Wednesday, May 18, 2011

အတွေးဖတ်စာ



ဗေဒင်ဆရာ။ ။ ခင်ဗျားက ကုမ်ရာသီဖွားနော်

ကျွန်တော်။ ။ ဟုတ်ကဲ့

ဗေဒင်ဆရာ။ ။ ကုမ်ရာသီဖွားတွေအနေနဲ့ ဘာမဆိုကို သိနေတတ်တယ်

ကျွန်တော်။ ။ ဟုတ်လား ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် လက်တွေ့မကျတာတွေဆို ယုံတဲ့သူ မဟုတ်ဘူး

ကျွန်တော်။ ။ အမှန်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူတပါးရဲ့ အကြံဉာဏ်ကိုလည်း အလွယ်တကူ လက်မခံတတ်ဘူး

ကျွန်တော်။ ။ ဒါလည်း အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ပြီးတော့ စိတ်ထဲက မပါရင် ဘာမှလိုက်မလုပ်ဘူး

ကျွန်တော်။ ။ ဒါလည်း မှန်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ကိုယ့်ကို ဆရာလာလုပ်တဲ့သူတွေဆိုလည်း ကြည့်မရဘူး

ကျွန်တော်။ ။ အမှန်ပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘဝအတွက် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးလုပ်တတ်တဲ့သူလည်း ဖြစ်တယ်

ကျွန်တော်။ ။ ဟုတ်တယ်ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောတာကိုလည်း စိတ်ရှည်ရှည် နားမထောင်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ အရမ်းလည်း အငြင်းသန်တယ်

ကျွန်တော်။ ။ ဒါလည်း ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောသမျှ ချက်ချင်းလည်း ခေါင်းမညိတ်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပေါ့ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘယ်ကိစ္စမဆို အကြာကြီး တွေးပြီးမှ တုန့်ပြန်တယ်

ကျွန်တော်။ ။ အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ခြေခြေမြစ်မြစ် ယုတ္တိမတန်ရင်လည်း သဘောမတူဘူး

ကျွန်တော်။ ။ ဒါလည်း ဟုတ်နေပြန်ရောဆရာ

ဗေဒင်ဆရာ။ ။ အဲဒါ ခင်ဗျားရဲ့ စရိုက်လက္ခဏာတွေ

ကျွန်တော်။ ။ ဟုတ်၊ အကုန်နီးပါးကို မှန်ပါတယ်ဆရာ

................................................................................................

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

Wednesday, September 29, 2010

တားရော့နှင့် သူ၏ ရုပ်ပုံများ (၃)



(Source: http://hermetic.com/crowley/equinox/)

တကယ်တမ်း ဒီဆောင်းပါးအခန်းဆက်တွေကို တာဝန်ယူရေးတာက မမိုးသူပါ။ ကျွန်တော်က သူဘာသာပြန်ထားတာကို နှမ်းဖြူးသဘော ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပုံတွေ ရှာထည့်၊ ဆွဲထည့် ပေးတာပဲ လုပ်ခဲ့တာပါ။ ခု သူက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အင်မတန်မှ အလုပ်များလေတော့ ဒီဆောင်းပါး အဆက်ကို ကျွန်တော်ကပဲ ကြိုးစားပြီး ဘာသာပြန် တင်ဆက်ပေးတာပါ။ တားရော့ရဲ့ သင်္ကေတတွေက A ကနေ Z အထိ စဉ်လိုက်မယ် ဆိုရင်ဖြင့် အတော်လေး များလေတာကြောင့် အခန်းတော်တော်များများ ဆက်ပြီး ရေးရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲ မမိုးသူ အဆင်ပြေတဲ့အခါ သူပဲ ဆက်လက်လို့ ရေးသားပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

+ + + + + + +

Wednesday, September 22, 2010

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား


ဒီဆောင်းပါးက ကျွန်တော်ရေးသားထားခြင်း မဟုတ်ပါ။ အတွဲ (၁၀) အမှတ် (၉) စက်တင်ဘာ ၂၀၁၀ ထုတ် သူရဇ္ဇမဂ္ဂဇင်းမှ “လှမြင့် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ကူးယူပြီး ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=========================================

မြန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။

အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့်အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။

Wednesday, September 15, 2010

ဗေဒင်ဆရာဆိုတာ (၃)



The crisis of today is the joke of tomorrow.
(H. G. Wells)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++

Wednesday, August 4, 2010

ဗေဒင်ဆရာဆိုတာ (၂)



My way of joking is to tell the truth. It is the funniest joke in the world.
(George Bernard Shaw)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



Saturday, July 31, 2010

မွေးနေ့ မွေးရက် ပြောမယ်



ဆရာ။ ။ ကဲ... ထိုင်ပါ... ဘာကိစ္စပဲ ရှိရှိထိုင်ပါ

မေးသူ။ ။ ဟုတ်ကဲ့၊ ကျွန်မအခက်အခဲ ရှိနေလို့...

