Monday, April 26, 2010

ကိုညီညီအတွက် မျောက်မင်းအဖြေ


အစ်ကိုရေ… ကျွန်တော့်ရဲ့ အနာဂတ် အချစ်ရေးလေးကို သိချင်လို့ပါ။ ဘာများဆက်ဖြစ်မလဲ ဆိုတာလေးပါ။

ခင်မင်စွာဖြင့်

ကိုညီညီ


....................................................................................................

ကိုညီညီရေ...

သွက်သွက်လက်လက် ခင်ဗျားရဲ့ မေးခွန်းကို ဖြေဆိုဖို့အတွက် Monkey King ကတ်တွေနဲ့ အဖြေရှာကြည့်ပါတယ်။ မျောက်မင်းဝူခုန်း ကတ်တွေဟာ သဘာဝအားဖြင့် အင်မတန်မှ အပြောင်းအလဲမြန်တဲ့ ကံကြမ္မာရှိတဲ့ ကိုညီလိုလူမျိုးနဲ့ အဆင်ပြေပါတယ်။ ကတ်ပြား ၇ ကတ်ဆွဲကြည့်တော့ အထက်ကအတိုင်း ကျလာပါတယ်။

ပထမဆုံး အတိတ်ကတ် နေရာမှာ Returning to the mountain of flowers ဆိုတဲ့ကတ် ကျပါတယ်။ အဲဒီကတ်မှာ မျောက်မင်းဟာ ဂမ္ဘီရပညာတွေကို ဆည်းပူးပြီးလို့ သူ့နေရပ်ကို ပြန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ကိုညီညီဟာ သိပ်မဝေးခဲ့တဲ့ အတိတ်မှာ ရည်းစားနဲ့ ခွဲရပြီး၊ ကိုယ့်နေရာကိုယ်ပြန်လို့ တစ်ကိုယ်တည်း အထီးကျန်နေတာကို ပြဆိုပါတယ်။ ဒါမှမဟုတ် အရင်က မိတ်ဆွေတွေနဲ့ ပြန်လည်နေထိုင်တာကို ပြဆိုပါတယ်။

ဒုတိယ လက်ရှိအခြေအနေကို ပြဆိုတဲ့ကတ်မှာ Leaping out from the furnace ဆိုတဲ့ကတ်ကျပါတယ်။ ဒါက မျောက်မင်းဟာ ပေါင်းဖိုထဲမှာ ပိတ်လှောင်ခံရတာကနေ လွတ်မြောက်လာတာကို ပြဆိုတာပါ။ ဒါကြောင့် ကိုညီညီဟာ လောလောဆယ် ရည်းစားနဲ့ ပြန်တွေ့နေရတာကို ပြဆိုပါတယ်။

အနာဂတ်အနေနဲ့ Achieving the title “The Greatest Sage” ဆိုတဲ့ကတ် ကျတယ်။ မျောက်မင်းဟာ သိကြားမင်းကနေ သူလိုချင်တဲ့ ရာထူးပေးတာကို ရတယ်ကတ်ဗျာ။ အဲဒီတော့ ကိုညီညီရဲ့ ချစ်သူဟာ သိပ်မဝေးတဲ့ အနာဂတ်မှာ ကိုညီလိုတာတွေကို ပေးမယ်၊ အခွင့်ရေးတွေ ပေးမယ်လို့ ဆိုလိုတာဖြစ်တယ်။ အင်မတန် ကောင်းတဲ့ ကတ်ပါ။

အဲဒီကနေ ဖြစ်လာနိုင်တဲ့ အကျိုးဆက် Answer ကတ်ကို ကြည့်တော့ Being appointed by the Jade Emperor ဆိုတာ ကျတယ်။ အဲဒီကတ်ဟာ မျောက်မင်းကို ကောင်းကင် နတ်မင်းကြီးက ရာထူးခန့်အပ်တာ ဖြစ်လေတော့ ကိုညီညီရဲ့ ချစ်သူဟာ ကိုညီညီကို လိုအပ်တာတွေတိုင်ပင်မယ်။ နေရာတစ်နေရာ ပေးမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

