Friday, April 16, 2010

တားရော့ အမေးအဖြေ


(Source: http://wildirisbooks.friendsofwildiris.org/files/2009/12/How-to-read-Tarot-Cards-Bernadette-Carter-Gainesville-Florida-Psychic-Medium.jpg)

အင်တာနက်ခေတ်မှာ တားရော့နဲ့ ပတ်သက်တဲ့ site တွေ အများအပြားရှိပါတယ်။ အဲဒီလိုနေရာတွေမှာ FAQ ဆိုတဲ့ အမေးများတဲ့ မေးခွန်းတွေကို စုဆောင်းထားပေးတတ်ကြပါတယ်။ အဲဒါတွေထဲက စိတ်ဝင်စားစရာ တချို့ကို ပြန်လည် ဘာသာပြန်ဝေမျှလိုက်ပါတယ်။

Phone, Online Chat စတာတွေနဲ့ တားရော့ဖတ်ကြားတာဟာ လူကိုယ်တိုင်ကို ဖတ်ကြား ပေးတာလောက် ထိရောက်ပါသလား။

ဒါကို ဖြေရမယ်ဆိုရင်... “ထိရောက်တယ်” ဆိုတာကို ခင်ဗျား ဘယ်လိုယူဆတယ် ဆိုတာပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားက “တိကျမှန်ကန်မှု” အဓိကလို့ ယူဆတယ်ဆိုရင်ဖြင့် ကျွန်တော့် ဟောကြားချက်တွေအပေါ် အခြားလူတွေ ပြန်လည်တုံ့ပြန်တဲ့ မှတ်ချက်တွေကို ကြည့်နိုင်ပါတယ်။ ဘာနဲ့ပဲ ဟောဟော သိပ်ကွာခြားမှု မရှိဘဲ တိကျမှန်ကန်ပါတယ်။

Monday, April 12, 2010

အနီက တမျိုး အဝါက တမျိုး


(Source: http://www.bangkokpost.com/news/local/174496/reds-parade-coffins-as-govt-says-armed-men-among-protesters)

ဒီနေ့ (၁၂ - ၀၄ - ၂၀၁၀) မနက်မှာ ခင်တဲ့ မိတ်ဆွေတွေလုပ်တဲ့ သင်္ကြန်အလှူသွားတော့ သူတို့ မေးတာလေးပါ။ အဲဒါကို အားလုံးလည်း ဖတ်ရအောင် ပြန်လည် မျှဝေခြင်းပါ။ သူတို့ မေးတဲ့မေးခွန်းက “ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး အခု လောလောဆယ် ထကြွနေတဲ့ အနီရောင်အုပ်စုတွေ ဘာများဆက်ဖြစ်မလဲ” တဲ့။ သူတို့ မေးတဲ့အချိန်မှာ အနီရောင် ၂၁ ယောက်အပစ်ခံရလို့ ဈာပနချမယ့် နေ့ပါပဲ။

Wednesday, April 7, 2010

သင့်အတွက် ထိုင်းရိုးရာ နှစ်ကူးကံကြမ္မာ



မြန်မာတွေလိုပါပဲ။ ထိုင်း (ယိုးဒယား) လူမျိုးတွေဟာလည်း ဗေဒင်၊ လက္ခဏာ အစရှိသည်တို့ကို အင်မတန်မှ ယုံကြည်ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ဘုရားကျောင်း တော်တော်များများမှာ စာချပြီး ဗေဒင်မေးတာကို တွေ့နိုင်ပါလိမ့်မယ်။ မြန်မာပြည်မှာ ဆိုရင်အဲဒီလို တုတ်ချောင်းလေးတွေကို တချပ်ချပ်နဲ့ စာချတာဟာ တရုတ်ဘုံကျောင်းတွေမှာသာ တွေ့ရတတ်တာပါ။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ရိုးရာ နှစ်ကူးပွဲတော် ဆုံကရန် (Songkran) ဟာ မြန်မာ့ရိုးရာ နှစ်ကူး သင်္ကြန်ပွဲနဲ့ တစ်ထပ်တည်း ပါပဲ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ အမြဲတမ်း မြန်မာထက်တော့ တစ်ရက်နောက်ကျပြီး ကျင်းပပါတယ်။ လပြည့်နေ့တွေက အစဖြစ်ပါတယ်။ ရိုးရာ နှစ်ကူးကာလ နီးလာတာနဲ့အမျှ ထိုင်းရိုးရာ ဗေဒင်ဆရာတွေဟာလည်း နှစ်သစ်အတွက် ကံကြမ္မာတွေကို ဟောထုတ်ကြပါတော့တယ်။ မြန်မာပြည်မှာတော့ သင်္ကြန်စာစသည်ဖြင့် ရှိသလိုပါပဲ။

Monday, April 5, 2010

Tarot နှင့် ၁၂ ရာသီခွင် (၂)


