Monday, March 29, 2010

လီနော်မန်နှင့် ၁၂ ရာသီခွင်


(Source: http://www.ciromarchetti.com/)

ဒီပို့စ်မှာ လီနော်မန် ကတ်တွေနဲ့ ၁၂ ရာသီခွင် ဆက်စပ်မှုကို ဖော်ပြမှာဖြစ်ပါတယ်။ တားရော့ကို ၁၂ ရာသီခွင်နဲ့ ဆက်စပ်တဲ့ နည်းလမ်းတွေက အများကြီးပါ။ အဲဒီထဲက အသုံးတွင်ကျယ်တဲ့ စနစ်တစ်ခုကတော့ မေဂျာကတ် ၂၂ ကတ်ထဲကနေ ၁၂ ကတ်ရွေးထုတ်ပြီး ဆက်စပ်မှုကို ပြတဲ့ Sefer Yetzirah စနစ်ပဲဖြစ်ပါတယ်။ မမိုးသူက “တားရော့နှင့် ၁၂ ရာသီခွင်” ဆိုပြီး ရေးထားတာရှိပါတယ်။ ဖတ်ပြီးတဲ့လူတွေ တိုင်ပတ်သွားတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ဒီပို့စ်ကို တိုင်မပတ်အောင် ကြိုးစားပြီး အတတ်နိုင်ဆုံး ရှင်းလင်းအောင် ရေးသားပါ့မယ်။

လီနော်မန်ကတ် တစ်ထုပ်မှာ စုစုပေါင်း ၃၆ ကတ် ရှိတဲ့အတွက် ၁၂ ရာသီခွင်နဲ့ ဆက်စပ်ရတာက သိပ်အခက်အခဲ မရှိပါဘူး။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်တော်ဟာ နက္ခတ်ဗေဒင်တွေကို ကျွမ်းကျင်တဲ့သူ မဟုတ်တာကြောင့် နက္ခတ်သဘောတရားတွေကို အသေးစိတ် ပြောပြသွားမှာ မဟုတ်ပါဘူး။ လီနော်မန်ကတ်တွေနဲ့ ဆက်စပ်မှုကိုသာ ဖော်ပြသွားမှာဖြစ်ပါတယ်။

လီနော်မန် ၃၆ ကတ်နဲ့ နက္ခတ်သင်္ကေတတွေကို ဆက်စပ်တဲ့နေရာမှာ နည်းစနစ်တွေ အမျိုးမျိုး ရှိနိုင်ပါလိမ့်မယ်။ ဒီမှာတော့ဖြင့် အလွယ်ဆုံးဖြစ်တဲ့ Faces (သို့) Decans တွေနဲ့ ဆက်စပ်တာကို ပြောပြချင်ပါတယ်။ နေ့တစ်နေ့ကို အချိန်ပိုင်းတဲ့ စနစ်အရ Decans ၃၆ ခု ပိုင်းနိုင်ပါတယ်။ Decans တွေကို မြန်မာလိုတော့ တြိစက္ကလို့ ခေါ်ပါတယ်။ ရာသီတစ်ခုကို သုံးပိုင်းပိုင်းတာပါ။ လီနော်မန် ကတ် ၃၆ ချပ်ကို အဆိုပါ ၃၆ ခုနဲ့ ဆက်စပ်လိုက်နိုင်တဲ့အတွက် သိပ်အခက်အခဲ ရှိလှမှာ မဟုတ်ပါဘူး။

