Wednesday, June 3, 2009

ဝိုင်မာ chitthukoko နှင့် စကားစမြည် (၂)

ယခင်တစ်ခေါက်မှ အဆက်...

me: ခင်ဗျား ဇာတ်လမ်းကြားရတာ မျက်ရည်တောင် ကျချင်တယ်... အဲဒါ တကယ်ပဲလားဗျ

moonloverster: အင်း... သူဆုံးသွားပြီးနောက်

me: ဒါဆို ခင်ဗျားမှာ ကလေးလည်းရှိတာပေါ့

moonloverster: ရှိပါတယ်

me: အော်

me: ကျွန်တော်က ခင်ဗျားကို ကျွန်တော်တို့နဲ့ ရွယ်တူထင်နေတာဗျ :)

moonloverster: အဲဒီနောက်ကျွန်တော် မိန်းမတယောက်နဲ့ အုတ်လိုင်းမှာတွေ့တာ

me: အော် စိတ်ဝင်စားစရာပဲ

moonloverster: သူက ပညာတတ်ဗျ

me: အော်

moonloverster: ကျွန်တော်က ပညာအရမ်းမတတ်တော့ အထင်လဲကြီး

me: အော်... ပြီးတော့

moonloverster: အုတ်လိုင်းမှာ 2နစ်လောက်တွေ့ ဗမာပြည်တောင်မပြန်ဘဲသူ့ကိုသွားတွေ့တာ

me: သူက ငြင်းပစ်ရောလား

moonloverster: ယူလိုက်တယ်လေ

me: ဟလွဲပြီ... ကျုပ်က ကတ်မကြည့်ရင် အကုန်လွဲ... ကတ်ကြည့်မှ မျက်စိမြင်သလို ဖြစ်နေတာ

moonloverster: အင်း

me: ပြီးတော့

moonloverster: ဒါနဲ့သူကဒီကို ကိစ္စတစ်ခုနဲ့လာရတယ်

me: မြန်မာရုပ်ရှင်တွေလည်း ကိုရီးယားမီသားဗျ (အတည်ပြောတာ)

:) အဲဒါနဲ့

moonloverster: ကျွန်တော့အိမ်မှာတည်း သားသမီးတွေနဲ့တွေ့ ok ပေါ့ဗျာ

me: ဒါနဲ့ ဇာတ်သိမ်းရောပေါ့

moonloverster: စာရိုက်နှေးလို့ ဆောရီးဗျာ

me: ရပါတယ်ဗျ... လူမရှိလို့ လူများတဲ့အချိန်ဆို ခင်ဗျားနှေးပုံနဲ့ အတော်ပဲ

moonloverster: မနှစ်ကအဲလိုလာပြီး မပြန်တော့ဘဲ

me: အင်း

moonloverster: ဒီမှာနေလိုက်တာ... သူ့ညီမက တခြားမှာနေတယ်

me: အင်း

moonloverster: တိုတိုပြောရရင် ကျွန်တော့ကိုယူပြီး တူတူမနေဘဲ သူ့ညီမဆီ သွားလိုက်ပြန်လိုက်လုပ်တယ်

me: အော်

moonloverster: သားသမီးတွေကိုအကြောင်းပြတယ် ဒီမှာအလုပ်မရှာဘူး တခြားမှာ ရှာတယ်

me: ကလေးတွေကို သူမချစ်လို့လားဗျ

moonloverster: မချစ်လို့နေမှာပေါ့

me: အော်... ဒါကြောင့် ကျောက်ဆူးနဲ့ ငှက်ကတ်ပြားကြတာ ခုတော့ သိပြီ... ပျံချင်တဲ့သူကို ခင်ဗျားက ကျောက်ချထားချင်တာပဲ

moonloverster: ကျွန်တော် မချပါဘူး အစထဲကကျွန်တော့အကြောင်းသူသိတာပဲ ဘာလိုလက်ခံခဲ့လဲ

me: အေးဗျာ... ခင်ဗျားအကြောင်းကို ခုလို ပြောပြတာ ကျေးဇူးပဲဗျ...

moonloverster: စဉ်းစားစရာနော်

me: ကျွန်တော်လည်း အဲဒါတွေ ကြောက်လို့ စဉ်းစားနေရတာ... မိန်းမယူဖို့ကို

ကျွန်တော်ဆို ထမင်းဆိုင်ကို ထမင်းစားဖို့သွားတယ် ကြက်သားဟင်းနဲ့ စားမယ်ပေါ့...

