Wednesday, June 23, 2010

လီနော်မန် တားရော့

(Source: http://file1.carookee.com/forum/Magieschule-Lenk/3/file/3625280/lenormand-tarot401.jpg?w)

“လီနော်မန် တားရော့” တဲ့ဗျာ။ စိတ်ဝင်စားစရာပါပဲ။ တားရော့က ၇၈ ချပ် ရှိတယ်။ လီနော်မန်က ၃၆ ချပ်ရှိတယ်။ အဲဒါကို ပေါင်းပြီးတော့ ၁၁၄ ချပ်များ လုပ်ထားလေသလား။ အသစ်များ ပေါ်လေသလား ဆိုပြီး လေ့လာကြည့်တော့ မဟုတ်ပါဘူး။ တားရော့ဖဲထုပ် ဖြစ်နေတာပါ။ ၇၈ ချပ်ပဲ ရှိပါတယ်။ တားရော့ကို လီနော်မန် ကတ်တွေနဲ့ ဆင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

တားရော့ကို လီနော်မန် ဖဲချပ်တွေရဲ့ Feeling ကို ယူပြီး ဖန်တီးထားတာဆိုပဲ။ ပြင်သစ်ပြည်ရဲ့ နောက်ခံသဘာဝတွေ ပါအောင် ဖန်တီးထားတဲ့အပြင် လီနော်မန် ကတ်တွေရဲ့ ပန်းချီပုံတွေနဲ့ပါ ခပ်ဆင်ဆင် တူအောင် ဆွဲထားလေတော့ ရုတ်တရက် ကြည့်လိုက်ရင် လီနော်မန်နဲ့ ဆင်တဲ့ တားရော့တွေပါပဲ။ သဘောကျပါတယ်။ တားရော့ ဆရာ၊ ဆရာမကြီးတွေတော့ ကြိုက်မယ့်ပုံ မပေါ်ဘူး။ ပိုက်ဆံရှိတဲ့အခါဖြင့် အင်တာနက်က မှာပြီးဝယ်ထားဦးမှလို့ စိတ်ကူးမိပါတယ်။

Thursday, June 10, 2010

ရိုင်ဒါ ကလုန်းများ

(Source: http://79.170.40.183/celticjems.co.uk/images/products/tar1413.jpg)

ကတ်ဗေဒင်တွေကို စိတ်ဝင်စားတဲ့ ကျွန်တော်ဟာ လီနော်မန်အပြင် တားရော့ကိုလည်း လေ့လာပါတယ်။ ရန်ကုန်မှာ ပထမဆုံး တားရော့ကတ်တွေကို စသုံးတဲ့အခါမှာ ဆရာမင်းသိင်္ခစာအုပ်ထဲမှာ ပါတဲ့ Mythic Tarot ဆိုတာပါ။ နောက်ပိုင်း ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဟောပေးတော့ သူတို့က လက်ဆောင်အနေနဲ့ ဖဲထုပ်တွေ ပေးတယ်။ ကျွန်တော်ကလည်း စုဆောင်းရေးသမားဆိုတော့ အရူးအမဲသားကျွေးသလို ဖြစ်နေတော့တာပေါ့ဗျာ။

ဒီလိုနဲ့ အင်တာနက် လောကရောက်လာတော့ ခင်မင်ရတဲ့ တားရော့ ဆရာဆရာမတွေဖြစ်တဲ့ ကိုချမ်းမြေ့ဦး၊ မမိုးသူတို့နဲ့ ဆုံပါတယ်။ နောက် မိတ်ဆွေတွေဖြစ်တဲ့ ကိုရန်းဂန်း၊ ကိုစိုင်းအောင်... သူတို့တွေကို မေးကြည့်တယ်။ ဘယ်ဖဲထုပ်ကို အသုံးပြုတာ များသလဲ ဆိုတော့... ရိုင်ဒါလို့ ပြောကြတယ်။ တားရော့နဲ့ ပတ်သက်လာရင် ရိုင်ဒါမှ ရိုင်ဒါဆိုပဲ။ အဲဒီတုန်းက ဖဲထုပ်တွေ အတွဲလိုက်နဲ့ ကျွန်တော်အမောင် အုပ်စိုးက သူတို့ ပြောတာကို သိပ်ဘဝင်မကျမိတာ အမှန်ပါပဲ။ ဒါနဲ့ သူတို့ အော်အော်နေကြတဲ့ အဲဒီ Rider Waite ဆိုတာကို အင်တာနက် တစ်ခွင်မှာ ခြေဆန့် ရှာမယ်လို့ စဉ်းစားမိတော့တယ်။

