Sunday, January 3, 2010

လျှပ်တစ်ပြက် လီနော်မန်



လီနော်မန်ကတ်နဲ့ ဟောတတ်တဲ့ ကျွန်တော့်ကို မကြာခဏ မေးကြတဲ့ မေးခွန်းတွေ ရှိပါတယ်... `လီနော်မန် ဆိုတာ တားရော့ပဲလား´ ... `လီနော်မန်ကတ်တစ်ထုပ်မှာ ကတ်ပြား ဘယ်နှစ်ချပ်ရှိတာလဲ´ ... `သင်လို့ကော လွယ်ကူပါသလား´... စသဖြင့်ပေါ့။

အဲဒီမေးခွန်းတွေကို ဖြေရရင်ဖြင့်... လီနော်မန်ဟာ တားရော့မဟုတ်ပါဘူး၊ ဒါပေမယ့် တားရော့လိုမျိုး ကံကြမ္မာဖတ် ကတ်ပြားတွေပါပဲ လို့ ဖြေရမှာပါ။ လီနော်မန် ကတ်ပြားတစ်ထုပ်မှာ စုစုပေါင်း ကတ်ပြား ၃၆ ချပ် ရှိပါတယ်။ ၃ + ၆ = ၉ ရပါတယ်။ တားရော့မှာ စုစုပေါင်း ကတ်ပြား ၇၈ ချပ်ရှိပါတယ်။ ၇ + ၈ = ၁၅ = ၁ + ၅ = ၆ ရပါတယ်။ ၆ နဲ့ ၉ ကို Reversal Number တွေလို့ တချို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ ဒါကြောင့် တားရော့နဲ့ လီနော်မန်ကို မွေးချင်းတွေလို ကျွန်တော် ယူဆပါတယ်။

နောက်ထပ် ကျွန်တော့်ကို မေးလေ့ရှိတာကတော့ `လီနော်မန် ကတ်တွေက ပြဆိုတာ ဘယ်လောက်အတိုင်းအတာထိ မှန်ပါသလဲ...´ ဆိုတာပါ။ ဒီတော့ professional Lenormand card reader တစ်ယောက် ပြောသွားတာကို ကျွန်တော် ပြန်မျှချင်ပါတယ်။ သူက ဘာပြောသလဲ ဆိုတော့... "The cards show the most probably future based on the NOW, and that can change in the next moment..." ပါတဲ့။ လက်ရှိပေါ် အခြေခံတဲ့ ဖြစ်ကောင်းအဖြစ်နိုင်ဆုံး အနာဂတ်ကို ပြဆိုတာပါ၊ ပြီးတော့ ဒါဟာ မကြာခင်လာမယ့် အခိုက်အတန့်လေးမှာ ပြောင်းလဲမှုကို ဖြစ်စေပါလိမ့်မယ်တဲ့။

လီနော်မန်ကတ်တွေရဲ့ ထူးခြားချက်တွေကို နောက်အလျဉ်းသင့်ရင် ရေးသားပါမယ်။ လောလောဆယ်တော့ ကတ်ပြားတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို သိချင်နေသူများအတွက် ဝေမျှချင်ပါတယ်။ အောက်က ဗီဒီယိုလေးကို ကျွန်တော် Youtube က ရှာထားတာပါ။ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် လျှပ်တစ်ပြက် လေ့လာသွားနိုင်ပါတယ်။



အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး

1 comment:

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။