ဟိုရောက်လို့ ချပေးတော့ နည်းနည်းစားပြီး စားချင်စိတ်မရှိတာမျိုး ခဏခဏ ဖြစ်တယ်ဗျာ

ခု ခင်ဗျားတစ်ယောက်လည်း အဲလို ဖြစ်တာနေမှာပေါ့...

ကျွန်တော်က မိန်းမယူပြီး အဲလို ဖြစ်မှာ သိပ်ကြောက်တာဗျ

moonloverster: တကယ်တူတူနေတော့ပြောင်းလဲတာ...

ကျွန်တော် နေမကောင်းဖြစ်တော့လည်း အနားမှာမနေဘူးဗျ

me: ဘာသဘောလဲဗျ... နောက်လူ သူတွေ့နေလို့လား

moonloverster: အလုပ် သွားမပျက်

အဲလိုလဲမဟုတ်ဘူး... ဒါပေမဲ့ သူကလောဘတော်တော်ကြီးတာ သူလိုချင်တာပညာတတ်ဗျ

me: အော်... အခု သူ့စိတ်ကို ကတ် ၃ ချပ်ဆွဲကြည့်တာ


Child + Letter + Rider

Child ကလေးဆိုတာ တက်ကြွတာ

Rider မြင်းစီးသူကလည်း တက်ကြွတာ

သူက သိပ်လှုပ်ရှားချင်တဲ့သူလို ဖြစ်နေတာ

Letter ဆိုတဲ့ စာတွေ အဆက်အသွယ်တွေ တွေကနေ scholarship ဘာညာ၊ training ဘာညာ ကြားတာနဲ့ သွားတော့မှာ... လုပ်တော့မှာ

moonloverster: အင်းဟုတ်တယ်... ပညာနဲ့ပတ်သက်ပြီးခဏခဏ ကျွန်တော့ကိုနှိမ်တာ

me: သေချာတယ်ဗျ... ခင်ဗျားက စာတွေ မေးလ်တွေကနေ သူ့ကို ဆက်သွယ်မယ်

The letter concerns to all categories of communications. The communication transmits information and news. They always have a personal significance.

အဟောက အဲလို... ခင်ဗျားတို့ဘ၀က အဝေးရောက်ချစ်သူတွေ လို ဖြစ်နေတာ

moonloverster: အင်း

me: အဲ... တစ်ခုတော့ ပြောချင်တယ်... ကံကိုယုံ၍ စူးပုံမနင်းရာတဲ့နော်

moonloverster: ဟုတ်ကဲ့

me: လောကကို အမြင်သစ် အတွေးသစ်တွေနဲ့ ရှုတတ်ရင် အကောင်းမြင်တတ်ရင် လှပါတယ်ဗျ

moonloverster: နေအုံး

me: ပြောဗျ

moonloverster: ခုနောက်ဆုံးကျွန်တော့ဇာတ်လမ်းက

me: ဟုတ်ကဲ့... ကိုရီးယား ဒါရိုက်တာတွေ ထမင်းငတ်တော့မယ်

moonloverster: ကျွန်တော့ကိုမဆက်သွယ်ဖို့ အပြတ်ပြောလိုက်တယ်

me: ဟုတ်လား... ပြတ်ပြီပေါ့... happy ending လည်း မဟုတ်ပါလားဗျာ

moonloverster: အဲဒီနောက် 3လလောက်ရှိပြီ မဆက်သွယ်တော့ဘူး

me: အဲဒီတော့ သူဘာဖြစ်လဲ သိလားဗျ

moonloverster: မသိဘူး

me: အခု ၃ ကတ် ထပ်ဆွဲလိုက်တယ်... ၂ ကတ်က ခုနကနဲ့ အတူတူ


Rider + Letter + Mouse

moonloverster: အော်

Rider က တက်ကြွတာ

Letter က စာပေးစာယူ

Mouse က ဆုံးရှုံးမှု နစ်နာမှု

အဓိကက စိတ်လိုက်မာန်ပါလုပ်မိလို့ ဆုံးရှုံးရတာကို ပြတာ

moonloverster: ဘယ်သူလုပ်တာလဲ

me: Rider ဆိုတာလေ... အဲဒါက သူပေါ့

moonloverster: သူလွန်လားကျွန်တော်လွန်လား

me: နောက်တစ်မျိုး ကောက်လို့ရတာက

Letter + Mouse = ၀မ်းနည်းစရာ သတင်း... ၀မ်းနည်းစရာဆိုတာ ခံစားရတာကို ပြောတာ

moonloverster: အင်း

me: ကျွန်တော်ထင်တာ ခင်ဗျားတို့ ဖုန်းခေါ်လေ... အဆက်အသွယ်လုပ်လေ... ခံစားရလေ ဖြစ်မှာ

