Monday, April 5, 2010

Tarot နှင့် ၁၂ ရာသီခွင် (၂)


အရင်တစ်ခေါက်က တားရော့နှင့် ၁၂ ရာသီခွင်ဆိုပြီး ရေးပါတယ်။ တားရော့ မေဂျာကတ်တွေနဲ့ ၁၂ ရာသီခွင်၊ အရပ်မျက်နှာတွေ အကြောင်းပါ။ လာဖတ်တဲ့သူတွေ တိုင်ပတ်သွားတယ် ဆိုပဲ။ ဒီတစ်ခါ တိုင်မပတ်အောင် တိုင်ဖြုတ်ပြီး ရေးပါ့မယ်။ ဒီတစ်ခါ ရေးမှာ မိုင်နာကတ်တွေနဲ့ ၁၂ ရာသီခွင်ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် တစ်ခါတည်း ဇယားနဲ့ ဖော်ပြပေးပါ့မယ်။

ဒီပို့စ်ကို ရေးဖို့ ဖြစ်လာတဲ့ အကြောင်းတစ်ခုက ကိုအုပ်စိုးက အရင်တစ်ပတ်မှာ “Lenormand နဲ့ ၁၂ ရာသီခွင်” ပို့စ်မှာ Decans ဆိုပြီး ရေးပါတယ်။ မြန်မာလို တြိစက္ကဆိုလားမသိပါဘူး။ ရာသီကို သုံးပိုင်းပိုင်းထား တာလေးတွေပါ။ အဲဒါလေးကို ဖတ်မိတော့ အဲဒါနဲ့ တစ်ဆက်တည်း ဒီအကြောင်းကို ရေးဖို့ သတိရတာပါ။ ဘာလို့လဲ ဆိုတော့ ဒီထဲမှာလည်း အဲဒီ Decans တွေ ပါလို့ပါ။

အားလုံးပေါင်း Decans ၃၆ ခု ရှိတာကို Tarot Minor ၃၆ ချပ်နဲ့ ယှဉ်လို့ ရပါတယ်။ အဲဒီနေရာမှာ ကျွန်မ စုစောင်းရှာဖွေတွေ့ထားတာ ၂မျိုးဖြစ်နေပါတယ်။ ၂ မျိုးလုံးကို ဖော်ပြပေးပါ့မယ်။ ဒီထက်မကလည်း ယှဉ်တွဲနည်းတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။

ပထမနည်းက Henry Cornelius Agrippa ရေးခဲ့တဲ့ Three Books of Occult Philosophy စာအုပ်ထဲကပါ။ အဲဒီမှာ သူက ဒီအောက်က ဇယားအတိုင်း ကတ်တွေကို ယှဉ်တွဲပြပါတယ်။ တုတ်၊ ခွက်၊ ဒါး၊ သင်္ကေတ လေးမျိုးစလုံးမှာ နံပါတ် ၂ ကနေ ၁၀ အထိ ကိုးချပ်ကို ယှဉ်တွဲပြီး၊ အရုပ်ကတ်တွေနဲ့ Ace ကတ် မပါပါဘူး။ ဒီနည်းကို Golden Dawn အဖွဲ့က လက်ခံလိုက်နာပါတယ်။