ဆရာ။ ။ ဘာအခက်ခဲပဲ ရှိရှိ ဆရာနဲ့ တွေ့ရင် ပြေလည်သွားစေရမယ်

မေးသူ။ ။ ဟုတ်ကဲ့... ကျွန်မနာမည်က...

ဆရာ။ ။ နေဦး... ဘာမှ မပြောနဲ့ဦး... ခဏရပ်ပါ။ ခင်ဗျားမွေးတဲ့ နေ့နံ ဒီအင်းကွက်ထဲမှာ ပါလား။

မေးသူ။ ။ ဘာကိုလဲ ဆရာ...

ဆရာ။ ။ ခင်ဗျားရဲ့ နေ့နံ့ကို ပြောတာ၊ တနင်္လာလား၊ အင်္ဂါလား ဆိုတာ။ ကျွန်တော့်ကို ပါရင် ပါတယ် မပါရင် မပါဘူးပဲပြောပါ၊ မွေးနေ့ကို ပြောစရာ မလိုပါဘူး။ ပါလား ဒီအထဲမှာ...

မေးသူ။ ။ ဟုတ်ကဲ့၊ ပါပါတယ်။

ဆရာ။ ။ ဒီအထဲမှာကော...

မေးသူ။ ။ မပါပါဘူး ဆရာ။

ဆရာ။ ။ သေချာတယ်နော်...

မေးသူ။ ။ ဟုတ်ကဲ့၊ သေချာပါတယ်

Friday, July 30, 2010

လီနော်မန်အကြောင်း တစေ့တစောင်း စကားစမြည်


အခု တလော ရေပန်းစားနေတဲ့ ဗေဒင်ဂေါ့ဒ်ဖားသားလေး K က ကျွန်တော့်ကို အင်တာဗျူး ထားတာလေးပါ။ ဒါကို “လီနိုမန်တစ္ဆေ (သို့) ဆရာအုပ်စိုးနှင့် လီနိုမန်အကြောင်း တစေ့တစောင်း၊ စကားစမြည်” ဆိုပြီး သူ့ဘလော့ဂ်မှာ ဖော်ပြပြီးပါပြီ။ ကျွန်တော်က မှတ်တမ်းအနေနဲ့ ဘလော့ဂ်မှာ သိမ်းဆည်း ချင်တာရယ်၊ လီနော်မန် လေ့လာတဲ့ သူတွေလည်း ဖတ်ရအောင် တင်လိုက်တာပါ။ ကျွန်တော်နဲ့ သူ့ရဲ့ အင်တာဗျူးတွေ အကြောင်း ပြောရမယ်ဆိုရင် သူက ကျွန်တော့်ကို အရင်ဆုံး စပြီးတော့ အင်တာဗျူးတာပါ။ သူကကျွန်တော့်ကို ဗျူးတဲ့အခါ ကျွန်တော်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ သူ့ကို ပြန်ဗျူးတာပါ။ ကျွန်တော့်ကို ဆရာဦးဝင်းငြိမ်းတို့၊ ဦးမြတ်ခိုင်တို့ ဝင်စားသလားလို့ပြောပြီး မေးသွားတဲ့ K ရဲ့ မေးခွန်းတွေကလည်း အတော့်ကို ဦးစားပါတယ်။ တစ်ခုချင်းဆီကို အတတ်နိုင်ဆုံး တတ်သိသလောက် ကြိုးစားပြီး ဖြေပေးထားပါတယ်။ ကဲ... အသာမနေ လျှာရှည်လေတဲ့ ဆရာကေ... နောင်အဟုတ်မဆိုး ရလေအောင် မောင်အုပ်စိုးက မရှောင် အဟုတ် အတိုးနဲ့ ဖြေလိုက်ပါတယ်ဗျာ။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

====================================================

Wednesday, July 28, 2010

ဗေဒင်ဆရာဆိုတာ (၁)



A joke is a very serious thing.
(Winston Churchill)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++



Saturday, July 24, 2010

ဗေဒင်ဂေါ့ဒ်ဖားသားနှင့် အင်တာဗျူး



(Source: http://www.sxc.hu/photo/1185571)