ရိုင်ဒါဖဲထုပ်ကို တရားဝင်မဟုတ်ဘဲနဲ့ တားရော့ပညာရှင်တော်တော်များများက ဘာကြောင့် အသုံးပြုကြတာပါလဲ။ နောက်ပြီးတော့ တားရော့သင်တဲ့ စာအုပ်၊ ဆိုက်ဒ်တော်တော်များများကလည်း စသင်တဲ့ လူတွေဟာ ရိုင်ဒါဖဲထုပ်ကို အသုံးပြုသင့်တယ်လို့ ဆိုကြတယ်။ ဒါကကော ဘာကြောင့်ဘာလဲ။ ဒီ ရိုင်ဒါဝိတ် ဆိုတဲ့ ဖဲထုပ်ဟာ အင်မတန်မှ ရှေးကျတဲ့ တားရော့ ဘိုးဘိုးကြီးဖြစ်နေလို့လားလို့ စဉ်းစားမိတယ်။ ဒါနဲ့ လိုက်ရှာကြည့်တော့လည်း မဟုတ်ဘူးဆိုတာ သိရတယ်။ အဲဒီ ဖဲထုပ်ဟာ ၁၉၁၀ ခု ပတ်ဝန်းကျင်လောက်ကမှ ထွင်ထားတာ ဆိုပဲ။ (Ref: http://en.wikipedia.org/wiki/Rider-Waite-Smith_deck)

Wednesday, May 12, 2010

မာလင်နှင့် စကားစမြည်


(Source: http://startheory.files.wordpress.com/2010/02/merlin-rick-wakeman1.jpg)

မာလင်... “ဒီမှာ...”

အုပ်စိုး... “ခင်ဗျား၊ ဘယ်သူလဲဗျ”

မာလင်... “ငါ၊ မာလင်လေကွာ...”

အုပ်စိုး... “ဗျာ... မာလင်၊ ဟုတ်လား...”

မာလင်... “ဟုတ်တယ်...”

အုပ်စိုး... “အင်း၊ ဒါကြောင့် ဖဲထုပ်ထဲမှာ မြင်ဖူးပါတယ်လို့...”

မာလင်... “မင်းမြင်ဖူးတာ မမြင်ဖူးတာ ထားကွာ၊ မင်းရေးထားတာ မဟုတ်လို့ လာပြောတာ”

အုပ်စိုး... “ဗျာ... ဘာမှားလို့လဲ...”

မာလင်... “မာလင်ရဲ့ တားရော့ ဆိုတော့ ငါ့ တားရော့ထုပ်ကြီး ဖြစ်နေတာပေါ့...”

Tuesday, May 11, 2010

တားရော့နှင့် မေးခွန်းမေးခြင်း



R. T. Kaser ရေးတဲ့ Tarot in Ten Minutes ဆိုတဲ့ စာအုပ်လေးမှာပါတဲ့ မေးခွန်းမေးတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ လေးတွေပါ။ အဲဒီမှာ ပြောပြထားတာက မေးမြန်းတဲ့ မေးခွန်းအပေါ်လိုက်ပြီး တားရော့ ဖဲထုပ်တစ်ထုပ်လုံးကို မသုံးဘဲ လိုအပ်သလောက် ကတ်ကို ဆွဲထုတ်ပြီး မေးမြန်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ တားရော့ ဖဲထုပ်မှာ ဖဲချပ် ၇၈ ချပ်ရှိပါတယ်။ မေဂျာ ၂၂ ချပ်နဲ့ မိုင်နာ ၅၆ ချပ် ရှိပါတယ်။ အဲဒါကို အဲဒီစာအုပ်မှာ အမျိုးအစား ၉ မျိုး ခွဲခြားပြီး ပြပါတယ်။