Decans တွေကို ရှေးအကျဆုံးအဖြစ် အီဂျစ်လူမျိုးတွေက အသုံးပြုခဲ့တယ်လို့ 10th Dynasty (2100 BCE) လောက်က ခေါင်းတလား တစ်ခုရဲ့ အဖုံးမှာ တွေ့ရပါတယ်။ အဲဒီမှာ Decans တစ်ခုစီကို ၁၀ ရက်သတ်မှတ်ထားပြီး Decan ၃၆ ခုအရ တစ်နှစ်မှာ (၃၆ x ၁၀) ရက်ပေါင်း ၃၆၀ အဖြစ် အီဂျစ် ပြက္ခဒိန်ကို သတ်မှတ်ပါတယ်။ Solar System အရ နေသွားပြက္ခဒိန်ကတော့ ၃၆၅ ရက်ရှိတဲ့အတွက် ကွာဟချက်တော့ ရှိပါလိမ့်မယ်။

စက်ဝိုင်းတစ်ပတ်မှာ ၃၆၀ ဒဂရီ ရှိတဲ့အတွက် Decans တစ်ခုဟာ ၁၀ ဒီဂရီ ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ၁၂ ရာသီခွင်ရဲ့ သင်္ကေတ တစ်ခုစီမှာ Decans ၃ ခုစီရှိပါလိမ့်မယ်။ ဒီအောက်က Table of Faces/ Decans မှာ ရာသီခွင်တွေနဲ့ Decan အလိုက် ဆိုင်ရာ ဂြိုဟ်ခွင်တွေ ဆက်စပ်ပုံကို ဖော်ပြထားပါတယ်။

First

Decan ruler

(0- 10.999°)

ပထမအံသာ

Second

Decan ruler

(11- 20.999°)

ဒုတိယအံသာ

Third

Decan ruler

(21- 29.999°)

တတိယအံသာ

Aries - မိဿ

Mars

Sun

Venus

Taurus - ပြိဿ

Mercury

Moon

Saturn

Gemini - မေထုန်

Jupiter

Mars

Sun

Cancer - ကရကဋ်

Venus

Mercury

Moon

Leo - သိဟ်

Saturn

Jupiter

Mars

Virgo - ကန်

Sun

Venus

Mercury

Libra - တူ

Moon

Saturn

Jupiter

Scorpio - ဗြိစ္ဆာ

Mars

Sun

Venus

Sagittarius - ဓနု

Mercury

Moon

Saturn

Capricorn - မကာရ

Jupiter

Mars

Sun

Aquarius - ကုမ်

Venus

Mercury

Moon

Pisces - မိန်

Saturn

Jupiter

Mars


(Source: http://en.wikipedia.org/wiki/Decans)

အဲဒီမှာ သွားတဲ့ ပုံသဏ္ဍာန်က ဂြိုဟ်ခွင် ၇ ခုကို အစီအစဉ်အတိုင်း Saturn, Jupiter, Mars, Sun, Venus, Mercury, Moon ဆိုပြီး ထပ်ကျော့နေတာ ဖြစ်ပါတယ်။ ဒါဆိုရင်ဖြင့် လီနော်မန် ကတ်တွေနဲ့ အလွယ်တကူ ဆက်စပ်နှိုင်းယှဉ်လို့ ရသွားပါပြီ။ Decans ၃၆ ခုအရ နှစ်တစ်နှစ်ကို အသေးစိတ်ပိုင်းနိုင်တဲ့အတွက် ဘယ်နေ့ဘယ်အချိန် ကာလဆိုတာကို လီနော်မန်နဲ့ အကြမ်းဖျင်း ဟောကြားနိုင်ပါလိမ့်မယ်။

ဒီအောက်က 36 Decans ဇယားဟာ Paul Christian ရဲ့ The History and Practice of Magic ကနေ ထုတ်နှုတ်ထားတာပါ။

