန်းတွေ ပေါင်းစုံလို့ ဟေတီမှာ ငလျှင်လှုပ်ခဲ့တာလား။

ကိုရမ်းဂန်းကတော့ မကြင်နာမယ့် အင်္ဂါ ဆိုပြီး ပို့စ်တစ်ခုမှာ ပြောပါတယ်။ အင်္ဂါကို ၃ ဂဏန်း လို့လည်း ဆိုနိုင်ပါတယ်။ (၇.၁ဝ.၂ဝဝ၉ = ၈ ) နေ့မှာ ကရကဋ်ရာသီကို စတင်ဝင်ရောက်ပြီး (၂၂.၁၂.၂ဝဝ၉ = ၉) ရက်နေ့မှာ စတင်နောက်ပြန် (ဝကြ) သွားခဲ့ပါတယ်။ အဲဒီကရကဋ် ရာသီမှာပဲ (၂၆.၅.၂ဝ၁ဝ = ၇) အထိ လို့ ပြောထားပါတယ်။ ၇လ ကျော်ကျော်လို့ သူပြောတာကို မနေနိုင်မထိုင်နိုင် ကျွန်တော် ရေကြည့်တဲ့အခါ စုစုပေါင်း ၂၃၁ ရက် ရတာကို တွေ့ရပါတယ်။ ၂ + ၃ + ၁ = ၆ ဖြစ်ပါတယ်။ တစ်လကို ရက် ၃၀ လို့ သတ်မှတ်ပြီး ၂၃၁ ကို ၃၀ နဲ့ စားကြည့်တဲ့အခါ ၇.၇ ထွက်တာကို တွေ့ရပါတယ်။

ဂဏန်းတွေကို ကျွန်တော် စိတ်ဝင်စားပါတယ်။ ဒါကြောင့် သင်္ချာဗေဒရှုထောင့်ကနေ သုံးသပ်ကြည့်တာပါ။ ဂဏန်းပေါင်းစက် ထိုင်နှိပ်ပြီး အလုပ်မရှိအလုပ်ရှာ ကြောင်ကို ရေချိုးပေးတယ်လို့ ထင်ချင်လည်း ထင်နိုင်ပါတယ်။ ဒါပေမယ့် ဂဏန်းတွေက ဖော်ပြတဲ့ တိုက်ဆိုင်မှုကိုတော့ ကျွန်တော်ကိုယ်တိုင် အံ့သြမိပါတယ်။ ကိုရမ်းဂန်းက မကြင်နာမယ့် အင်္ဂါလို့ သတ်မှတ်လေတော့... `အမုန်းလျှောက်ထိုးညွှန်သွားတဲ့ သုံးခြောက်ကိုးခွန်များ ဖြစ်လေမလား´ လို့ ကျွန်တော် စဉ်းစားမိပါတယ်။ ဒါပါပဲ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

စာကြွင်း။ ။ ဤပို့စ်အတွက် အသုံးပြုသော Data များကို ၀ီကီပိဒိယ (http://en.wikipedia.org/wiki/2010_Haiti_earthquake) မှ ကိုးကားပါသည်။

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။