The First 10 Trumps – For Questions about Wants and Needs
ပထမ မေဂျာကတ် ၁၀ ချပ်ဟာ
လိုချင်မှု၊ လိုအပ်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++

Sunday, May 9, 2010

မာလင်ရဲ့ တားရော့



ဒီနေ့ပဲ လက်ဆောင်ရပါတယ်။ Merlin Tarot လို့ အမည်ရပါတယ်။ လက်ဆောင်ပေးတဲ့လူက ကျွန်တော်နဲ့ အစ်မလို ခင်ရတဲ့ ဘလော့ဂါ မဆုမွန်ပါ။ သူတို့တွေကို လမ်းကြုံရင် တွက်ပေးလေ့ ရှိတာကြောင့် ဒီတစ်ခေါက် ကျွန်တော်တို့ မြို့ကို အလည်လာတဲ့အခါမှာ လက်ဆောင်ဝယ်ပေးခဲ့တာပါ။ ဖဲထုပ်တွေ အများကြီး ရှိနေတာတောင် အသစ်တစ်ထုပ်ရတာ အင်မတန်မှ ပျော်ရွှင်ကြည်နူးရပါတယ်။ သူဝယ်ပြီး လက်ဆောင်ပေးမယ် ပြောတော့လည်း အလွယ်တကူပဲ ခေါင်းငြိမ့်လိုက်ပါတယ်။ ဒီအပျော်တွေကို မျှဝေချင်လို့ပါ (ဒေါ်မိုးသူ မနာလိုဖြစ်စေရန် မဟုတ်ပါ)

ပေးတဲ့လူအကြောင်း မိတ်ဆက်ပြီးပြီ ဆိုတော့ ဖဲထုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တားရော့တွေကို အရူးအမူး ခင်တွယ်တဲ့ ကိုချမ်းမြေ့ဦး ကတော့ သဘောကျချင်မှ ကျပါမယ်။ မေဂျာကတ် ၂၂ ချပ်စလုံးကို နံပါတ်တွေ အကုန်ပြောင်းထားပါတယ်။ တစ်ချပ်မှ မကိုက်ပါဘူး။ ကတ်တွေရဲ့ အစီအစဉ်ကတော့ ဒီအတိုင်း ဖြစ်ပါတယ်။ (ဆြာခြမ်းရေ... လန်ထွက်လို့ ဒန်ခွက်နဲ့ ခေါက်သင့်တယ် ဆိုတာ ဒါမျိုးဖြစ်မယ်...)

Wednesday, April 28, 2010

အန်အယ်လ်ဒီနဲ့ လီနော်မန်


မြန်မာပြည်ရဲ့ အထင်ကရ ပါတီ တစ်ခုဖြစ်တဲ့ အန်အယ်လ်ဒီ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ ကိစ္စဟာဖြင့် မြန်မာ့နိုင်ငံရေး လောကမှာ တော်တော်လေး လှုပ်ရှားမှု ဖြစ်စေခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့ နောက်မှာ အဲဒီအဖွဲ့အစည်းဟာ ဘာများ ဆက်ဖြစ်မလဲဆိုတာကို မိတ်ဆွေတစ်ယောက်က တနေ့က မေးပါတယ်။

ကျွန်တော်ဟာလည်း မည်သည့် ပါတီဝင်မှ မဟုတ်ပါဘူး။ ဒါလေးကို မှတ်တမ်းအနေနဲ့ရယ် လီနော်မန် လေ့လာသူတွေ သိစေဖို့ရယ် ရည်ရွယ်ပြီး ဖော်ပြရခြင်း ဖြစ်ပါတယ်။ မည်သည့်နေရာ ရပ်တည်မှုကနေ ဆုံးဖြတ်ထားခြင်း မဟုတ်ဘဲ လီနော်မန်ကတ်များ၏ နိမိတ်ပုံများအပေါ် ကျွန်တော့် ထင်မြင် ယူဆချက်များသာ ဖြစ်ပါသည်ဟု ဆိုပါရစေ။