K ဆိုတဲ့ မြန်မာဗေဒင်ပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ http://www.baydingodfather.co.cc/ ဆိုတဲ့ ဘလော့ဂ်လေးက မြန်မာအွန်လိုင်း ဗေဒင်လောကမှာ ပေါ်ထွက်လာတာ သိပ်မကြာသေးပါဘူး။ K ဆိုတာ ဘယ်သူလဲ King လား၊ Killer လား၊ Kid လား ဆိုပြီး သိလိုသူတွေထဲမှာ ကျွန်တော် အမောင်အုပ်စိုးလည်း ပါပါတယ်။ ဒါကြောင့် သိချင်တဲ့ စိတ်ကို မြိုသိပ်မနေတော့ဘဲ စိတ်ထဲပေါ်လာသမျှကို စာစီလို့ မေးခွန်းလေးတွေပြုပြီး သူ့ထံကို ပို့လိုက်ပါတော့တယ်။ ဒီအင်တာဗျူးက ကျွန်တော် သိလိုသလောက်သာ ဖြစ်တဲ့အတွက် မေးခွန်းတွေ မေးခဲ့တဲ့အထဲမှာ တချို့ ဆရာတွေ သိချင်တာ၊ မေးချင်တာတွေ ပါချင်မှပါပါလိမ့်မယ်။ ကျန်ခဲ့တာတွေ ရှိကောင်း ရှိပါမယ်။ အဲဒီမေးခွန်းတွေကိုတော့ သူ့ရဲ့ လိပ်စာကို ကိုယ်တိုင် ဆက်သွယ်ပြီး မေးမြန်းကြပါလို့ အကြံပြုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=======================================================

ဗေဒင်ဆိုတာ မြန်မာဝေါဟာရပါ။ God Father ဆိုတာက အင်္ဂလိပ် ဝေါဟာရပါ။ ဒီတော့ ဗေဒင် ဂေါ့ဒ်ဖားသားဆိုတာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့တဲ့ နာမည်ဖြစ်ပြီးတော့ ဂေါ့ဒ်ဖားသား ဖြစ်တည်လာရခြင်းရဲ့ နောက်ခံသမိုင်းကြောင်းလေးကို ပြောပြနိုင်မလားဗျာ။

Wednesday, July 14, 2010

မြန်မာမှု တားရော့


မြန်မာမှု တားရော့ပါ။ ရန်ကုန်က မိတ်ဆွေတစ်ယောက်က ကျွန်တော့်အတွက်ဆိုပြီး တကူးတက ဝယ်လာခဲ့တာပါ။ ကြည့်လိုက်တော့ ဆရာမင်းသိင်္ခ ဖန်တီးထားတာ ဖြစ်နေပါတယ်။ မေဂျာကတ် ၂၂ ချပ်တည်း ပါပါတယ်။ မြန်မာမှု ပန်းချီဆရာကြီး ဦးအေးမြင့်ရဲ့ မြန်မာဆန်တဲ့ လက်ရာတွေနဲ့ပါ။ တော်တော်လေး မြန်မာဆန်တဲ့ တားရော့ပါ။

ဒီနေရာမှာ ပြောချင်တာက ဒီပို့စ်ကိုရေးရခြင်းက ဝေမျှလိုရင်း သက်သက်ဖြစ်ပါတယ် ဆိုတာကိုပါ။ ဖဲထုပ်ကို ကြော်ငြာတာ မဟုတ်သလို၊ ဖဲထုပ်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ဝေဖန်သွားမှာလည်း မဟုတ်ပါဘူး။ ဖဲထုပ်ကို သပ်သပ်ရပ်ရပ်ကလေး ဗူးနဲ့ ထည့်ထားပါတယ်။ ထိုစာအုပ်ရဲ့ အမှာစာ တစ်စိတ်တစ်ပိုင်းမှာ ဆရာမင်းသိင်္ခက...
လူအများ သုံးစွဲရ လွယ်ကူစေရန်နှင့် မြန်မာဆန်စေရန် မူရင်း နိမိတ်ပုံများကိုလည်း ကျွန်ုပ်ကိုယ်တိုင် အာရုဏ်ခံ စဉ်းစား စီစဉ်ကာ ကျွန်ုပ်လေးစားရသော မြန်မာမှု သုတေသီ ပန်းချီဆရာကြီး ဦးအေးမြင့်ထံတွင် ရေးဆွဲခိုင်းပြီးလျှင် သေချာစွာ စီစစ်၍ ကတ်ပြားများ ရိုက်နှိပ်ရန် စီစဉ်လေတော့၏