The Thirty-Six Decans

ဂြိုဟ်ခွင်

ရာသီခွင် ဒီဂရီ

နေ့ရက်

လီနော်မန် ကတ်

Mars

Aries 1-10

March 21 - March 30

09) Bouquet

Sun

Aries 11-20

March 3 - April 9

10) Scythe

Venus

Aries 21-30

April 10 - April 19

11) Whip

Mercury

Taurus 1-10

Apr 20 - Apr 29

12) Birds

Moon

Taurus 11-20

Apr 30 - May 9

13) Child

Saturn

Taurus 21-30

May 10 - May 19

14) Fox

Jupiter

Gemini 1-1O

May 20 - May 29

15) Bear

Mars

Gemini 11-20

May 30 - June 8

16) Stars

Sun

Gemini 21-30

June 9 - June l8

17) Stork

Venus

Cancer 1-10

June 19 - July 3 July

18) Dog

Mercury

Cancer 11-20

July 4 - July 13

19) Tower

Moon

Cancer 21-30

July 14 - July 23

20) Garden

Saturn

Leo 1-10

July 24 - Aug 2

21) Mountain

Jupiter

Leo 11-2O

Aug 3 - Aug 12

22) Crossroads

Mars

Leo 21-30

Aug 13 - Aug 22

23) Mouse

Sun

Virgo 1-10

Aug 23 - 1 Sep

24) Heart

Venus

Virgo 11-30

Sep 2 - Sep ll

25) Ring

Mercury

Virgo 21-30

Sep 12 - Sep 21

26) Book

Moon

Libra 1-10

Sep 22 - Oct 1

27) Letter

Saturn

Oct 2-Oct 11

Libra 11 - 20

28) Man

Jupiter

Libra 21-30

Oct 12 - Oct 21

29) Lady

Mars

Scorpio 1-10

Oct 22 - Oct 31

30) Lily

Sun

Scorpio 11-20

Nov 1 - Nov 10

31) Sun

Venus

Scorpio 31-30

Nov 11 - Nov 20

32) Moon

Mercury

Sagittarius 1-10

Nov 21 - Nov 30

33) Key

Moon

Sagittarius 11-20

Dec 1 - Dec 10

34) Fish

Saturn

Sagittarius 21-30

Dec 11 - Dec 20

35) Anchor

Jupiter

Capricorn 1-10

Dec 21 - Dec 30

36) Cross

Mars

Capricorn 11-30

Dec 31 - Jan 9

01) Rider

Sun

Capricorn 31-30

Jan 10 - Jan 19

02) Clover

Venus

Aquarius 1-10

Jan 20 - Jan 29

03) Ship

Mercury

Aquarius 11-30

Jan 30 - Feb 8

04) House

Moon

Aquarius 21-30

Feb 9 - Feb 18

05) Tree

Saturn

Pisces 1-10

Feb 19 - Feb 28 & 29

06) Clouds

Jupiter

Pisces 11-20

Mar 1 - Mar 10

07) Snake

Mars

Pisces 21-30

Mar 11 - Mar 20

08) Coffin


(References: The History and Practice by Paul Christian, http://freakyfortuneteller.com/chanah/?p=1904)

ကတ်တွေနဲ့ နှိုင်းယှဉ်တဲ့နေရာမှာ Aries (မိဿ) ရာသီရဲ့ ပထမ အံသာကို နံပါတ် (၉) ကတ်ဖြစ်တဲ့ Bouquet ကနေပြီး စတင် ဆက်စပ်ထားပါတယ်။ ဘာကြောင့် ဒီလို ယူဆတယ်ဆိုတာကိုတော့ မသိပါဘူး။ ဒီနည်းစနစ်ကို လီနော်မန် နိမိတ်ဖတ် ဆရာမဖြစ်တဲ့ Chanah က သူမရဲ့ ဆိုက်ဒ်မှာ ပြောပြထားတာပါ။ သူမ တီထွင်ထားတာ မဟုတ်ဘဲ သူမရဲ့ မိတ်ဆွေ ဖြစ်တဲ့ Dr. Richard Farr က အသုံးပြုတာလို့လည်း ဆိုပါတယ်။