ပထမဆုံး အတိတ်ကတ်မှာ... Book ဆိုတဲ့ စာအုပ်ပုံကျပါတယ်။ ဒါဟာ သိပ်မကြာခင်အတိတ်မှာ ပါတီဟာ လျှို့ဝှက်တဲ့ ကိစ္စရပ်တွေ သို့မဟုတ် စာရွက်စာတန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာကို ပြဆိုတာပါ။

Monday, April 26, 2010

ကိုညီညီအတွက် မျောက်မင်းအဖြေ


အစ်ကိုရေ… ကျွန်တော့်ရဲ့ အနာဂတ် အချစ်ရေးလေးကို သိချင်လို့ပါ။ ဘာများဆက်ဖြစ်မလဲ ဆိုတာလေးပါ။

ခင်မင်စွာဖြင့်

ကိုညီညီ


....................................................................................................

ကိုညီညီရေ...

သွက်သွက်လက်လက် ခင်ဗျားရဲ့ မေးခွန်းကို ဖြေဆိုဖို့အတွက် Monkey King ကတ်တွေနဲ့ အဖြေရှာကြည့်ပါတယ်။ မျောက်မင်းဝူခုန်း ကတ်တွေဟာ သဘာဝအားဖြင့် အင်မတန်မှ အပြောင်းအလဲမြန်တဲ့ ကံကြမ္မာရှိတဲ့ ကိုညီလိုလူမျိုးနဲ့ အဆင်ပြေပါတယ်။ ကတ်ပြား ၇ ကတ်ဆွဲကြည့်တော့ အထက်ကအတိုင်း ကျလာပါတယ်။

ပထမဆုံး အတိတ်ကတ် နေရာမှာ Returning to the mountain of flowers ဆိုတဲ့ကတ် ကျပါတယ်။ အဲဒီကတ်မှာ မျောက်မင်းဟာ ဂမ္ဘီရပညာတွေကို ဆည်းပူးပြီးလို့ သူ့နေရပ်ကို ပြန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ကိုညီညီဟာ သိပ်မဝေးခဲ့တဲ့ အတိတ်မှာ ရည်းစားနဲ့ ခွဲရပြီး၊ ကိုယ့်နေရာကိုယ်ပြန်လို့ တစ်ကိုယ်တည်း အထီးကျန်နေတာကို ပြဆိုပါတယ်။ ဒါမှမဟုတ် အရင်က မိတ်ဆွေတွေနဲ့ ပြန်လည်နေထိုင်တာကို ပြဆိုပါတယ်။

Friday, April 23, 2010

ကျွန်တော့်၏ ချမ်းသာမှုများ



ကားရှိတဲ့ သူက ကားမောင်းပြီး ကြွားတယ်၊ ဖုန်းရှိတဲ့သူက ဖုန်းကိုင်ပြီး ကြွားတယ်။ နက္ခတ်ဗေဒင် မှတ်စုများ ဘလော့ဂ်ကို ရေးတဲ့ အမောင် ပခန်းကတော့ ဖတ်ဖူးသော ကျမ်းများ ဆိုပြီး သူ့ဘလော့ဂ်မှာ တင်ထားလေရဲ့။ ဒီတော့ ကျွန်တော် ဗေဒင်ရူး အမောင် အုပ်စိုးလည်း ပိုင်ဆိုင်သမျှ စည်းစိမ်တွေ ဖြစ်တဲ့ ဗေဒင်ဟောတဲ့ ဖဲထုပ်တွေကို ကြွားခြင်းဖြစ်သည်ဟု ဆိုပါရစေ။

ဗေဒင်ဆရာဆိုလို့ အထင်တွေ၊ အမြင်တွေ စွတ်လည်း မကြီးကြဖို့လည်း ပြောလိုပါသေးသည်။ ဒီပြင့် ဗေဒင်တွေ၊ နည်းလမ်းတွေ ဘာဆို ဘာမှကို မသိတာပါ။ အဖေကတော့ KP စနစ်ကို ကျွမ်းကျွမ်း ကျင်ကျင်တတ်ပေမယ့် ကျွန်တော်ကတော့ တနင်္လာဂြိုဟ်ဟာ ဘာရောင်အဆင်းရှိတယ် ဆိုတာကိုတောင် မသိတဲ့လူပါ။ (အဖေ့အကြောင်းကို သိပ်မကြော်ငြာချင်ပါ။ တော်ကြာ မမိုးသူ ကျွန်တော့်အဖေကို ဗေဒင်မေးမှာ စိုးပါသဖြင့်...)