ဟု ဆိုထားလေသည်။

Sunday, June 27, 2010

STAR+GATE



မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုလက်ဆောင်ပေးတာပါ။ STAR+GATE: A Tool for Intuition လို့ နာမည်ရပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ Since Game (သိပ္ပံကစားနည်း) တစ်ခုလိုလို ဖြစ်နေပါတယ်။ ဗူးရဲ့ ဒီဇိုင်းကလည်း အဲလို ဖြစ်နေပါတယ်။ သေချာကြည့်တော့ မဟုတ်ပါဘူး။ တားရော့၊ လီနော်မန် တို့လိုပဲ ကံကြမ္မာဖတ်ရာမှာ အသုံးချလို့ရတဲ့ ကတ်တွေ ဖြစ်နေတာပါ။ အားလုံးကတ်ပြား စုစုပေါင်း ၉၆ ခု ပါပါတယ်။ စာအုပ်ထဲမှာ ရေးထားတာလေး တချို့ကို မျှချင်ပါတယ်။

STAR+GATE ဆိုတာဟာ ကစာနည်း၊ ကိရိယာ၊ စနစ်၊ လမ်းစဉ်၊ အတွေ့အကြုံ ကြိုက်သလို ခေါ်လို့ရပါတယ်။ အကုန်လုံးဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ STAR+GATE ကို စကားလုံး တစ်လုံးတည်းနဲ့ တိတိကျကျ ဖော်ပြလို့မရလို့ပါပဲ။

အတိုချုံးပြောရရင် STAR+GATE ဆိုတာဟာ Symbolic Cards ဆိုတဲ့ အထူးသင်္ကေတတွေ ရိုက်ထားတဲ့ ကတ်တွေကို ဆွဲထုတ်ပြီး အဖြေရှာသုံးသပ်တဲ့နည်းပါပဲ။ တဆင့်ချင်း အဖြေထုတ်သွားမယ်ဆိုရင် STAR+GATE ကို သင့်ရဲ့ နေ့စဉ်ဘဝမှာ တကယ့်အရေးကိစ္စတွေကို ရှင်းလင်းအဖြေရှာတဲ့နေရာမှာ အသုံးချနိုင်ပါလိမ့်မယ်။

Wednesday, June 23, 2010

လီနော်မန် တားရော့

(Source: http://file1.carookee.com/forum/Magieschule-Lenk/3/file/3625280/lenormand-tarot401.jpg?w)

“လီနော်မန် တားရော့” တဲ့ဗျာ။ စိတ်ဝင်စားစရာပါပဲ။ တားရော့က ၇၈ ချပ် ရှိတယ်။ လီနော်မန်က ၃၆ ချပ်ရှိတယ်။ အဲဒါကို ပေါင်းပြီးတော့ ၁၁၄ ချပ်များ လုပ်ထားလေသလား။ အသစ်များ ပေါ်လေသလား ဆိုပြီး လေ့လာကြည့်တော့ မဟုတ်ပါဘူး။ တားရော့ဖဲထုပ် ဖြစ်နေတာပါ။ ၇၈ ချပ်ပဲ ရှိပါတယ်။ တားရော့ကို လီနော်မန် ကတ်တွေနဲ့ ဆင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

တားရော့ကို လီနော်မန် ဖဲချပ်တွေရဲ့ Feeling ကို ယူပြီး ဖန်တီးထားတာဆိုပဲ။ ပြင်သစ်ပြည်ရဲ့ နောက်ခံသဘာဝတွေ ပါအောင် ဖန်တီးထားတဲ့အပြင် လီနော်မန် ကတ်တွေရဲ့ ပန်းချီပုံတွေနဲ့ပါ ခပ်ဆင်ဆင် တူအောင် ဆွဲထားလေတော့ ရုတ်တရက် ကြည့်လိုက်ရင် လီနော်မန်နဲ့ ဆင်တဲ့ တားရော့တွေပါပဲ။ သဘောကျပါတယ်။ တားရော့ ဆရာ၊ ဆရာမကြီးတွေတော့ ကြိုက်မယ့်ပုံ မပေါ်ဘူး။ ပိုက်ဆံရှိတဲ့အခါဖြင့် အင်တာနက်က မှာပြီးဝယ်ထားဦးမှလို့ စိတ်ကူးမိပါတယ်။

Thursday, June 10, 2010

ရိုင်ဒါ ကလုန်းများ

(Source: http://79.170.40.183/celticjems.co.uk/images/products/tar1413.jpg)