Astrological Lenormand ဆိုပြီး လီနော်မန် ဖဲထုပ်ရှိပါတယ်။ ကတ်ပြားထောင့်တွေမှာ နက္ခတ်သင်္ကေတတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်မကြာခဏသုံးတဲ့ Mystical Lenormand မှာလည်း ကတ်ပြားထောင့်မှာ နက္ခတ်သင်္ကေတတွေ ပါပါတယ်။ ဒါပေမယ့် ယှဉ်တွဲဆက်စပ်တဲ့ နေရာမှာ အထက်က ကျွန်တော်ပြောပြသွားသလိုမျိုး မဟုတ်ပါဘူး။ အဆိုပါ ဖဲထုပ် ၂ ထုပ်ကလည်း အချင်းချင်း ယူဆထားပုံ မတူပါဘူး။ ဒါကြောင့် အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုပါလို့ ပြောချင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ လီနော်မန်နဲ့ နက္ခတ်တွေရဲ့ ဆက်စပ်မှုကို သိရှိပြီ ဖြစ်တဲ့အတွက် ကတ်တွေနဲ့ ဟောကြားတဲ့နေရာမှာ ပိုမိုပြီး အသေးစိတ်ကျတဲ့ သဘောတရားတွေကို နှိုင်းယှဉ်တွဲစပ် ဟောကြားလာနိုင်မယ်လို့ ထင်ပါတယ်။ Decans ၃၆ ခုအရ နှစ်တစ်နှစ်ကို အသေးစိတ်ပိုင်းနိုင်တဲ့အတွက် ပထမဆုံး အဆင့်အနေနဲ့ ဘယ်လ ဘယ်ရက် ဆိုတာကို လီနော်မန်နဲ့ အသေးစိတ် ဟောကြားနိုင်ပါလိမ့်မယ်။ ကျန်တဲ့ ဂြိုဟ်ပရိယာယ်တွေ၊ ဂြိုဟ်သဘောတရား တွေကိုဖြင့် အခြား နက္ခတ်ဆိုင်ရာ ဘလော့ဂ်တွေ၊ ဆိုက်ဒ်တွေမှာ လေ့လာပါလို့ အကြံပြု ပြောချင်ပါတယ်။

အဆင်ပြေမည်ဟု အစဉ်အမြဲ မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

References:
  • The History and Practice by Paul Christian
  • http://freakyfortuneteller.com/chanah/?p=1904
  • http://en.wikipedia.org/wiki/Decans

2 comments:

  1. (0 - 10.999°)
    (11 - 20.999°)
    (21 - 29.999°)
    ဆိုတဲ့ သုံးပိုင်းဟာ ရာသီကို သုံးပိုင်းပိုင်းတဲ့ တြင်းစက် ပုံစံပါ။ ဒါ့ကြောင့် အပေါ်က အတိုင်းအတာ သုံးခုမှာ ရှေ့ဆုံးက ၁ ပိုပြီး နောက်ဆုံးက ၁ လိုနေလို့ ဒီလိုပြင်ပြောကြည့်ပါရစေခင်ဗျာ။
    (0 - 9.999°)
    (10 - 19.999°)
    (20 - 29.999°)
    လေးစားလျှက်
    ကိုပခန်း

    ReplyDelete
  2. ကျေးဇူးပါပဲ... ကိုပခန်းရေ... အခုလို လာရောက်ထောက်ပြတာ... ခက်တာက ကျွန်တော်ကလည်း သေချာနားမလည်ဘဲနဲ့ အဲဒါကို ဝီကီပိဒိယကနေ ဒီတိုင်း ကူးတင်လိုက်တာဗျာ... ခေါင်းရှောင်တာတော့ မဟုတ်ဘူးနော်... တကယ်က ၃၀ ကို ၁၀ ဆီ ပိုင်းမယ်ဆိုရင် အခုလိုပဲ ဖြစ်ရမှာပါ။

    အမှန်ကို ထောက်ပြတဲ့အတွက် ကျေးဇူးပါ။

    အုပ်စိုး

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။