ရာသီခွင်

ဂြိုဟ်ခွင်

တားရော့ကတ်

Aries

Mars

2 of Wands

Sun

3 of Wands

Venus

4 of Wands

Taurus

Mercury

5 of Pentacles

Moon

6 of Pentacles

Saturn

7 of Pentacles

Gemini

Jupiter

8 of Swords

Mars

9 of Swords

Sun

10 of Swords

Cancer

Venus

2 of Cups

Mercury

3 of Cups

Moon

4 of Cups

Leo

Saturn

5 of Wands

Jupiter

6 of Wands

Mars

7 of Wands

Virgo

Sun

8 of Pentacles

Venus

9 of Pentacles

Mercury

10 of Pentacles

Libra

Moon

2 of Swords

Saturn

3 of Swords

Jupiter

4 of Swords

Scorpio

Mars

5 of Cups

Sun

6 of Cups

Venus

7 of Cups

Sagittarius

Mercury

8 of Wands

Moon

9 of Wands

Saturn

10 of Wands

Capricorn

Jupiter

2 of Pentacles

Mars

3 of Pentacles

Sun

4 of Pentacles

Acquarius

Venus

5 of Swords

Mercury

6 of Swords

Moon

7 of Swords

Pisces

Saturn

8 of Cups

Jupiter

9 of Cups

Mars

10 of Cups



အထက်က ဇယားကို စက်ဝိုင်းကားချပ်ဆွဲပြီး ကတ်ပြားတွေ ချကြည့်မယ်ဆိုရင် ဒီအောက်က အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။



နောက်တစ်ခုကတော့ Paul Christian ရဲ့ The History and Practice of Magic စာအုပ်ထဲကပါ။ သူ့ရဲ့ စီစဉ်ထားပုံထဲမှာ King ကတ်ပြားနဲ့ Ace ကတ်ပြားမပါပါဘူး။

ရာသီခွင်

ဂြိုဟ်ခွင်

တားရော့ကတ်

Aries

Mars

Queen of Wands

Sun

5 of Wands

Venus

5 of Swords

Taurus

Mercury

6 of Swords

Moon

Knight of Wands

Saturn

6 of Wands

Gemini

Jupiter

7 of Wands

Mars

7 of Swords

Sun

Page of Wands

Cancer

Venus

8 of Wands

Mercury

Queen of Cups

Moon

8 of Swords

Leo

Saturn

9 of Swords

Jupiter

9 of Wands

Mars

Knight Cups

Virgo

Sun

Page of Cups

Venus

10 of Swords

Mercury

10 of Wands

Libra

Moon

2 of Cups

Saturn

Queen of Swords

Jupiter

2 of Coins

Scorpio

Mars

4 of Coins

Sun

4 of Cups

Venus

Knight of Swords

Sagittarius

Mercury

Page of Swords

Moon

5 of Coins

Saturn

5 of Cups

Capricorn

Jupiter

6 of Cups

Mars

Queen of Coins

Sun

6 of Coins

Acquarius

Venus

8 of Coins

Mercury

8 of Cups

Moon

Knight of Coins

Pisces

Saturn

Page of Coins

Jupiter

9 of Coins

Mars

9 of Cups



King ကတ်ပြားတွေကိုတော့ သူက သပ်သပ် နှိုင်းယှဉ်ပြပါတယ်။

King of Wands

The Royal Star of Leo

King of Swords

The Royal Star of Acquarius

King of Pentacles

The Royal Star of Scorpio

King of Cups

The Royal Star of Taurus


ဒီအောက်က ဂြိုဟ်ခွင်နဲ့ ကတ်နံပါတ် ယှဉ်တွဲဇယားကလည်း အဲဒီ ပုဂ္ဂိုလ်ကြီးပဲ ရေးသား ခဲ့တယ်လို့ ဆိုပါတယ်။

ဂြိုဟ်ခွင်

တားရော့ကတ်

Mars

Aces

Moon

Twos

Venus

Threes

Jupiter

Fours

Mercury

Sevens

Saturn

Tens

Sun

-


ဒီလောက်ဆိုရင်ဖြင့် တားရော့ မိုင်နာကတ်တွေနဲ့ ဂြိုဟ်ခွင်တွေကို ယှဉ်တွဲပြီး လေ့လာနိုင်မယ်လို့ ထင်ပါတယ်။ မိမိ အစဉ်ပြေတဲ့ ယှဉ်တွဲနည်းကို အသုံးချပါလို့ အကြံပြုချင်ပါတယ်။ ဂြိုဟ်ပရိယာယ်တွေကိုတော့ ကိုအုပ်စိုး ပြောသလိုပဲ အခြားသော နေရာတွေမှာ လေ့လာပါလို့ ပြောချင်ပါတယ်။

မေတ္တာဖြင့်
မိုးသူ

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။