ကတ်ဗေဒင်တွေကို စိတ်ဝင်စားတဲ့ ကျွန်တော်ဟာ လီနော်မန်အပြင် တားရော့ကိုလည်း လေ့လာပါတယ်။ ရန်ကုန်မှာ ပထမဆုံး တားရော့ကတ်တွေကို စသုံးတဲ့အခါမှာ ဆရာမင်းသိင်္ခစာအုပ်ထဲမှာ ပါတဲ့ Mythic Tarot ဆိုတာပါ။ နောက်ပိုင်း ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဟောပေးတော့ သူတို့က လက်ဆောင်အနေနဲ့ ဖဲထုပ်တွေ ပေးတယ်။ ကျွန်တော်ကလည်း စုဆောင်းရေးသမားဆိုတော့ အရူးအမဲသားကျွေးသလို ဖြစ်နေတော့တာပေါ့ဗျာ။

ဒီလိုနဲ့ အင်တာနက် လောကရောက်လာတော့ ခင်မင်ရတဲ့ တားရော့ ဆရာဆရာမတွေဖြစ်တဲ့ ကိုချမ်းမြေ့ဦး၊ မမိုးသူတို့နဲ့ ဆုံပါတယ်။ နောက် မိတ်ဆွေတွေဖြစ်တဲ့ ကိုရန်းဂန်း၊ ကိုစိုင်းအောင်... သူတို့တွေကို မေးကြည့်တယ်။ ဘယ်ဖဲထုပ်ကို အသုံးပြုတာ များသလဲ ဆိုတော့... ရိုင်ဒါလို့ ပြောကြတယ်။ တားရော့နဲ့ ပတ်သက်လာရင် ရိုင်ဒါမှ ရိုင်ဒါဆိုပဲ။ အဲဒီတုန်းက ဖဲထုပ်တွေ အတွဲလိုက်နဲ့ ကျွန်တော်အမောင် အုပ်စိုးက သူတို့ ပြောတာကို သိပ်ဘဝင်မကျမိတာ အမှန်ပါပဲ။ ဒါနဲ့ သူတို့ အော်အော်နေကြတဲ့ အဲဒီ Rider Waite ဆိုတာကို အင်တာနက် တစ်ခွင်မှာ ခြေဆန့် ရှာမယ်လို့ စဉ်းစားမိတော့တယ်။

ရိုင်ဒါဖဲထုပ်ကို တရားဝင်မဟုတ်ဘဲနဲ့ တားရော့ပညာရှင်တော်တော်များများက ဘာကြောင့် အသုံးပြုကြတာပါလဲ။ နောက်ပြီးတော့ တားရော့သင်တဲ့ စာအုပ်၊ ဆိုက်ဒ်တော်တော်များများကလည်း စသင်တဲ့ လူတွေဟာ ရိုင်ဒါဖဲထုပ်ကို အသုံးပြုသင့်တယ်လို့ ဆိုကြတယ်။ ဒါကကော ဘာကြောင့်ဘာလဲ။ ဒီ ရိုင်ဒါဝိတ် ဆိုတဲ့ ဖဲထုပ်ဟာ အင်မတန်မှ ရှေးကျတဲ့ တားရော့ ဘိုးဘိုးကြီးဖြစ်နေလို့လားလို့ စဉ်းစားမိတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့လည်း မဟုတ်ဘူးဆိုတာ သိရတယ်။ အဲဒီ ဖဲထုပ်ဟာ ၁၉၁၀ ခု ပတ်ဝန်းကျင်လောက်ကမှ ထွင်ထားတာ ဆိုပဲ။ (Ref: http://en.wikipedia.org/wiki/Rider-Waite-Smith_deck)

Wednesday, May 12, 2010

မာလင်နှင့် စကားစမြည်


(Source: http://startheory.files.wordpress.com/2010/02/merlin-rick-wakeman1.jpg)

မာလင်... “ဒီမှာ...”

အုပ်စိုး... “ခင်ဗျား၊ ဘယ်သူလဲဗျ”

မာလင်... “ငါ၊ မာလင်လေကွာ...”

အုပ်စိုး... “ဗျာ... မာလင်၊ ဟုတ်လား...”

မာလင်... “ဟုတ်တယ်...”

အုပ်စိုး... “အင်း၊ ဒါကြောင့် ဖဲထုပ်ထဲမှာ မြင်ဖူးပါတယ်လို့...”

မာလင်... “မင်းမြင်ဖူးတာ မမြင်ဖူးတာ ထားကွာ၊ မင်းရေးထားတာ မဟုတ်လို့ လာပြောတာ”

အုပ်စိုး... “ဗျာ... ဘာမှားလို့လဲ...”

မာလင်... “မာလင်ရဲ့ တားရော့ ဆိုတော့ ငါ့ တားရော့ထုပ်ကြီး ဖြစ်နေတာပေါ့...”

