Monday, January 25, 2010

လီနော်မန် လေ့လာမယ် ဆိုရင်


ပြင်သစ် စစ်ဗိုလ်ချုပ် နပိုလီယန်တောင် ဒေါ်လီနော်မန်ကို လာတိုင်ပင်သတဲ့
(Source: http://marygreer.files.wordpress.com/2008/04/mlle-lenormand-and-napoleon_3.jpg)

မနေ့က မိတ်ဆွေတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်တာလေးကို အားလုံးလည်း သိရအောင် နည်းနည်း edit လုပ်ပြီး ပြန်မျှလိုက်တာပါ။

Nyi: အကို လီနော်မန် လေ့လာမယ် ဆိုရင် ဘယ်ကနေ စရမှာလဲ

me: အင်း... ပထမဆုံး လီနော်မန် ဖဲထုပ်တစ်ထုပ် ရှိဖို့တော့ လိုမယ်။

Nyi: ဟုတ် အကို၊ ဖဲထုပ်ကို ဘယ်မှာ ၀ယ်ရမှာလဲ...

me: အော်... အင်တာနက်မှာ ရှာဝယ်လို့ ရတယ်၊ Ebay တို့ Amazon တို့မှာလေ

Nyi: ဘယ်လို ဖဲထုပ်က သင့်တော်လဲ အကို

Friday, January 22, 2010

လီနော်မန် တစ်ထုပ် လက်ဆောင်ရခြင်း



အင်မတန်မှ ပျော်ပါသည်။ ကျွန်တော် အရူးအမူးလိုချင်နေသော Mystical Lenormad ဆိုသည့် ကတ်ပြားထုပ်လေး လက်ဆောင်ရခြင်းကြောင့်ဖြစ်သည်။ လက်ဆောင်ပေးသူမှာ အခြားသူဟုတ် ဤဘလော့ဂ်ကို ကျွန်တော်နှင့်အတူ ပါဝင် ရေးသားနေသူ... သူငယ်ချင်း မိုးသူဖြစ်သည်။ တားရော့၊ လီနော်မန် ကတ်ပြားများကို မြတ်နိုးသော ကျွန်တော့်အတွက် ဖော်မပြတတ်သော ကြည်နူးမှု ဖြစ်ရပါသည်။ ယခု ကျွန်တော်ရောက်နေသော နိုင်ငံသည် ဗေဒင် အစရှိသည်တို့ ယုံကြည်သော်လည်း လီနော်မန် ကတ်ပြားများကို ၀ယ်၍မရပါ။ တားရော့သာ လူသိပါသည်။ အင်္ဂလိပ် စာအုပ်အဟောင်း ရောင်းသော ဆိုင်များသို့ သွားရောက် မေးမြန်းသည့်တိုင်... လီနော်မန်ကတ်ပြားများကို ဘယ်သူမှ မသိကြပါ။ လီနော်မန်ကတ်ဟု မေးသောသူသည် သဲကန္တာရမှာ ရေရှိမရှိမေးသကဲ့သို့ပင်။ မတွေ့လျှင် လိုချင်လေ ဖြစ်သည်မှာလည်း လူတို့ သဘာဝပေတည်း။

Monday, January 18, 2010

ကိုအမောင်ပခန်း အတွက် လီနော်မန် တစ်သက်စာ

အနာဂတ် ရပ်တည်မှုအတွက် လီနော်မန် ကတ်ပြားတွေနဲ့ တစ်သက်တာ အမြင်လေး ဖတ်ရှုပေးဖို့ တောင်းဆိုလာတဲ့ ကိုပခန်းအတွက် တွက်ချက်လိုက်ပါတယ်။ သူငယ်ချင်း မမိုးသူက သူ့ပို့စ်မှာ ပြောခဲ့သလိုပါပဲ ဒါဟာလည်း ကျွန်တော် လီနော်မန် ကတ်တွေနဲ့ ခပ်ဝေးဝေးကို ပထမဆုံး တွက်ချက်ကြည့်ခြင်း ဖြစ်ပါတယ်။ အဲဒီတော့ လိုအပ်ချက်များ ရှိခဲ့ရင်ဖြင့် နားလည် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။

ဒီမှာ အသုံးပြုတဲ့နည်းကို မြင်းခွာပုံ ဖြန့်ကျက်နည်း (Horse Shoe Spread) လို့ ခေါ်ပါတယ်။ ကတ်ပြား ၇ ချပ်ကို အသုံးပြုပြီး ဟောကြားတဲ့ နည်းဖြစ်ပါတယ်။ ကိုပခန်းရဲ့ ကံကြမ္မာကို တွက်ချက်ဖို့ ဖြန့်ကျက်လိုက်တဲ့ အခါမှာ ကျလာတဲ့ ကတ်ပြား ၇ ချပ်ကတော့ အောက်က အတိုင်းဖြစ်ပါတယ်။

