Tuesday, February 9, 2010

Tarot နှင့် ၁၂ ရာသီခွင်


(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

(အခုတလော အလုပ်ဖြစ်နေတဲ့ ကိုအုပ်စိုးတယောက် အလစ်ဖြုတ်ပြီး အလုပ်မဖြစ်တာ ကြာပြီဖြစ်သော ကျွန်မ မမိုးသူကို ဒီတပတ် ပိတ်ရက် မှာ တစ်စုံတစ်ခုကို ဘာသာပြန်ဖို့ အမိန့်ထုတ်ထား တာကြောင့် ပျင်းရိငြီးငွေ့ဖွယ် သောကြာနေ့ ညနေခင်းမှာ စပြီး ဒီပို့စ်ကို ရေးဖို့ လုပ်ရပါတော့တယ်။ ဘာသာပြန်ရာ၌ မပြည့်စုံခြင်း လိုအပ်ခြင်း စာဖတ်ရာ၌ ချောမွေ့မှု မရှိခဲ့ခြင်း စသည်တို့ ရှိခဲ့လျှင် ခွင့်လွတ်ဖို့ ကြိုတင် တောင်းပန်အပ်ပါတယ်။ လိုအပ်သည့် အချက်အလက် များကိုလည်း ရှာပေးပြီး လှတပတ edit လုပ် ပုံများထည့်ပေးမယ့် ကိုအုပ်စိုးကိုလည်း ကြိုတင် ကျေးဇူးတင်ပါသည်။)

ဒီပို့စ်မှာ တားရော့နဲ့ ဆယ့်နှစ်ရာသီခွင် ဆက်စပ်ပုံအကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီအကြောင်းကို မသွားခင် Sefer Yetzirah ဆိုတဲ့ ဂျူးဘာသာဆိုင်ရာ စာအုပ်တစ်အုပ်ကို အကြမ်းဖျင်း မိတ်ဆက်ချင်ပါတယ်။ Jewish Exorcism ဆိုတဲ့ ဂျူး ဂမ္ဘီရဆိုင်ရာ အဲဒီ စာအုပ်မှာ Aleph Beth Gimel စတဲ့ ဟီးဘရူး အက္ခရာ ၂၂ လုံးရဲ့ နောက်ခံသမိုင်းတွေနဲ့အတူ အဓိပ္ပာယ်နဲ့ အနက်ဖွင့်ဆိုချက်တွေပါပါတယ်။ ဒါကို တားရော့ပညာရှင်တွေက တားရော့ ၂၂ ချပ်နဲ့ ဆက်နွှယ်လေ့လာပြီး Twenty two paths of tree of life ဆိုတဲ့ တားရော့ Concept အထိပါ ဖွင့်ဆိုခဲ့ကြပါတယ်။ (အဲဒီအကြောင်းကို နောက်မှ အသေးစိတ် ပို့စ်တစ်ခု ရေးပါဦးမည်။)

တားရော့ မေဂျာကတ် ၂၂ ချပ်နဲ့ ဟီးဘရူး အက္ခရာတွေ နက္ခတ်ဆိုင်ရာ သင်္ကေတတွေ ဆက်စပ်ပုံကတော့ ဒီအတိုင်း ဖြစ်ပါတယ်။


(Source: http://www.factsbehindfaith.com/default.aspx?intContentID=36)

ဟီးဘရူး အက္ခရာတွေရဲ့ ဂဏန်းတန်ဖိုးကတော့ အောက်က အတိုင်း ဖြစ်ပါတယ်။ အဲဒီမှာ ၁၀ ပြီးတဲ့နောက် ၁၁၊ ၁၂ စသည် မရှိဘဲ ၂၀၊ ၃၀ စသည်ဖြင့် ဖြစ်သွားတာကို တွေ့ရပါမယ်။


(Source: http://weitzmemorial.com/h_links/HebrewAlphabet.gif)

တားရော့ မေဂျာကတ် ၂၂ ချပ်ကနေ Zodiac Sign ဆိုတဲ့ ၁၂ ရာသီခွင်ကို ကိုယ်စားပြုတဲ့ ကတ်ပြားတွေချည်းပဲ သီးသန့် ဖယ်ထုတ်လိုက်မယ် ဆိုရင် အောက်က အတိုင်း တွေ့မှာ ဖြစ်ပါတယ်။

Energetic Structure of the Zodiac: First Six Autiot/Signs
5 6 7 8 9 10
Aries Taurus
GeminiCancer Leo
Virgo
မိဿ
ပြိဿ မေထုန် ကရကဋ်သိဟ်
ကန်
ပထမ ရာသီခွင် ၆ ခုနှင့် သက်ဆိုင်သော တားရော့ကတ်များ

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)


