Sunday, March 28, 2010

တစ်ကတ်တည်း၊ ဒါပေမယ့် တားရော့

ခြေထောက်မှာ ဗွေပေါက် လောက်အောင် ဆရာတေးက ဆီဘောက်စ်မှာ အပီထောက်ပြီး လာအမေးအမြန်း ပြုသွားတာတွေကို ပို့စ်အသစ် မတင်ဖြစ်တာနဲ့ပဲ... ဆီဘောက်စ်ထဲက chat တွေကို ဒီတိုင်း ကော်ပီကူးပြီး ပြန်လည် ဆားချက်လိုက်ပါတယ်။ (ဖတ်သူများ မငြီးငွေ့ရလေအောင် ကာတွန်းလေးတွေပါ အပိုထည့်ပေးထားပါတယ်... :P)


(Source: http://3.bp.blogspot.com/_yOTjCHRCsI8/SFNFMMCpAEI/AAAAAAAAD08/JyDV7fZryrA/s1600-h/Myanmar+Cartoons+01.jpg)

တားရော့: ဆရာအုပ်စိုး .. ဆရာမ မိုးသူ...။ မေးချင်ပါတယ် ဖြေပေးပါ

တားရော့: တားရော့ကဒ် မေဂျာ ၂၂ ချပ်၊ (သို့ ) မိုင်နာ ၅၆ ချပ် ။ စုစုပေါင်း ၇၈ ချပ် ။ မေဂျာ မိုင်နာ ဟောတယ်ပေါ့

တားရော့: လူတစ်ယောက်က ဆရာခင်ဗျား .. ကျနော့်ကို မေဂျာဖြစ်ဖြစ် မိုင်နာဖြစ်ဖြစ် .. မေဂျာကဒ်နဲ့ ဟောမယ်ဆိုရင်လည်း ၂၂ ချပ်လုံးမသုံးဘဲ.. အဲဒီထဲက ၁ချပ်တည်းနဲ့ပဲ ကလဖန်ထိုး..အဲဒီ ၁ချပ်နဲ့ ပဲ လာသမျှလူကို ဟောလုပ်ပါဆိုရင်။


(Source: http://bp0.blogger.com/_5nCIK5ns2iM/SD8V_N273NI/AAAAAAAAAD4/tIe3rfcQRvU/s1600-h/cartoon+%2814%29.jpg)

တားရော့:
မိုင်နာ ၅၆ ကဒ်နဲ့ ဟောမယ်ဆိုရင်လည်း အဲဒီ ၅၆ ကဒ်ထဲက ၁ချပ်ထဲကိုပဲ ကလဖန်ထိုး ၁ချပ်ထဲနဲ့ ပဲ လာသမျှလူကို ဟော ဆိုပြီးတော့


တားရော့: ၁ချပ်ထဲနဲ့ ဘာလာလာ ဟောတဲ့နည်းရှိပါသလား။ တားရော့ဖြန့်ကျက်နည်း ပေါင်းများစွာထဲက တားရော့ကဒ် ၁ချပ်တည်းနဲ့ ဘယ်သူလာမေးမေး.. အဲဒီ ၁ချပ်နဲ့ ဟောကြားနိုင်တဲ့ ဖြန့်ကျက်နည်း ရှိပါသလားခင်ဗျာ


(ဆရာတင်အောင်နီရဲ့ ကာတွန်းဟောင်းတစ်ကွက်၊ စကန်ဖတ်ထားတာပါ။)

မိုးသူ: ရှိကောင်းရှိပါလိမ့်မယ် ဆရာတေးရေ .. ဒါပေမယ့် ကျမကတော့ အဲ့ဒီလို ၁ချပ်တည်းနဲ့ မဟောတတ်ပါ

မိုးသူ: အနည်းဆုံး မေဂျာ ၂၂ချပ်ရှိမှသာ ဟောနိုင်ပါတယ်

မိုးသူ: ဆရာတေးအေးရိပ် တားရော့ကို လေ့လာပြီး တချပ်တည်းနဲ့ လာသမျှဟောနိုင်အောင် ကြိုးစားကြည့်ပါ ဆရာတေးရေ .. အောင်မြင်မှာပါ

အုပ်စိုး: တားရော့ကို တစ်ချပ်တည်းပဲ ဟောဟော တစ်ထုပ်လုံးနဲ့ပဲ ဟောဟောပါ။ မှန်ကန်တိကျဖို့ ဆိုတာက ဟောကြားတဲ့သူရဲ့ ပညာနဲ့ အတွေ့အကြုံပေါ် မူတည်ပါလိမ့်မယ်။


(Source: http://2.bp.blogspot.com/_na70Aw8gBm4/SVRBvWbWuII/AAAAAAAABz0/o6QamQW4glA/s400/astrologer+by+pyar+laung+999999999.jpg)