Tuesday, May 11, 2010

တားရော့နှင့် မေးခွန်းမေးခြင်း



R. T. Kaser ရေးတဲ့ Tarot in Ten Minutes ဆိုတဲ့ စာအုပ်လေးမှာပါတဲ့ မေးခွန်းမေးတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ လေးတွေပါ။ အဲဒီမှာ ပြောပြထားတာက မေးမြန်းတဲ့ မေးခွန်းအပေါ်လိုက်ပြီး တားရော့ ဖဲထုပ်တစ်ထုပ်လုံးကို မသုံးဘဲ လိုအပ်သလောက် ကတ်ကို ဆွဲထုတ်ပြီး မေးမြန်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ တားရော့ ဖဲထုပ်မှာ ဖဲချပ် ၇၈ ချပ်ရှိပါတယ်။ မေဂျာ ၂၂ ချပ်နဲ့ မိုင်နာ ၅၆ ချပ် ရှိပါတယ်။ အဲဒါကို အဲဒီစာအုပ်မှာ အမျိုးအစား ၉ မျိုး ခွဲခြားပြီး ပြပါတယ်။

The First 10 Trumps – For Questions about Wants and Needs
ပထမ မေဂျာကတ် ၁၀ ချပ်ဟာ
လိုချင်မှု၊ လိုအပ်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++

Sunday, May 9, 2010

မာလင်ရဲ့ တားရော့



ဒီနေ့ပဲ လက်ဆောင်ရပါတယ်။ Merlin Tarot လို့ အမည်ရပါတယ်။ လက်ဆောင်ပေးတဲ့လူက ကျွန်တော်နဲ့ အစ်မလို ခင်ရတဲ့ ဘလော့ဂါ မဆုမွန်ပါ။ သူတို့တွေကို လမ်းကြုံရင် တွက်ပေးလေ့ ရှိတာကြောင့် ဒီတစ်ခေါက် ကျွန်တော်တို့ မြို့ကို အလည်လာတဲ့အခါမှာ လက်ဆောင်ဝယ်ပေးခဲ့တာပါ။ ဖဲထုပ်တွေ အများကြီး ရှိနေတာတောင် အသစ်တစ်ထုပ်ရတာ အင်မတန်မှ ပျော်ရွှင်ကြည်နူးရပါတယ်။ သူဝယ်ပြီး လက်ဆောင်ပေးမယ် ပြောတော့လည်း အလွယ်တကူပဲ ခေါင်းငြိမ့်လိုက်ပါတယ်။ ဒီအပျော်တွေကို မျှဝေချင်လို့ပါ (ဒေါ်မိုးသူ မနာလိုဖြစ်စေရန် မဟုတ်ပါ)

ပေးတဲ့လူအကြောင်း မိတ်ဆက်ပြီးပြီ ဆိုတော့ ဖဲထုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တားရော့တွေကို အရူးအမူး ခင်တွယ်တဲ့ ကိုချမ်းမြေ့ဦး ကတော့ သဘောကျချင်မှ ကျပါမယ်။ မေဂျာကတ် ၂၂ ချပ်စလုံးကို နံပါတ်တွေ အကုန်ပြောင်းထားပါတယ်။ တစ်ချပ်မှ မကိုက်ပါဘူး။ ကတ်တွေရဲ့ အစီအစဉ်ကတော့ ဒီအတိုင်း ဖြစ်ပါတယ်။ (ဆြာခြမ်းရေ... လန်ထွက်လို့ ဒန်ခွက်နဲ့ ခေါက်သင့်တယ် ဆိုတာ ဒါမျိုးဖြစ်မယ်...)

Wednesday, April 28, 2010

အန်အယ်လ်ဒီနဲ့ လီနော်မန်


မြန်မာပြည်ရဲ့ အထင်ကရ ပါတီ တစ်ခုဖြစ်တဲ့ အန်အယ်လ်ဒီ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ ကိစ္စဟာဖြင့် မြန်မာ့နိုင်ငံရေး လောကမှာ တော်တော်လေး လှုပ်ရှားမှု ဖြစ်စေခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့ နောက်မှာ အဲဒီအဖွဲ့အစည်းဟာ ဘာများ ဆက်ဖြစ်မလဲဆိုတာကို မိတ်ဆွေတစ်ယောက်က တနေ့က မေးပါတယ်။