Energetic Structure of the Zodiac: Last Six Autiot/Signs
30 50 60 70 90 100
Libra Scorpio Sagittarius
Capricorn
Aquarius Pisces
တူ
ဗြိစ္ဆာ
ဓနု မကာရ
ကုမ်
မိန်
ဒုတိယ ရာသီခွင် ၆ ခုနှင့် သက်ဆိုင်သော တားရော့များ

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

ဖယ်လိုက်တဲ့ ကတ်ပြား ၁၀ ခုက ဒီကတ်တွေပါ။

  • 0) The Fool
  • 1) The Magician
  • 2) The High Priestess
  • 3) The Empress
  • 10) Wheel of Change
  • 12) The Hanged Man
  • 16) The Tower
  • 19) The Sun
  • 20) Judgment
  • 21) The World

ဒီအောက်က ဇယားမှာ ဘယ်ကတ်တွေနဲ့ ဘယ်ဟီးဘရူး အက္ခရာတွေကို ဆယ့်နှစ်ရာသီခွင်အဖြစ် အသုံးမပြုဘူး ဆိုတာကို ထပ်မံ ကြည့်နိုင်ပါတယ်။

12 Simple Hebrew Formative Letters and Zodiacal Correspondancs
Archetypal 1-9




Existential 10-90



Cosmic 100-900



Finals
From any ancient version of the Sepher Yetsira

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

အဆိုပါ ၁၂ ရာသီခွင်အရ ပထမ ၆ ကတ်သည် ပြုခြင်းကို ဖွဲ့စည်းပေးသော ဖြစ်တည်မှု (The Subjective Structures of Existence) ဖြစ်လေသည်။

Energetic Structure of the Zodiac: First Six Autiot/Signs
5 6 7 8 9 10
ဘဝ
မျိုးပွား မသေချာ
ပုံစံမကျ
ရုပ်ပိုင်း ၀ိဉာဉ်ပိုင်း
မျိုးစေ့
ပေါင်းစပ်
တွေဝေမှု
စွမ်းအင်
ပုံသဏ္ဍန်
တည်ရှိမှု
The Subjective Structures of Existence

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

နောက်ပိုင်း ၆ ကတ်သည် အပြုခံခြင်းကို ပေးသော ဖြစ်တည်မှု (The Objective Structures of Existence) ဖြစ်ပါသည်။

Energetic Structure of the Zodiac: Last Six Autiot/Signs
30 50 60 70 90 100
ထိန်းချုပ် ဖြစ်တည်မှု ရုပ်ပိုင်း နာမ်ဆိုင်ရာ
မသဘာဝ
ဖိုသဘာဝ
မျှတမှု
ဘဝ
ထိုးသွင်းသိ ထိုးသွင်းသိ
ပြည့်စုံမှု ပြည့်စုံမှု
The Objective Structures of Existence

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

လည်ပတ်နေသော ရာသီစက်ဝန်းကို ကိုယ်စားပြုရန် စက်ဝိုင်းကားချပ်ဖြင့် အဆိုပါ သင်္ကေတများကို ပုံဖော်ကြည့်သည် ဆိုပါစို့။ ဟီးဘရူး ပထမဆုံး အက္ခရာ Aleph ကိုယ်စားပြုသော The Fool ကတ်နှင့် နောက်ဆုံး အက္ခရာ Tav ကိုယ်စားပြု The World ကတ်တို့သည်။ ရာသီစက်ဝိုင်းထဲတွင် မပါဝင်ပါ။ သို့သော် ထို Aleph နှင့် Tav တို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆက်စပ် ဖြစ်တည် ပြိုကွဲမှုများကို လေ့လာတွေ့ရှိ နိုင်လေသည်ဟု ဆိုပါသည်။ အောက်တွင် ကြည့်ပါစို့။


(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

ရာသီခွင် စက်ဝိုင်းသည် မိဿရာသီ Aries ကို ကိုယ်စားပြုသော Hay ဆိုသော ပဉ္စမမြောက် အက္ခရာမှ စတင်ပါသည်။ ထိုမှ ဆက်လက် ဖြတ်သန်းလာပြီး ကန်ရာသီ Virgo ကို ကိုယ်စားပြုသော ဆဋ္ဌမမြောက် ဟီးဘရူး အက္ခရာ Yod ကို ရောက်ရှိ လာပါတော့သည်။ ထိုမှ လွန်မြောက်၍ သတ္တမ ရာသီခွင်ဖြစ်သော Libra တူရာသီသို့ ရောက်သည်နှင့် အပြုခံ (Objective) အခြေအနေသို့ စတင် ဆိုက်ရောက်လေသည်။

