Monday, April 12, 2010

အနီက တမျိုး အဝါက တမျိုး


(Source: http://www.bangkokpost.com/news/local/174496/reds-parade-coffins-as-govt-says-armed-men-among-protesters)

ဒီနေ့ (၁၂ - ၀၄ - ၂၀၁၀) မနက်မှာ ခင်တဲ့ မိတ်ဆွေတွေလုပ်တဲ့ သင်္ကြန်အလှူသွားတော့ သူတို့ မေးတာလေးပါ။ အဲဒါကို အားလုံးလည်း ဖတ်ရအောင် ပြန်လည် မျှဝေခြင်းပါ။ သူတို့ မေးတဲ့မေးခွန်းက “ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး အခု လောလောဆယ် ထကြွနေတဲ့ အနီရောင်အုပ်စုတွေ ဘာများဆက်ဖြစ်မလဲ” တဲ့။ သူတို့ မေးတဲ့အချိန်မှာ အနီရောင် ၂၁ ယောက်အပစ်ခံရလို့ ဈာပနချမယ့် နေ့ပါပဲ။

သူတို့ အမေးကို ကတ်ပြား ၇ ချပ်ဆွဲပြီး ဖြေခဲ့ပါတယ်။ ကျလာတဲ့ ကတ်တွေကတော့...



ပထမဆုံးကတ်က အတိတ်ကို ပြောတာပါ။ အဲဒီမှာ Fish ဆိုတဲ့ ငါးကတ်ပြားကျပါတယ်။ ဆိုလိုတာက ထိုင်းနိုင်ငံရေးဖြစ်စဉ်မှာ အတိတ်တုန်းက အနီရောင်တွေ ငွေကြေးပြေလည် စားပေါက်ချောင်ခဲ့တာကို ဆိုလိုတာပါ။

လက်ရှိ ပစ္စုပ္ပန်ကတ်ပြား အနေနဲ့ Clover ဆိုတဲ့ ကတ်ကျပါတယ်။ ဆိုလိုချက်ကတော့ လောလောဆယ် အချိန်မှာ အနီရောင်တွေဟာ အပြောင်းအလဲ Twist တစ်ခုကြောင့် အားသာချက်တွေ၊ အခွင့်အရေးတွေ ရရှိနေတာကို ပြဆိုနေတာပါ။

သိပ်မဝေးတဲ့ အနာဂတ်အနေနဲ့ Star ဆိုတဲ့ ကတ်ကျတဲ့အတွက် အနီရောင်အုပ်စုတွေရဲ့ တောင်းဆို ဆန္ဒပြမှုဟာ အေးချမ်းစွာ၊ ငြိမ်းချမ်းစွာနဲ့ အဆုံးသတ်သွားမယ်လို့ ဆိုလိုတာပါ။

နောက်ဆုံး အဖြေ၊ ရလာဒ် ကတ်ပြားဖြစ်တဲ့ Rider ကတ်အရ... အနီရောင်တွေနဲ့ ပတ်သက်ပြီး ရလာဒ်အနေနဲ့ သတင်းတစ်ခု ထွက်ပေါ်လာမယ်လို့ ယူဆရပါမယ်။ Rider ကတ်ပြားဟာ ယေဘုယျအားဖြင့် အဆိုးအကောင်း မရှိပါဘူး။ အဲဒီတော့ အဲဒီကတ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Summery ကတ်ကို ကြည့်ရပါတယ်။

Summery ကတ်ပြားမှာ Fox ဆိုတဲ့ ကတ် ကျပါတယ်။ ဒါကြောင့် အနှစ်ချုပ်အားဖြင့်... အနီရောင်တွေဟာ လိမ်လည်လှည်ဖြားခံရခြင်း ကြုံရမယ်လို့ ဆိုလိုတာပါ။

Surrounding ဆိုတဲ့ ပတ်ဝန်းကျင် ကတ်ပြားမှာ Key ဆိုတဲ့ သော့ပုံ ကတ်ပြားကျပါတယ်။ ဒီတော့ အနီရောင်တွေနဲ့ ပြိုင်ဘက်ပါတီတွေက အနီရောင်အုပ်စုဝင်တွေကို တိကျတဲ့ အဖြေ၊ ပြတ်သားတဲ့ အဖြေတွေ ပေးလာလိမ့်မယ်လို့ ယူဆရပါမယ်။

Attitude ကတ်မှာ Anchor ဆိုတာ ကျပါတယ်။ ဒါဟာဖြင့် အနီရောင်တွေကတော့ ဒီလောက် အသက်စွန့်ခဲ့တာတောင် သူတို့ရဲ့ လုပ်ဆောင်ချက်က အရင်အတိုင်းပဲ၊ သိပ်ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်၊ မဖြစ်လာနိုင်ဘူးလို့ တွေးထင်ယူဆနေတယ်လို့ ကောက်ချက်ချရပါမယ်။

အဆုံးပိတ်အနေနဲ့ အားလုံးကို ခြုံငုံသုံးသပ်ရရင်ဖြင့် ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး လောလောဆယ် အားဖြင့် အခွင့်အလမ်းတွေ၊ လုပ်ပိုင်ခွင့်တွေ ရရှိနေတဲ့ အနီရောင်အဖွဲ့တွေရဲ့ တိုက်ပွဲဟာ အနာဂတ်မှာ အေးချမ်း၊ သိမ်မွေ့စွာနဲ့ ပြီးစီးသွားမှာဖြစ်ပြီး၊ သူတို့ရဲ့ ပြိုက်ဘက်တွေက သူတို့အပေါ်ပေးလာတဲ့ အဖြေကတော့ ရိုးစင်း ပြတ်သားတဲ့ လိမ်လည်၊ လှည့်ဖြားမှုတွေပါပဲလို့ ဆိုလိုချင်ပါတယ်။

(စာကြွင်း။ စကားမစပ် ဒီပို့စ်အပေါ်ဆုံးမှာ တင်ထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ပါ။ အနီရောင် ဆိုင်ကယ်အုပ်ကြီးထဲမှာ အဝါရောင်ဆိုင်ကယ်စီးလာတဲ့ လူတစ်ယောက်ပါလာတာက ရယ်စရာ ကောင်းနေသလို တမျိုးကြီး ခံစားမိလို့ပါ။)

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး




1 comment:

  1. ဆရာရေ... အနီတွေ အလိမ်ခံရတာ မှန်ပေမယ့် တိုက်ပွဲကတော့ ဆရာပြောသလို အေးချမ်းသိမ်မွေ့စွာ ပြီးစီးသွားတာ မဟုတ်ပါဘူး။ နောက်ထပ် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို တွက်ပါဦးလား ဆရာ။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။