ကျွန်တော်ဟာလည်း မည်သည့် ပါတီဝင်မှ မဟုတ်ပါဘူး။ ဒါလေးကို မှတ်တမ်းအနေနဲ့ရယ် လီနော်မန် လေ့လာသူတွေ သိစေဖို့ရယ် ရည်ရွယ်ပြီး ဖော်ပြရခြင်း ဖြစ်ပါတယ်။ မည်သည့်နေရာ ရပ်တည်မှုကနေ ဆုံးဖြတ်ထားခြင်း မဟုတ်ဘဲ လီနော်မန်ကတ်များ၏ နိမိတ်ပုံများအပေါ် ကျွန်တော့် ထင်မြင် ယူဆချက်များသာ ဖြစ်ပါသည်ဟု ဆိုပါရစေ။

ပထမဆုံး အတိတ်ကတ်မှာ... Book ဆိုတဲ့ စာအုပ်ပုံကျပါတယ်။ ဒါဟာ သိပ်မကြာခင်အတိတ်မှာ ပါတီဟာ လျှို့ဝှက်တဲ့ ကိစ္စရပ်တွေ သို့မဟုတ် စာရွက်စာတန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာကို ပြဆိုတာပါ။

Monday, April 26, 2010

ကိုညီညီအတွက် မျောက်မင်းအဖြေ


အစ်ကိုရေ… ကျွန်တော့်ရဲ့ အနာဂတ် အချစ်ရေးလေးကို သိချင်လို့ပါ။ ဘာများဆက်ဖြစ်မလဲ ဆိုတာလေးပါ။

ခင်မင်စွာဖြင့်

ကိုညီညီ


....................................................................................................

ကိုညီညီရေ...

သွက်သွက်လက်လက် ခင်ဗျားရဲ့ မေးခွန်းကို ဖြေဆိုဖို့အတွက် Monkey King ကတ်တွေနဲ့ အဖြေရှာကြည့်ပါတယ်။ မျောက်မင်းဝူခုန်း ကတ်တွေဟာ သဘာဝအားဖြင့် အင်မတန်မှ အပြောင်းအလဲမြန်တဲ့ ကံကြမ္မာရှိတဲ့ ကိုညီလိုလူမျိုးနဲ့ အဆင်ပြေပါတယ်။ ကတ်ပြား ၇ ကတ်ဆွဲကြည့်တော့ အထက်ကအတိုင်း ကျလာပါတယ်။

ပထမဆုံး အတိတ်ကတ် နေရာမှာ Returning to the mountain of flowers ဆိုတဲ့ကတ် ကျပါတယ်။ အဲဒီကတ်မှာ မျောက်မင်းဟာ ဂမ္ဘီရပညာတွေကို ဆည်းပူးပြီးလို့ သူ့နေရပ်ကို ပြန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ကိုညီညီဟာ သိပ်မဝေးခဲ့တဲ့ အတိတ်မှာ ရည်းစားနဲ့ ခွဲရပြီး၊ ကိုယ့်နေရာကိုယ်ပြန်လို့ တစ်ကိုယ်တည်း အထီးကျန်နေတာကို ပြဆိုပါတယ်။ ဒါမှမဟုတ် အရင်က မိတ်ဆွေတွေနဲ့ ပြန်လည်နေထိုင်တာကို ပြဆိုပါတယ်။

Friday, April 23, 2010

ကျွန်တော့်၏ ချမ်းသာမှုများ



ကားရှိတဲ့ သူက ကားမောင်းပြီး ကြွားတယ်၊ ဖုန်းရှိတဲ့သူက ဖုန်းကိုင်ပြီး ကြွားတယ်။ နက္ခတ်ဗေဒင် မှတ်စုများ ဘလော့ဂ်ကို ရေးတဲ့ အမောင် ပခန်းကတော့ ဖတ်ဖူးသော ကျမ်းများ ဆိုပြီး သူ့ဘလော့ဂ်မှာ တင်ထားလေရဲ့။ ဒီတော့ ကျွန်တော် ဗေဒင်ရူး အမောင် အုပ်စိုးလည်း ပိုင်ဆိုင်သမျှ စည်းစိမ်တွေ ဖြစ်တဲ့ ဗေဒင်ဟောတဲ့ ဖဲထုပ်တွေကို ကြွားခြင်းဖြစ်သည်ဟု ဆိုပါရစေ။

ဗေဒင်ဆရာဆိုလို့ အထင်တွေ၊ အမြင်တွေ စွတ်လည်း မကြီးကြဖို့လည်း ပြောလိုပါသေးသည်။ ဒီပြင့် ဗေဒင်တွေ၊ နည်းလမ်းတွေ ဘာဆို ဘာမှကို မသိတာပါ။ အဖေကတော့ KP စနစ်ကို ကျွမ်းကျွမ်း ကျင်ကျင်တတ်ပေမယ့် ကျွန်တော်ကတော့ တနင်္လာဂြိုဟ်ဟာ ဘာရောင်အဆင်းရှိတယ် ဆိုတာကိုတောင် မသိတဲ့လူပါ။ (အဖေ့အကြောင်းကို သိပ်မကြော်ငြာချင်ပါ။ တော်ကြာ မမိုးသူ ကျွန်တော့်အဖေကို ဗေဒင်မေးမှာ စိုးပါသဖြင့်...)