အုပ်စိုး: ကျွန်တော် ဒီက စတိုးဆိုင်တစ်ခုမှာ Love Tarot ဆိုတာ တွေ့ဖူးပါတယ်။ အဲဒီမှာ တားရော့ ၁၄ ချပ်တည်းရှိပါတယ်။ မေဂျာကော မိုင်နာကောပါပါတယ်။ အဲဒီ ၁၄ ချပ်တည်းနဲ့လည်း ဟောလို့ ရပါတယ်ဗျာ။

အုပ်စိုး: ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ၁၂ ရာသီခွင် ပုံတွေ ရိုက်ထားတဲ့ ကတ်ပြား ၁၂ ချပ်တည်းနဲ့ ဟောပါတယ်။ အင်မတန် မှန်ကန်တာကို တွေ့ဖူးပါတယ်။ သူက တစ်ချပ်တည်း ဆွဲခိုင်းပြီး ဟောတာပါ။


(Source: http://www.irrawaddy.org/bur/images/stories/tartay.jpg)


အုပ်စိုး: ဒါကြောင့် ဘယ်နှစ်ချပ်၊ ဘယ်ဖဲထုပ် ဆိုတာထက် ဟောကြားသူရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုက ပို အရေးကြီးမယ်လို့ ထင်ပါတယ်။

အုပ်စိုး: ကျွန်တော်လည်း အခု လောလောဆယ် အချိန်ထိ တစ်ချပ်တည်း ဆွဲပြီး သိပ်ဟောလေ့ မရှိပါဘူး။ လာမေးတဲ့သူကို အနည်းဆုံး ၃ ကတ်တော့ ဆွဲခိုင်းပါတယ်။

တားရော့: ဒါဆိုရင် တားရော့ဟောတဲ့သူ အရမ်းကျွမ်းနေရင် ... တားရော့ကဒ်တစ်ချပ်မှ မပါဘဲ တားရော့ဟောလို့ ရမလား

အုပ်စိုး: တားရော့ဟောပါတယ် ဆိုမှတော့ တားရောတော့ ပါမှ ဖြစ်မယ်လေ... ဆရာသမားတို့ရဲ့ မနောက်ပါနဲ့ဗျာ...


(Source: http://www.969toons.com/comics/2009-11-06.jpg)

တားရော့: ကျနော်ဆိုလိုတာက တစ်ချပ်တည်း ဆွဲခိုင်းတာမျိုးမဟုတ်ပါဘူး

တားရော့: ဟောမဲ့သူက တစ်ချပ်တည်းကိုပဲ ထည်လည်းသုံးပြီး လာသမျှလူကို အဲဒီ၁ချပ်တည်းနဲ့ ဟောပြောတာမျိုးပါ

အုပ်စိုး: တစ်ချပ်တည်း ဆွဲပြီး ဟောတာကို သိပ်အားမသန်သလို သိပ်လည်း အားမရလို့ ဖြစ်ပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ခင်မင်လေးစားစွာဖြင့်...


(Source: http://1.bp.blogspot.com/_na70Aw8gBm4/SV2F36ty28I/AAAAAAAAB5I/DzIPMhtmbT4/s1600-h/astrologer+by+pyar+laung+3333333.jpg)

တားရော့: တစ်ချပ်တည်း ဆွဲတာမဟုတ်ဘူးလေ

တားရော့: ဆရာအုပ်စိုးက ဟောတဲ့သူဆိုပါစို့ . .ဆရာအုပ်စိုးက ၁ချပ်တည်းကိုပဲ ကလဖန်ထိုးပြီး လာသမျှလူကို အဲဒီ ၁ချပ်တည်းနဲ့ ပဲ ဟောတာမျိုးကို ဆိုလိုတာပါ


(Source: http://bp3.blogger.com/_5nCIK5ns2iM/SD8WM9273UI/AAAAAAAAAEw/la7-eH38SFI/s1600-h/cartoon+%2826%29.jpg)

အုပ်စိုး: ဖဲချပ် တစ်ချပ်တည်းကို သုံးပြီး ဟောလို့ ရပါတယ်။ ဘာနဲ့ ပုံစံတူမလဲဆိုရင်ဖြင့် ဖန်လုံးကြည့်ပြီး ဟောသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။

တားရော့: အင်း ..အဲဒါဆိုရင် ဆရာအုပ်စိုးအနေနဲ့ တားရော့တစ်ချပ်တည်းကို ဖြန့်ကျက်ပြီးဟောတဲ့ နည်းသိမလား


(Source: http://1.bp.blogspot.com/_zig_Y4kM4A4/S6l1z9kexTI/AAAAAAAACz4/wQSiDVFEPSI/s1600-h/244%28car5%29.jpg)

အုပ်စိုး: အဲလို ဟောဖို့အတွက် ဟောကြားတဲ့သူဟာ ဟောတဲ့အချိန်မှာ အင်မတန်မှ စူးရှထက်မြက်တဲ့ စိတ်တန်ခိုးလေ့ကျင့်ထားရပါလိမ့်မယ်။ ကျွန်တော်တော့ မရရှိသေးပါဘူး။ အမှန်ပြောတာပါ။ ဒါမျိုးဟောတာကို တွေ့ဖူးပါတယ်။