အရင်တစ်ခေါက်က တားရော့နှင့် ၁၂ ရာသီခွင်ဆိုပြီး ရေးပါတယ်။ တားရော့ မေဂျာကတ်တွေနဲ့ ၁၂ ရာသီခွင်၊ အရပ်မျက်နှာတွေ အကြောင်းပါ။ လာဖတ်တဲ့သူတွေ တိုင်ပတ်သွားတယ် ဆိုပဲ။ ဒီတစ်ခါ တိုင်မပတ်အောင် တိုင်ဖြုတ်ပြီး ရေးပါ့မယ်။ ဒီတစ်ခါ ရေးမှာ မိုင်နာကတ်တွေနဲ့ ၁၂ ရာသီခွင်ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် တစ်ခါတည်း ဇယားနဲ့ ဖော်ပြပေးပါ့မယ်။

ဒီပို့စ်ကို ရေးဖို့ ဖြစ်လာတဲ့ အကြောင်းတစ်ခုက ကိုအုပ်စိုးက အရင်တစ်ပတ်မှာ “Lenormand နဲ့ ၁၂ ရာသီခွင်” ပို့စ်မှာ Decans ဆိုပြီး ရေးပါတယ်။ မြန်မာလို တြိစက္ကဆိုလားမသိပါဘူး။ ရာသီကို သုံးပိုင်းပိုင်းထား တာလေးတွေပါ။ အဲဒါလေးကို ဖတ်မိတော့ အဲဒါနဲ့ တစ်ဆက်တည်း ဒီအကြောင်းကို ရေးဖို့ သတိရတာပါ။ ဘာလို့လဲ ဆိုတော့ ဒီထဲမှာလည်း အဲဒီ Decans တွေ ပါလို့ပါ။

Friday, April 2, 2010

ကိုပခန်းနှင့် စကားစမြည်



တနေ့က ကိုပခန်းနဲ့ စကားပြောဖြစ်တာလေးတွေထဲက တစ်စိတ်တစ်ပိုင်းကို အနည်းငယ် တည်းဖြတ်ပြီး ပြန်လည် တင်ဆက်လိုက်တာပါ။

colorfulpakhan: အဟောမှန်ဖို့ ဘာတွေ လိုလဲဆိုတာ အင်မတန် တွေးစရာကြီးပါ။

me:
ဟုတ်တယ်ဗျ... သမာဓိနဲ့ သီလကောင်းရင် ကောင်းသလောက်လေ ပညာက စွမ်းတယ်ဗျ

colorfulpakhan:
စကားမစပ် ကျွန်တော့် အိမ်ထောင်ရေးကို ကြည့်ပေး စေချင်ပါတယ်ဗျ။

me:
အင်း၊ ကတ်နဲ့လား

colorfulpakhan:
ဟုတ်ကဲ့၊ ကျွန်တော့်မှာ မရှုနိုင်မကယ်နိုင်တွေ

Wednesday, March 31, 2010

မြန်မာ ဝေဒဗေဒ လောကမှ အတင်းပလင်းများ


ပညာသည် အချင်းချင်း ရန်တိုက်ပေးတာ မဟုတ်ပါ။ အားလုံး အမြင်ကြည်လင်ကာ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေလို့၍ ပြန်လည် ဖော်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။ မည်သူက မည်သူ့ကိုမျှ ရန်ညှိုးဖွဲ့စေလို၍ မဟုတ်ပါ။ ပြီးတော့ ဒီပို့စ်ကို အချိန်ကာလ တစ်ခုကြာ ရက်အနည်းငယ်သာ တင်ပါမည်။ ပြီးလျှင် ဖျက်ပစ်ပါမည်... :)


ပါဝင် Gossip သူများ...

ဆြာတေး >> http://www.mmastrology.com/

ဆြာဖုန်း >> http://www.mahabote.org/

ဆြာရန်း >> http://www.younggun.co.cc/

ဆြာချမ်း >> http://www.tarotknowledge.co.cc/

ဆြာပခန်း >> http://kopakhan.myanmarbloggers.info/

Monday, March 29, 2010

လီနော်မန်နှင့် ၁၂ ရာသီခွင်


(Source: http://www.ciromarchetti.com/)