အခြားတစ်ဘက်မှာတော့ ကျွန်တော်ဟာ ကတ်တွေနဲ့ ဟောတဲ့ ဗေဒင်ပညာတွေကို ဘာပဲလာလာ လေ့လာလိုက်စားပါတယ်။ ဘာကတ်နဲ့ပဲ ဟောဟော အကုန် လေ့လာပါတယ်။ ကျန်တဲ့ ဗေဒင်တွေကိုတော့ လေ့လာနေဆဲ သင်ယူနေဆဲပါ။ ကတ်တွေနဲ့ ဟောတာလောက် အားရမှု မရှိတာကြောင့် သိပ်မဟောဖြစ်ခဲ့ပါဘူး။

Sunday, April 18, 2010

ထူးထူးဆန်းဆန်း ကံကြမ္မာဖတ်နည်းများ


(Source: http://zoice.com/wp-content/uploads/2009/04/bald.jpg)

တစ်နေ့က စာကြည့်တိုက် မွှေရင်းနဲ့ Uncle John ရဲ့ Ahh-Inspiring Bathroom Reader ဆိုတဲ့ စာအုပ်ကို ဖတ်မိပါတယ်။ ထူးထူးခြားခြားနဲ့ စုံစီနဖာ၊ သောင်းပြောင်းထွေလာတွေ ပါဝင်တဲ့ စာအုပ်ပါ။ အဲဒီထဲက စိတ်ဝင်စားစရာလေး တစ်ခုကို ဖတ်မိလို့ ပြန်လည် ဝေမျှလိုက်တာပါ။

ကံကြမ္မာဖတ်တဲ့ နည်းတွေများစွာထဲမှာမှ... Taromancy ဆိုတဲ့ တားရော့နဲ့ ဟောနည်းလည်းမကြိုက်၊ Cartomancy ဆိုတဲ့ ဖဲဗေဒင်လည်း မကြိုက် ဘာဆိုဘာမှ မကြိုက်ဘဲ သူများနဲ့မတူ တမူထူးခြား ဆန်းဆန်းပြားပြား နည်းလမ်းတွေနဲ့မှ သင့်အနာဂတ်ကို သိချင်တယ် ဆိုရင်ဖြင့် အန်ကယ်ဂျွန်က ထူးဆန်းတဲ့ ကံကြမ္မာဖတ် နည်းလမ်း ၁၂ ခုကို လမ်းညွှန် ထားပါတယ်။

Scarpomancy (စကာပိုမန်စီ) : ဖိနပ်အဟောင်း တွေကို လေ့လာပြီး ကံကြမ္မာကို ဖတ်ခြင်း။

Tiromancy (တီရိုမန်စီ) : ချိစ်ထောပတ်တုံးပေါ်က ပုံသဏ္ဍန်၊ အချိုင့်တွေ၊ အဖုတွေ စတာတွေကို ကြည့်ပြီး နိမိတ်ကောက်ခြင်း။

Scatomancy (စကက်တိုမန်စီ) : ကိုယ့်မစင်ကိုယ် လေ့လာပြီး အနာဂတ်ကို ခန့်မှန်းခြင်း။ (စပက်တျူလေ မန်စီ - spatulamancy ဆိုတဲ့ အရေပြားတွေ၊ အရိုးတွေ၊ အညစ်အကြေးတွေကို လေ့လာတာနဲ့ မရောထွေး ပါစေနဲ့)

Bibliomancy (ဘီဘလီအိုမန်စီ) : ဘိုင်ဘယ်လ်ဆိုတဲ့ သမ္မာ ကျမ်းစာကို ကောက်လှန်ပြီး တွေ့တဲ့ ပထမဆုံး စာပိုဒ်ကို ဖတ်ကြားပြီး ကံကြမ္မာကို အဖြေရှာခြင်း။ (တချို့ ခရစ်ယာန် အသိုင်းအဝိုင်းမှာတော့ ဒါကို မလုပ်သင့် မလုပ်အပ်လို့ လက်ခံထားပါတယ်)





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။