ဂဏန်းတန်ဖိုး ၅၀ ဖြစ်သော ဟီးဘရူး အက္ခရာ Nun သည် Scorpio ဗြိစ္ဆာရာသီကို ကိုယ်စားပြုပါသည်။ ထိုနေရာတွင် ဖြစ်တည်မှုတို့ အဆုံးသတ်ဖြစ်သော သေခြင်းတရား Death ကတ်ပြား တည်ရှိပါသည်။ ဓနုရာသီ Sagittarius တွင် Tav ၏ ဖြစ်တည်မှု ရုပ်သဘောတရားတို့ အဆုံးသတ်လေပြီး... Material Realization ဟူသော ရုပ်အပေါ်တွင် ထိုးထွင်းသိမြင်မှုတို့ ဆိုက်ရောက်လေပြီ။ ထိုစည်းမျဉ်းကို လွန်မြောက်လေသည်နှင့် ဂဏန်းတန်ဖိုး ၇၀ ကို ကိုယ်စားပြုသော မကာရရာသီ Capricorn ကို ရောက်လေသည်။ ထိုအချိန်တွင် Spiritual Realization ဟူသော နာမ်ဆိုင်ရာ ထိုးထွင်းသိမှုတို့ကို ဖြတ်သန်းလေပြီး ၉၀ - မသဘာဝဖြစ်စဉ် (Femininity) ကုံရာသီ နှင့် ၁၀၀ - ဖိုသဘာဝတရား (Masculinity) မိန်ရာသီ တို့ဖြင့် ပြည့်စုံသော ခရီးကို ဆိုက်ရောက်လေတော့သည်။

အထက်ပါ ၁၂ ရာသီ သင်္ကေတတို့၏ ရွေ့လျားဖြစ်တည်မှုသည် လက်တွေ့တွင် 2 Dimension ဟုခေါ်သော နှစ်ဘက်မြင်ပုံစံမျိုး မဟုတ်ဘဲ 3 Dimensional Journey (သုံးဘက်မြင် ခရီးစဉ်) ဖြစ်လေသည်။ ထို့ကြောင့် Cube ဟု ခေါ်သော ကုဗတုံးပုံ တစ်ခုပေါ်တွင် ပုံဖော် နေရာချကြည့်ပါမည်။ ကုဗတုံး၏ အနား ၁၂ ခုတွင် ရာသီ ၁၂ ခုကို ကိုယ်စားပြုသော သင်္ကေတ ၁၂ ခုကို စိတ်ကူးယဉ်ကြည့်ကြပါစို့။

စွမ်းအင်ရွေ့လျားမှုသည် Aries မိဿရာသီ (The Emperor) မှ စတင် နေရာချရမည်ဖြစ်ပြီး ပြိဿ၊ မေထုန်၊ ကရကဋ် စသည်ဖြင့် ဆက်လက်နေရာချရမည်ဖြစ်သည်။ ပွေ့ဖက်နေသော စွမ်းအင်တို့ အပြန်အလှန် ချိတ်ဆက် ဖြစ်တည် တိုးတက်လာမှု (inter-relationship and structural development of two intertwined energies) ကို တွေ့ရမည့်အပြင် Aleph အက္ခရာရဲ့ အတွင်းရှင်သန်မှု စွမ်းအင် (Interior Energy of Life) နှင့် Yod အက္ခရာရဲ့ အပြင်ပန်း တည်ရှိမှု စွမ်းအင် (Exterior Energy of Existence) ကိုပါ ပြဆိုပါတယ်။

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

နောက်ထပ် ဖြစ်တည်လာတဲ့ ၀င်ရိုးလေးခုကတော့ အနာဂတ်/ ရုပ်ပိုင်း ဖွဲ့စည်းမှု (Future/ Material Structuration) နဲ့ အတိတ်/ စိတ်ပိုင်း တိုးတက်တည်မှု (Past/ Psychological Development) တို့ကို ချိတ်ဆက်ပေးပါတယ်။ မြောက်ဘက် မျက်နှာပြင်မှာ ဟီးဘရူးအက္ခရာ Tayt ကို ကိုယ်စားပြုတဲ့ သိဟ်ရာသီ Leo က ကန်ရာသီ ဖြစ်တဲ့ Yod အက္ခရာကို မျိုးစေ့ချပေးသူ အနေဖြင့် ရှိပါသတဲ့။ တောင်ဘက် မျက်နှာပြင်ရဲ့ အပေါ်နဲ့ အောက်မှာတော့ အမျိုးသမီး (ကုမ်ရာသီ) နှင့် အမျိုးသားသဘာဝ (မိန်ရာသီ) တို့ ရှိပါတယ်။