ဒီပို့စ်မှာ လီနော်မန် ကတ်တွေနဲ့ ၁၂ ရာသီခွင် ဆက်စပ်မှုကို ဖော်ပြမှာဖြစ်ပါတယ်။ တားရော့ကို ၁၂ ရာသီခွင်နဲ့ ဆက်စပ်တဲ့ နည်းလမ်းတွေက အများကြီးပါ။ အဲဒီထဲက အသုံးတွင်ကျယ်တဲ့ စနစ်တစ်ခုကတော့ မေဂျာကတ် ၂၂ ကတ်ထဲကနေ ၁၂ ကတ်ရွေးထုတ်ပြီး ဆက်စပ်မှုကို ပြတဲ့ Sefer Yetzirah စနစ်ပဲဖြစ်ပါတယ်။ မမိုးသူက “တားရော့နှင့် ၁၂ ရာသီခွင်” ဆိုပြီး ရေးထားတာရှိပါတယ်။ ဖတ်ပြီးတဲ့လူတွေ တိုင်ပတ်သွားတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ဒီပို့စ်ကို တိုင်မပတ်အောင် ကြိုးစားပြီး အတတ်နိုင်ဆုံး ရှင်းလင်းအောင် ရေးသားပါ့မယ်။

လီနော်မန်ကတ် တစ်ထုပ်မှာ စုစုပေါင်း ၃၆ ကတ် ရှိတဲ့အတွက် ၁၂ ရာသီခွင်နဲ့ ဆက်စပ်ရတာက သိပ်အခက်အခဲ မရှိပါဘူး။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်တော်ဟာ နက္ခတ်ဗေဒင်တွေကို ကျွမ်းကျင်တဲ့သူ မဟုတ်တာကြောင့် နက္ခတ်သဘောတရားတွေကို အသေးစိတ် ပြောပြသွားမှာ မဟုတ်ပါဘူး။ လီနော်မန်ကတ်တွေနဲ့ ဆက်စပ်မှုကိုသာ ဖော်ပြသွားမှာဖြစ်ပါတယ်။

Sunday, March 28, 2010

တစ်ကတ်တည်း၊ ဒါပေမယ့် တားရော့

ခြေထောက်မှာ ဗွေပေါက် လောက်အောင် ဆရာတေးက ဆီဘောက်စ်မှာ အပီထောက်ပြီး လာအမေးအမြန်း ပြုသွားတာတွေကို ပို့စ်အသစ် မတင်ဖြစ်တာနဲ့ပဲ... ဆီဘောက်စ်ထဲက chat တွေကို ဒီတိုင်း ကော်ပီကူးပြီး ပြန်လည် ဆားချက်လိုက်ပါတယ်။ (ဖတ်သူများ မငြီးငွေ့ရလေအောင် ကာတွန်းလေးတွေပါ အပိုထည့်ပေးထားပါတယ်... :P)


(Source: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVgVuBITvT5PBECh-g1Uko2uFNGHNwu-Ddy-OVBibgfZPeiwbVZh_HzhqATZVOta-tN7mXNyt7VTMyciknggVZYiQhto4OzbaHYdC69OHiXLiFhHEOY4wMOyvLsbYuQgESi-huccJU0k/s1600-h/Myanmar+Cartoons+01.jpg)

တားရော့: ဆရာအုပ်စိုး .. ဆရာမ မိုးသူ...။ မေးချင်ပါတယ် ဖြေပေးပါ

တားရော့: တားရော့ကဒ် မေဂျာ ၂၂ ချပ်၊ (သို့ ) မိုင်နာ ၅၆ ချပ် ။ စုစုပေါင်း ၇၈ ချပ် ။ မေဂျာ မိုင်နာ ဟောတယ်ပေါ့

Monday, March 8, 2010

Tarot နှင့် သူ၏ရုပ်ပုံများ (၂)

(Source: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4IHQUAlgZ2b4uvQMU9s5iKBgqzyulz3turN93cSXWhz9hwWON1ukB4t4PSw1wL0rfDE7_wIAipSvcjN9W7mXnrOWiWkoY0GSwbtvuVlqKV4vow2UuxEEraki1ehB25AphaITtQLYKKQ/s1600-h/img+tarot+18166.jpg)

ကိုအုပ်စိုးလို တစ်ရက်ကို တစ်ခုလောက် မရေးနိုင်သော်လည်း အရည်အတွက်ထက် အရည်အချင်းကို ရလိုရငြား တစ်ပတ်ကို သင်္ကေတ တစ်ခုလောက် ကြိုးစားပြီး ရေးကြည့်ပါတယ်။ ရေးဖို့ ဖတ်ရတော့ ကိုယ့်အတွက် အသိပညာ တိုးပေမယ့် ဘာသာပြန် အလုပ်ဟာ အင်မတန်မှ ပျင်းရဖို့ကောင်းပြီး စိတ်မရှည်စရာ ကောင်းပါတယ်။ တချို့ စကားလုံးတွေကို အဘိဓာန်မှာရှာတွေ့ပေမယ့် ကိုယ်တိုင်တောင် အဓိပ္ပါယ်ကို ရှင်းရှင်း လင်းလင်း မကွဲပြားတာမို့ အမှားအယွင်း မရှိစေရန် မူရင်း အင်္ဂလိပ်လိုကိုပါ တွဲထဲ့ ပေးထားပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အချိန်ယူပြီး ဆက်လက် ရေးသားသွားပါ့မယ်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။