Sunday, January 17, 2010

အမုန်းလျှောက်ထိုးညွှန် သုံးခြောက်ကိုးခွန်

(Source: http://www.crnewswire.com/content/media/haiti%20map.jpg)

၉ ဂဏန်းနဲ့အတူ ၃၊ ၆၊ ၇ ဂဏန်းတွေရဲ့ ထူးခြားချက်ကို သိပ်မကြာခင်က ပို့စ်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီဂဏန်းတွေ တကယ်ပဲ ထူးခြားပါသလား ဆိုတာကို ဟေတီငလျင်က မေးခွန်းထုတ်နေပါတယ်။ ဟေတီ ငလျင်နဲ့ ပတ်သက်ပြီး ဆရာ့ဆရာတွေက နည်းလမ်း ပေါင်းစုံနဲ့ ပြောနေကြတုန်းပါပဲ။ ဒီပို့စ်မှာတော့ သင်္ချာဗေဒ ရှုထောင့်ကနေ လေ့လာတဲ့ အမြင်ကို ပြောပြချင်ပါတယ်။ အင်္ဂလိပ် အက္ခရာတွေကို ဂဏန်းအဖြစ် ပြောင်းတဲ့နေရာမှာ ကျွန်တော် အသုံးပြုတဲ့ နည်းကတော့ အိန္ဒိယ ဂဏန်းဗေဒင်နည်းပါ။ အနောက်တိုင်း နည်းမဟုတ်ပါဘူး။ အဲဒီနည်းမှာ ၉ ဂဏန်းက ကိုယ်စားပြုတဲ့ အက္ခရာမရှိပါဘူး။ ကိုင်ရိုရဲ့ နည်းစနစ်နဲ့ အတူတူပဲလို့ ထင်ပါတယ်။ ဒီနည်းနဲ့ လေ့လာ ဆန်းစစ်ကြည့်တဲ့အခါ...

Tuesday, January 12, 2010

ကိုအမောင်ပခန်း အတွက် တားရော့ တစ်သက်စာ

ကျွန်တော့်နာမည် ကိုပခန်းလို့ ခေါ်ပါတယ်။ တားရော့ပညာကို စိတ်ဝင်စားပါတယ်။ လေးလည်းလေးစားပါတယ် ခင်ဗျာ။ ကျွန်တော့် အနာဂတ် ဘ၀ရပ်တည်မှု အတွက် တားရော့ပညာရပ်အရ အမြင်လေးကို သိချင်ပါတယ် ခင်ဗျာ။ လိုအပ်တဲ့ Data အချက်အလက်ကိုလည်း တောင်းခံနိုင်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ကိုပခန်း


လွန်ခဲ့တဲ့ လေးလလောက်က ဗေဒင်ဟောဖို့ တောင်းဆိုထားတဲ့ email တွေထဲမှာ နက္ခတ်ဗေဒင်မှတ်စုများ ကို စိတ်ရှည်လက်ရှည် ရေးသားတင်ဆက်နေသူ ကိုပခန်းဆီက စာတစ်စောင် ပါပါတယ်။

အရင်က တားရော့ အတွေ့အကြုံကို ပြောပြတဲ့ post တစ်ခုမှာ ရေးခဲ့ဖူးပါတယ်။ ဝေးကွာလွန်းတဲ့ အနာဂတ်ကို တားရော့နဲ့ သိပ်မခန်းမှန်းချင်ဘူးဆိုတာပါ။ နောက်တစ်ချက်က ကိုယ်တိုင် စနစ်တကျတွက်ချက်လေ့လာနေတဲ့ နက္ခတ်ဗေဒင် ဆရာတစ်ယောက်ကို မဟောရဲတာကိုပါ ရောချပြီး ‘ကိုပခန်းရေ.. နောက်မှ.. နောက်မှ’ လို့သာ စကားပြန်ခဲ့ပါတယ်။

Sunday, January 3, 2010

လျှပ်တစ်ပြက် လီနော်မန်



လီနော်မန်ကတ်နဲ့ ဟောတတ်တဲ့ ကျွန်တော့်ကို မကြာခဏ မေးကြတဲ့ မေးခွန်းတွေ ရှိပါတယ်... `လီနော်မန် ဆိုတာ တားရော့ပဲလား´ ... `လီနော်မန်ကတ်တစ်ထုပ်မှာ ကတ်ပြား ဘယ်နှစ်ချပ်ရှိတာလဲ´ ... `သင်လို့ကော လွယ်ကူပါသလား´... စသဖြင့်ပေါ့။

