Wednesday, June 23, 2010

လီနော်မန် တားရော့

(Source: http://file1.carookee.com/forum/Magieschule-Lenk/3/file/3625280/lenormand-tarot401.jpg?w)

“လီနော်မန် တားရော့” တဲ့ဗျာ။ စိတ်ဝင်စားစရာပါပဲ။ တားရော့က ၇၈ ချပ် ရှိတယ်။ လီနော်မန်က ၃၆ ချပ်ရှိတယ်။ အဲဒါကို ပေါင်းပြီးတော့ ၁၁၄ ချပ်များ လုပ်ထားလေသလား။ အသစ်များ ပေါ်လေသလား ဆိုပြီး လေ့လာကြည့်တော့ မဟုတ်ပါဘူး။ တားရော့ဖဲထုပ် ဖြစ်နေတာပါ။ ၇၈ ချပ်ပဲ ရှိပါတယ်။ တားရော့ကို လီနော်မန် ကတ်တွေနဲ့ ဆင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

တားရော့ကို လီနော်မန် ဖဲချပ်တွေရဲ့ Feeling ကို ယူပြီး ဖန်တီးထားတာဆိုပဲ။ ပြင်သစ်ပြည်ရဲ့ နောက်ခံသဘာဝတွေ ပါအောင် ဖန်တီးထားတဲ့အပြင် လီနော်မန် ကတ်တွေရဲ့ ပန်းချီပုံတွေနဲ့ပါ ခပ်ဆင်ဆင် တူအောင် ဆွဲထားလေတော့ ရုတ်တရက် ကြည့်လိုက်ရင် လီနော်မန်နဲ့ ဆင်တဲ့ တားရော့တွေပါပဲ။ သဘောကျပါတယ်။ တားရော့ ဆရာ၊ ဆရာမကြီးတွေတော့ ကြိုက်မယ့်ပုံ မပေါ်ဘူး။ ပိုက်ဆံရှိတဲ့အခါဖြင့် အင်တာနက်က မှာပြီးဝယ်ထားဦးမှလို့ စိတ်ကူးမိပါတယ်။

နမူနာ ကတ်တွေကို မျှဝေဖို့ Aeclectic Tarot Forum ကနေ ရှာထားပါတယ်။ English & Spanish Edition တဲ့။ ကြည့်ကြည့်ပါဦး သဘောကျစရာပါပဲ။ လီနော်မန်ကတ်တွေအတိုင်းပဲ စွဲမယ်ဖွယ် အရောင်အသွေး၊ လှပတဲ့ ပုံတွေနဲ့ ဖြစ်ပါတယ်... :)

Card Images from the Tarot Lenormand

1 2 3 4 5 6 7 8 9

(Source: http://www.aeclectic.net/tarot/cards/tarot-lenormand/)

ဒီကတ်ကို ဝယ်ယူထားတဲ့ လူတစ်ယောက်ရဲ့ You Tube ပေါ်က Card Review Video လေးကို ကြည့်ကြည့်ပါဦး။



“လီနော်မန် တားရော့” ဆိုတော့ တစ်ခု ထပ်စဉ်းစားမိတာက... “တားရော့ လီနော်မန်” များ ရှိလေမလား ဆိုတာပါ။ အင်တာနက်မှာ လိုက်ရှာတော့ မတွေ့ပါဘူး။ ဒါနဲ့ပဲ ထပ်စဉ်းစားမိတယ်။ အင်း... လီနော်မန် ကတ်တွေကို တားရော့ထဲက ရုပ်ပုံတွေနဲ့ ဆင်အောင် ဖန်တီးလိုက်ရ မဆိုးဘူးပဲ။ Rider Waite ထဲက ပုံတွေဆို တော်တော်လေး လှမှာပဲလို့ စဉ်းစားမိတယ်။ အချိန်အားရရင်တော့ Photoshop ထဲဝင်ပြီး ကလိကြည့်ဦးမယ်လို့လည်း တွေးမိတယ်။

တကယ်ပါ။ Graphic နဲ့ ဖန်တီးလို့ ရရင် ကျွန်တော် ဖန်တီးကြည့်ပါမယ်။ တားရော့ ရုပ်ပုံတွေနဲ့ လီနော်မန်ဖဲချပ်တွေ ဖြစ်လာပါမယ်။ ဒါကြောင့် တားရော့ ဆရာ့ ဆရာမကြီးများ စိတ်ကွက် မျက်နှာညှိုးတော် မူကြပါရန် ကြိုတင် အသိပေးရခြင်းပါ... :)


အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။