တားရော့: ဖန်လုံးက နိမိတ်တွေဟာ ပြောင်းလဲနေပါတယ်.. တားရော့တစ်ချပ်တည်း ကြည့်မယ်ဆိုရင်တော့ ဒီပုံက ဒီပုံပါပ


(Source: http://www.99sanay.com/2010/03/blog-post_11.html)

တားရော့: တားရော့သမားစစ်စစ်ဟာ တားရော့နဲ့ ပဲ ဟောကြားမှ တားရော့နဲ့ ဟောတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားနိုင်ပါလိမ့်မယ်

အုပ်စိုး: ကတ် တစ်ကတ်တည်းနဲ့ ဟောတာ တကယ်ရှိပါတယ်။ ချင်းမိုင်မြို့ကို လမ်းကြုံရင် လာခဲ့ပါ။ ဟောကြားတဲ့ အမျိုးသမီးဟာ မနက်မိုးလင်းရင် အဓိဌာန်ပြုပြီး တားရော့ တစ်ကတ်တည်း ဆွဲပါတယ်။

(ဆရာမောင်စိန်ရဲ့ ကာတွန်းဟောင်းတစ်ခု၊ စကန်ဖတ်ထားတာလေးပါ။)


အုပ်စိုး: တစ်နေကုန် လာသမျှလူကို အဲဒီ တစ်ချပ်တည်းနဲ့ ဟောတာပါ။ တော်တော်လည်း မှန်ပါတယ်။ မေးခွန်းက ၃ ခု ထက်တော့ ပိုမေးလို့ မရပါဘူး။

တားရော့: သူက မေဂျာ (သို့ ) မိုင်နာ ထဲက ကဒ်ကိုရွေးပြီးဟောတာမဟုတ်လား....

တားရော့: ဆိုလိုချင်တာကဗျာ.. အရုးကဒ်ကို ကြိုက်တဲ့ တားရော့ဆရာဟာ အဲဒီတစ်ကဒ်တည်းနဲ့ သူဟောပြောတဲ့ သက်တမ်းတစ်လျှောက်လုံးကို ..လာမေးတဲ့သူမှန်သမျှကို အဲဒီအရူးကဒ်နဲ့ ပဲ ဟောသွားတာမျိုးကို ဆိုလိုတာပါ


(Source: http://3.bp.blogspot.com/_9b7BPq6XvXI/SYbXPYVZA9I/AAAAAAAADK8/B6b1x-UNbpg/s400/cart01_data0212.jpg)

အုပ်စိုး: အဲဒါကတော့ လုံးဝကို မတွေ့ဖူးသေးပါဘူး။ ရှိချင် ရှိပါလိမ့်မယ်... ခု ချိန်ထိတော့ မတွေ့ဖူးသေးပါ။

တားရော့: အခုလို ဖြေကြားပေးတဲ့အတွက် အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျှက်

အုပ်စိုး: ကျေးဇူးတင်ပါတယ်။ တယ်နောက်တဲ့ လူတွေပဲ... ဇာတ်ထောင်စား၊ ပြဇာတ်ကတဲ့အခါ လက်တို့လိုက်မယ်... :)


(Source: http://1.bp.blogspot.com/_na70Aw8gBm4/Sb5a5dnfp0I/AAAAAAAAC24/apAQX9DCZj8/s400/IMG_2568.JPG)

စာကြွင်း။ ။ Single Tarot Card Reading ဆိုပြီး ဟောကြားတဲ့ စနစ်ရှိပါတယ်။ ဒါပေမယ့် အဲဒါဟာ ဖဲထုပ်ထဲကနေ ဖဲချပ် တစ်ချပ်ကို ဆွဲထုတ်ခိုင်းပြီး ကျလာတဲ့ ကတ်ကို ကြည့်ပြီးဟောတာပါ။ ဒီနည်းစနစ်ကို ကျွန်တော်တို့ သိပ်အားမသန်သလို သိပ်လည်း အားမရလို့ ဟောလေ့မရှိပါဘူး။

ဖဲချပ် တစ်ချပ်တည်းကို (ဥပမာ- အရူးကတ် စသည်) နိဖိတ်ဖတ်ဆရာက တစ်သက်လုံး (သို့) အချိန်ကာလ တော်တော်ကြာအောင် ဒီတစ်ကတ်တည်း ကိုင်ပြီး ဓာတ်ဖန်လုံး ကြည့်သလိုမျိုး ဟောမယ်ဆိုရင် ဖြစ်မဖြစ်ဆိုတဲ့ မေးခွန်းကို ဖြေရရင်ဖြင့်... “ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း မဟောတတ်သလို ခုချိန်ထိလည်း တစ်ခါမှ မမြင်၊ မတွေ့ကြုံဖူးသေးပါ” လို့ပဲ ပြောရပါတော့မည်။


(Source: http://www.modins.net/Entertainment/cartoon/mgwanna.htm#)

ခင်မင်သော မေတ္တာဖြင့်၊ အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး၊ မိုးသူ

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။