(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

တကယ့် သဘာဝ တည်ရှိမှုအားဖြင့် သတ္တမမြောက် ရာသီခွင် သင်္ကေတဖြစ်သော တူရာသီ Libra ဖြင့် စစ်မှန်ခြင်း သရုပ်သကန် ပေါ်လာလေသည်။ ဟီးဘရူး ဂဏန်းတန်ဖိုး ၅ - ၆ - ၇ - ၈ - ၉ - ၁၀ (မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်) တို့ကို ဖြတ်သန်းပြီး ဂဏန်း တန်ဖိုး ၃၀ ရှိသော Lamed အက္ခရာဖြင့် သမ မျှတခြင်းကို ကိုယ်စားပြုသောအခြေနေသို့ ရောက်ရှိလေသည်။ (အနောက်ဘက်မျက်နှာပြင်သည် တူရာသီ Libra တွင် စတင် ဖြစ်တည်သည်ဟု မှတ်ယူရန်) ထိုအနောက်ဘက် မျက်နှာပြင်၌ပင် တည်ရှိဖြစ်တည်မှုတို့ အဆုံးသတ်သော Death ကို ဆိုက်ရောက်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုတို့ ပြန်လည်မစတင်မီ Psychological Death ဟူသော စိတ်ပိုင်းဆိုင်ရာ သေဆုံးမှု (ဓနုရာသီ) ဖြတ်သန်းရပြီး... နောက်ဆုံးပိတ် မကာရရာသီ (Capricorn) တွင် ပြန်လည် မွေးဖွားခြင်း စတင်လေတော့သည်။


(Source: http://www.psyche.com/psyche/cube/cube_tarot12.html)

ဒီပို့စ်ရဲ့ အပေါ်ဆုံးမှာ ကတ်ပြား ၁၂ ချပ်ကို ပေါင်းထားတဲ့ ပုံ ရှိပါတယ်။ အနှစ်ချုပ်အနေနဲ့ ပိုပြီး ရှင်းသွားအောင် အရပ်မျက်နှာတွေနဲ့ ကတ်ပြားတွေကို ဇယားလေးနဲ့ ထပ်မံ ဖော်ပြချင်ပါတယ်။ ဒီတစ်ခေါက်တော့ များသွားပြီမို့ နောက်အခေါက်တွေ ရေးတဲ့အခါ ကျန်တဲ့ ကတ်ပြား ၁၀ ခုရဲ့ အရပ်မျက်နှာတွေကို ပြောပြချင်ပါတယ်။

Energetic Structure of the Zodiac: First Six Autiot/Signs
5 6 7 8 9 10
Aries Taurus
GeminiCancer Leo
Virgo
North
East
South
East
East
Above
East
Below
North
Above
North
Below

(Source: An Introduction to the Study of the Tarot)


Energetic Structure of the Zodiac: Last Six Autiot/Signs
30 50 60 70 90 100
Libra Scorpio Sagittarius
Capricorn
Aquarius Pisces
North
West
South
West
West
Above
West
Below
South
Above
South
Below

(Source: An Introduction to the Study of the Tarot)

တားရော့ကို လိုက်စားတဲ့ နေရာမှာ ကမ္ဘာအရပ်ရပ်က လူပေါင်းစုံ ဘာသာပေါင်းစုံက ပါဝင်ပါတယ်။ ဒါကြောင့် တားရော့ဟာ ပညာရပ်ပေါင်းဆုံနဲ့လည်း ဆက်နွှယ် ပတ်သက်နေပါတယ်။ Alchemy ဆိုတဲ့ အဂ္ဂိရတ် ပညာတွေနဲ့ ပတ်သက်နေနိုင်သလို Astrology ဆိုတဲ့ နက္ခတ်ပညာ တွေနဲ့လည်း ဆက်နွှယ်နိုင်ပါတယ်။ ဘာသာစကား ပေါင်းစုံကို ပြောကြားနိုင်တဲ့ တားရော့မှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပေါင်းစုံရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် တားရော့ကို တကယ့် နှလုံးသားထဲကနေ ခံယူမွေးဖွားထားကြသူ မည်သူမဆို အတွက်တော့ အဆုံးသတ်ခရီးမှာ ရွှေနန်းတော်ကြီးကို မြင်တွေ့ရမှာ အမှန်ပါပဲလို့ ဆိုချင်ပါတယ်။

မေတ္တာဖြင့်
မိုးသူ

References:
  • An Introduction to the Study of the Tarot, Paul Foster Case
  • The Amazing Book of Tarot, Joan Moore
  • http://www.factsbehindfaith.com/default.aspx?intContentID=36
  • http://www.psyche.com/psyche/cube/cube_tarot12.html
  • http://en.wikipedia.org/wiki/Sefer_Yetzirah
  • http://thupyadict.blogspot.com/

2 comments:

  1. မမိုးသူ ကောင်းတယ်ဗျ အားလုံးကိုယ်စား လေ့လာအကျိုးပွားစေမယ့်ဆောင်းပါးဖြစ်လို့ .. ကျေးဇူးတင်ကြောင်း။

    ReplyDelete
  2. တိုင်ပတ်သွားပါတယ်။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။