moonloverster: သူကအခုဒီမှာနေခွင့်တရားဝင်မရှိဘူး... ကျွန်တော်တင်ပေးမှရမှာ

me: စုပ်လည်းစူး စားလည်းရူးဖြစ်နေတာမျိုးလား

moonloverster: အေးလေ

me: သေချာပြီ... တဇွတ်ထိုးလုပ်လို့ သူ့မှာ ပူပန်နေရတာကို ပြတာ

moonloverster: သေချာတာပေါ့

me: အဲ... ကျွန်တော်အခု ၃ ကတ်ထပ်ဆွဲပြီး သူပြန်လာမလာ မေးကြည့်တာ


Letter + Bird + Heart

သေချာတာက... ခု ခင်ဗျား ခံစားနေရတာတွေ ပြီးသွားမယ်ဗျ

birds + letter = a message that creates confusion

birds + heart = tough time in love matter but passes

သူခင်ဗျားကို ပြန်ဆက်သွယ်လိမ့်မယ်ဗျ

moonloverster: အော် နေခွင့်ရဖို့လားလား

me: အဲဒါတော့ သိဘူးဗျ tough time in love matter but passes ဆိုတော့... ၏

ခံစားနေရတာတွေ ပြီးသွားမယ်လို့ပြောတာ... အဲဒီတော့ ခင်ဗျားဘက်က လုပ်သင့်တာက...

နေဦးဗျ ကျွန်တော် ကတ်ထပ်ဆွဲလိုက်မယ်။


Dog + Scythe + Heart

အင်း... ခွေးဆိုတာ သူငယ်ချင်းကောင်းဗျ

moonloverster: ကျွန်တော့သဘောကတော့ ကျွန်တော့ကြောင့်ဒုက္ခ မရောက်စေချင်ဘူး

me: Scythe ဆိုတာ တံစဉ် စပါးရိတ်တဲ့ဟာ... ဆိုလိုတာက ခင်မင်မှုလည်း အဆုံးသတ်သွားနိုင်တယ်ဗျ

dog + scythe= sudden ending in a friendship

moonloverster: ကျန်တာကတော့ကံစီမံရာပေါ့

me: Scythe + Heart: lover of the past is still on your mind, abrupt endings.

အတိတ်အဖြစ်တွေ အဆုံးသတ်သွားမယ်လို့ ပြတာဗျ။

ဒီတော့ ခင်ဗျားလုပ်သင့်တာက သူ့ဆီက စာကိုစောင့်ဖို့ပဲ... အဆက်အသွယ်ကို ပြောတာ

moonloverster: ဟုတ်ကဲ့

me: ပြီးရင် ဘာဖြစ်မလဲတော့ မသိဘူး... ခင်ဗျား ကိုပစ်ထားခဲ့ချင်လည်း ထားနိုင်တယ်

ဒီကတ်တွေမှာ ပြတာကတော့ အဆုံးသတ်ပဲ... Scythe ဆိုတဲ့ကတ်က အပြတ်အရပ်ပဲ...

ကျန်းမာရေးဆိုရင် Surgery ဘာညာ ခွဲစိတ်တာ စသဖြင့် ယူဆတာဗျ

moonloverster: အင်း

me: ဒါပေမယ့်ဗျာ... သိပ် serious မထားပါနဲ့ ကောင်းတာလုပ်ရင်တာ့ ကောင်းတာတွေ ဖြစ်မှာပါဗျာ...
ကျွန်တော်ကတော့ ဒီလောက်ပဲ မြင်တော့တယ် ကတ်တွေလည်း ထပ်ကုန်ပြီ

moonloverster: ဟုတ်ကဲ့ ကျွန်တောအနာဂတ်မှာ ဘာအပြစ်မှမသယ်ချင်တော့ဘူး

me: ဟုတ်ကဲ့... ကိုယ့်ဘက်က တာဝန်ကျေဖို့ပဲ လိုတာဗျ... အဲဒါဆို ဘယ်သူမှ အပြစ်မပြောဘူး

moonloverster: တတ်နိုင်သလောက်လုပ်ပေးမယ်လို့ဆုံးဖြတ်ထားတယ်

me: ဒါဆို နောက်ရက်မှ တွေ့မယ်ဗျာ... ဒီမှာ ညနေ ၃ နာရီရှီပြီဗျ

moonloverster: ok နားတော့လေ... ကျေးဇူးနော်

me: တာ့တာဗျာ

moonloverster: တာ့တာ

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်...
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။