အခြားတစ်ဘက်မှာတော့ ကျွန်တော်ဟာ ကတ်တွေနဲ့ ဟောတဲ့ ဗေဒင်ပညာတွေကို ဘာပဲလာလာ လေ့လာလိုက်စားပါတယ်။ ဘာကတ်နဲ့ပဲ ဟောဟော အကုန် လေ့လာပါတယ်။ ကျန်တဲ့ ဗေဒင်တွေကိုတော့ လေ့လာနေဆဲ သင်ယူနေဆဲပါ။ ကတ်တွေနဲ့ ဟောတာလောက် အားရမှု မရှိတာကြောင့် သိပ်မဟောဖြစ်ခဲ့ပါဘူး။

Sunday, April 18, 2010

ထူးထူးဆန်းဆန်း ကံကြမ္မာဖတ်နည်းများ


(Source: http://zoice.com/wp-content/uploads/2009/04/bald.jpg)

တစ်နေ့က စာကြည့်တိုက် မွှေရင်းနဲ့ Uncle John ရဲ့ Ahh-Inspiring Bathroom Reader ဆိုတဲ့ စာအုပ်ကို ဖတ်မိပါတယ်။ ထူးထူးခြားခြားနဲ့ စုံစီနဖာ၊ သောင်းပြောင်းထွေလာတွေ ပါဝင်တဲ့ စာအုပ်ပါ။ အဲဒီထဲက စိတ်ဝင်စားစရာလေး တစ်ခုကို ဖတ်မိလို့ ပြန်လည် ဝေမျှလိုက်တာပါ။

ကံကြမ္မာဖတ်တဲ့ နည်းတွေများစွာထဲမှာမှ... Taromancy ဆိုတဲ့ တားရော့နဲ့ ဟောနည်းလည်းမကြိုက်၊ Cartomancy ဆိုတဲ့ ဖဲဗေဒင်လည်း မကြိုက် ဘာဆိုဘာမှ မကြိုက်ဘဲ သူများနဲ့မတူ တမူထူးခြား ဆန်းဆန်းပြားပြား နည်းလမ်းတွေနဲ့မှ သင့်အနာဂတ်ကို သိချင်တယ် ဆိုရင်ဖြင့် အန်ကယ်ဂျွန်က ထူးဆန်းတဲ့ ကံကြမ္မာဖတ် နည်းလမ်း ၁၂ ခုကို လမ်းညွှန် ထားပါတယ်။

Scarpomancy (စကာပိုမန်စီ) : ဖိနပ်အဟောင်း တွေကို လေ့လာပြီး ကံကြမ္မာကို ဖတ်ခြင်း။

Tiromancy (တီရိုမန်စီ) : ချိစ်ထောပတ်တုံးပေါ်က ပုံသဏ္ဍန်၊ အချိုင့်တွေ၊ အဖုတွေ စတာတွေကို ကြည့်ပြီး နိမိတ်ကောက်ခြင်း။

Scatomancy (စကက်တိုမန်စီ) : ကိုယ့်မစင်ကိုယ် လေ့လာပြီး အနာဂတ်ကို ခန့်မှန်းခြင်း။ (စပက်တျူလေ မန်စီ - spatulamancy ဆိုတဲ့ အရေပြားတွေ၊ အရိုးတွေ၊ အညစ်အကြေးတွေကို လေ့လာတာနဲ့ မရောထွေး ပါစေနဲ့)

Bibliomancy (ဘီဘလီအိုမန်စီ) : ဘိုင်ဘယ်လ်ဆိုတဲ့ သမ္မာ ကျမ်းစာကို ကောက်လှန်ပြီး တွေ့တဲ့ ပထမဆုံး စာပိုဒ်ကို ဖတ်ကြားပြီး ကံကြမ္မာကို အဖြေရှာခြင်း။ (တချို့ ခရစ်ယာန် အသိုင်းအဝိုင်းမှာတော့ ဒါကို မလုပ်သင့် မလုပ်အပ်လို့ လက်ခံထားပါတယ်)





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။