အဲဒီမေးခွန်းတွေကို ဖြေရရင်ဖြင့်... လီနော်မန်ဟာ တားရော့မဟုတ်ပါဘူး၊ ဒါပေမယ့် တားရော့လိုမျိုး ကံကြမ္မာဖတ် ကတ်ပြားတွေပါပဲ လို့ ဖြေရမှာပါ။ လီနော်မန် ကတ်ပြားတစ်ထုပ်မှာ စုစုပေါင်း ကတ်ပြား ၃၆ ချပ် ရှိပါတယ်။ ၃ + ၆ = ၉ ရပါတယ်။ တားရော့မှာ စုစုပေါင်း ကတ်ပြား ၇၈ ချပ်ရှိပါတယ်။ ၇ + ၈ = ၁၅ = ၁ + ၅ = ၆ ရပါတယ်။ ၆ နဲ့ ၉ ကို Reversal Number တွေလို့ တချို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ ဒါကြောင့် တားရော့နဲ့ လီနော်မန်ကို မွေးချင်းတွေလို ကျွန်တော် ယူဆပါတယ်။

Wednesday, December 30, 2009

၂၀၁၀ နှင့် မြန်မာပြည်


(Source: http://rlv.zcache.com/myanmar_2010_calendar-p1585559883725566372xqnz_400.jpg)

(မှတ်ချက်။ ။ သိလိုစိတ် အရင်းခံသက်သက်ဖြင့် တွက်ချက်ကြည့်ခြင်းသာ ဖြစ်ပါသည်။ မည်သည့်ရည်ရွယ်ချက်မှ မရှိပါ။)

၂၀၁၀ ကို ဂဏန်းဗေဒင်အားဖြင့် တစ်လုံးတည်း ကျန်အောင် ပေါင်းလိုက်သော ၂ + ၀ + ၁ + ၀ = ၃ ဂဏန်းရပါသည်။ သို့ဖြင့်၍ ၂၀၁၀ သည် ၃ ဂဏန်း ကြီးစိုးသည့် နှစ်ဟုလည်း ပြောနိုင်ပါသည်။ ယေဘုယျအားဖြင့် အနောက်တိုင်းကော အရှေ့တိုင်းအယူအဆ တော်တော်များများအရ ၃ ဂဏန်းသည် ထူးခြား ဆန်းပြားသော ဂဏန်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၃ ကို Three Times Lucky ဟု အနောက်တိုင်းတွေက အယူရှိကြသည်။ ခရစ်ယာန်ဘာသာဝင်တွေမှာ Trinity ဆိုပြီး ရှိသလို၊ ဗုဒ္ဓဘာသာမှာ ရတနာသုံးပါး ရှိပါတယ်။ MYANMAR ဆိုတဲ့ နာမည်ကို Indian Numerology နည်းအရ တွက်ကြည်ရင် ၉ ဂဏန်း ရရှိပြီး... BURMA ကတော့ ၆ ဂဏန်း ရရှိပါတယ်။

Sunday, September 13, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၂ )



တားရော့နဲ့ အချိန် ကာလ ကို ခန့် မှန်းခြင်း

တားရော့ ဟောရင် ကြုံရတဲ့ ပြသနာတခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့
''ဘယ်တော့လဲ ဘယ်အချိန်လဲ ''ဆိုတဲ့ မေးခွန်းကိုဖြေဖို့ပါ။
ကျွန်မရဲ့ အတွေ့အကြုံအရတော့ တားရော့ရဲ့အဟောက သိပ်ဝေးဝေးတော့ မသွားတတ်ပါဘူး။ မြန်ဆန်တတ်ပါတယ် ။
အဲဒီမှာ ကျွန်မ လေ့လာ တွေ့ရှိသမျှ ပုံသေနည်းမကျ ဘာမကျ အချိန်အပိုင်းအခြား ခန့်မှန်းတာကို ပြောပါမယ်။

Thursday, August 27, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၁)


ကျွန်မ သိသော Tarot

ပိုစ့်အသစ် မရေးဖြစ်တာလည်း ကြာပြီမို့ လို့  ဘာရေးရမလဲ စဉ်းစားရင်း ခေါင်းစဉ် တပ်လိုက်တာပါ။

စာဖတ်သူများ တောင်းဆိုထားတဲ့ Spread ( ကဒ်ဖြန့် ကျက်ခြင်း) တွေ အကြောင်း ကို မရေးခင် ပဏာမ အနေနဲ့ စပြီး ကျွန်မ နဲ့ တားရော့ အကြောင်း စပြီး ရေးသားလိုပါတယ်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။