Surrounding ဆိုတဲ့ ကတ်မှာ ကျတာက Making disturbances in Heaven ဆိုတာပါ။ အဲဒီကတ်မှာ မျောက်မင်းဟာ သူ့စိတ်တိုင်းမကျလေတော့ ဒေါပွပြီး နတ်ပြည်မှာ သောင်းကျန်းတာကို ပြတယ်။ ဒီနေရာမှာ Surrounding ဆိုတဲ့ ပတ်ဝန်းကျင်ဟာ ကိုညီညီရဲ့ ချစ်သူကို ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် ကိုညီညီရဲ့ ချစ်သူဟာ ကိုညီညီအပေါ် စိတ်တိုင်းမကျ၊ စိတ်ကောက် ကလန်ကဆန် ရှိမယ် ဆိုတာကို ပြဆိုတာပါ။ သိပ်မဝေးတဲ့ အနာဂတ်မှာပါ။

Attitude ကတ်မှာရှိတာက ကိုညီညီရဲ့ စိတ်ကူးတွေ၊ မျှော်မှန်းချက်တွေပါ။ အဲဒီမှာ Enjoying the celestial peaches ဆိုတဲ့ ကတ်ကျတယ်။ မျောက်မင်းဟာ နတ်ပြည်ပေါ်မှာ အနှစ်တစ်ထောင်ပန်းသီးလို အကောင်းစားတွေ စားသောက်ပြီး ဇိမ်ကျနေတာကို ပြဆိုတာပါ။ ဒီတော့ ကိုညီညီဟာ ချစ်သူနဲ့ ပျော်ပါးမယ်၊ ကြည်နူးမယ် ဆိုတာတွေကို စဉ်းစား၊ မျှော်လင့်နေတယ်လို့ ဆိုလိုရပါမယ်။

အလယ်မှာကျတဲ့ Summary ကတ်က Being invited by the heavenly palace ဆိုတာပါ။ မျောက်မင်းဟာ အရှိန်အဝါကြီးလေတော့ နတ်ပြည်ကတောင် ပင့်ဖိတ်ရတာကို ပြဆိုတာပါ။ ဒီတော့ အနှစ်ချုပ် ပြောရရင်ဖြင့် ကိုညီညီဟာ ချစ်သူရဲ့ လေးစားမှု၊ အားကိုးယုံကြည်မှုတွေကို ရနိုင်တယ်လို့ ဆိုရပါမယ်။

အားလုံးကို ခြုံပြောရင် ကိုညီညီရဲ့ သိပ်မဝေးတဲ့ အနာဂတ်မှာ ချစ်သူရဲ့ အားကိုးမှုတွေ၊ လေးစားမှုတွေ ရရှိနိုင်မှာဖြစ်လို့ ကောင်းပါတယ်။ ဒါပေမယ့် အခြားတစ်ဘက်မှာ ချစ်သူရဲ့ စိတ်ဆိုးမှု စိတ်ကောက်မှုတွေကိုလည်း ခံရနိုင်တယ် ကြုံတွေ့နိုင်ရပါတယ် ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ အနှစ်ချုပ်ကတော့ နတ်ပြည်က ပင့်ဖိတ်ရလောက်အောင်ကို ဖလမ်းဖလမ်း ထနေတယ်လို့ ဆိုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး


1 comment:

  1. ကိုအုပ်စိုးရေ
    အတိတ်ရဲ့ဟောကိန်းတွေက တော်တော် နီးစပ်ပါတယ်
    အနာဂတ်အတွက်ကတော့ အချိန်အတိုင်းအတာ တခုပေးပြီး စောင့်ကြည့်ပါရစေအုံး

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။