Wednesday, March 31, 2010

မြန်မာ ဝေဒဗေဒ လောကမှ အတင်းပလင်းများ


ပညာသည် အချင်းချင်း ရန်တိုက်ပေးတာ မဟုတ်ပါ။ အားလုံး အမြင်ကြည်လင်ကာ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေလို့၍ ပြန်လည် ဖော်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။ မည်သူက မည်သူ့ကိုမျှ ရန်ညှိုးဖွဲ့စေလို၍ မဟုတ်ပါ။ ပြီးတော့ ဒီပို့စ်ကို အချိန်ကာလ တစ်ခုကြာ ရက်အနည်းငယ်သာ တင်ပါမည်။ ပြီးလျှင် ဖျက်ပစ်ပါမည်... :)


ပါဝင် Gossip သူများ...

ဆြာတေး >> http://www.mmastrology.com/

ဆြာဖုန်း >> http://www.mahabote.org/

ဆြာရန်း >> http://www.younggun.co.cc/

ဆြာချမ်း >> http://www.tarotknowledge.co.cc/

ဆြာပခန်း >> http://kopakhan.myanmarbloggers.info/



colorfulpakhan: ကိုအုပ်စိုးရေ...

oaksoe.mmtl:
ဗျာ၊ ကိုပခန်း

colorfulpakhan:
ဟိုလူကြီးလေ...

oaksoe.mmtl:
ဘယ်လူကြီးလဲ

colorfulpakhan:
ဆြာတေးဆိုတာပေါ့

oaksoe.mmtl:
ဘာဖြစ်လို့လဲဗျ။

colorfulpakhan:
ဟာ... သူ့ဘာသာ အေးအေး မနေဘူးဗျာ

oaksoe.mmtl: ဟုတ်လား၊ အင်း... သူ့ဘာသာ မနေတာ သူ့သဘောပေါ့... ထားလိုက်ပါ။

colorfulpakhan:
မထားပါနဲ့ဗျာ၊

oaksoe.mmtl:
အင်း၊ သူတို့က မြန်မာပညာတွေကို ပြန်လည်ဖော်ထုတ်နေတာပဲလေ

colorfulpakhan:
ဖော်ထုတ်နေတာလား၊ ဖောက်ထုတ်နေတာလားဗျ...

oaksoe.mmtl:
ဟ ဟ... :)

colorfulpakhan:
အမှန်ပြောတာ၊ သူကိုယ်တိုင် နက္ခတ်ကျမ်းတွေ မီးရှို့ပစ်လိုက်သတဲ့

oaksoe.mmtl:
အော်...

colorfulpakhan:
မိခင်ကျမ်းရင်းတွေကို မီးရှို့ပစ်တာတဲ့

oaksoe.mmtl:
ဓာတ်ဆီ ပေါလို့ နေမှာပေါ့...

colorfulpakhan:
ကျွန်တော်လည်း တော်တော် ငိုချင်သွားတယ်၊

oaksoe.mmtl:
ဒါဆိုရင် သူက အခု ဘာနဲ့တွက်တာလဲ၊

colorfulpakhan:
ဘာကိုလဲဗျ

oaksoe.mmtl:
အော်... အဋ္ဌလဂ်ခွင်နဲ့ မတွက်ဘဲ၊ ဒဿလဂ်ခွင်နဲ့ တွက်သလားလို့

colorfulpakhan:
ဘယ်လို... ဒဿလဂ်ခွင်...

oaksoe.mmtl:
ဟုတ်တယ်လေ... ရာဟု ပြီးတော့ နောက်ထပ် အုပ်စိုးနဲ့ မိုးသူ ဆိုပြီး ဂြိုဟ် ၂ ခုကိုပါ ထည့်တွက်သလားလို့

colorfulpakhan:
ဟား ဟား၊ သွားမလုပ်လေနဲ့... ခင်ဗျားကို တားရော့ တစ်ချပ်တည်း ၃၆၀ ဒဂရီ လှည့်ကြည့်ပြီး တွက်ခိုင်းနေမှဖြင့်

oaksoe.mmtl:
အွန့်

======================================

moethu.mmtl: ဗျို့ ကိုဖုန်း

nokiamgphone:
ပြောဗျ... ဒီမှာဗျာ စိတ်တိုနေတာ

moethu.mmtl:
ဘာတွေကို တိုနေတာလဲဗျာ

nokiamgphone:
ဘယ်သူရှိမလဲ ဟို ငါးသလောက်လေး ရန်းဂန်းပေါ့

moethu.mmtl:
ဟ၊ ဟ... ကိုဖုန်းပဲ ရွှေရောင် ငါးဖလောင်းလေးဆို

nokiamgphone:
ဘယ်ကလာ... ဟိုလို အရောင်တောင် မရှိဘူး၊ မွေးလာတာ အင်္ဂါနဲ့ ကြာသပတေး ဂြိုဟ်တွေကို အလုံးလိုက် မြိုချထားသလား မှတ်ရတယ်

moethu.mmtl:
ဘယ်လိုကြီးလဲ။ အင်္ဂါနဲ့ ကြာသပတေးဆိုတာ

nokiamgphone:
သိဘူးဗျာ၊ ဆော်ပလော်တီးဖို့ လက်နက်တွေ ချိတ်ထားလိုက်တာလည်း

moethu.mmtl:
အော်၊ လက်နက်ရှိတော့လည်း ဆော်ပါစေပေါ့ ကိုဖုန်းရယ်

nokiamgphone:
ယတြာ မယုံဘူးလည်း ဆိုသေးတယ်၊ ဆရာမင်းသိင်္ခရဲ့ တားရော့ အဆောင်တွေကို ကျတော့ ညွှန်းထားလိုက်သေးတယ်။

moethu.mmtl:
အော်... သူ့ဆရာ အဖျားခေါက်ခေါက်ကိုး၊ ညွှန်းပါစေလေ...

nokiamgphone:
ဗေဒင်အကြောင်းတွေလည်း ရေးတယ်ဗျာ... ပြီးတော့လည်း “ရန်းဂန်းသည် ဗေဒင်ဆရာမဟုတ်၊ ကျွန်ုပ်သည်လည်း ရန်းဂန်းမဟုတ်” ဆိုပြီး...

moethu.mmtl:
ဟ ဟ... စိတ်လျှော့စိတ်လျှော့ ဆရာဖုန်း


======================================

Sir Tay: ဘာတွေ လုပ်နေလဲဗျ

oaksoe.mmtl:
ဗျာ၊ ဗျ... အွန်လိုင်း တက်နေတာလေ

Sir Tay:
အော် မသိပါဘူး၊ ဗေဒင်နဲ့ ဂမ္ဘီရကို ပီအိတ်ခ်ျဒီဘွဲ့ စာတမ်းများ ပြုစုနေတယ် ထင်လို့ပါ

oaksoe.mmtl:
မလုပ်ပါဘူးဗျာ၊ သုသေတနဆိုရင် ခင်ဗျားတို့ ဆိုက်ဒ်က ကိုဖုန်း တို့ကမှ လုပ်သေးတာ

Sir Tay:
ဝေသာလီ ဆိုတာလား... ဒီလူ အလကားပါလေ...

oaksoe.mmtl:
အော်

Sir Tay:
နေမကောင်းဘူးဆိုပြီး မိန်းမနားကကို မခွာတော့တာ

oaksoe.mmtl:
အော် ဟုတ်လား၊

Sir Tay:
ဒါပေမယ့် ဒီလူ နာမည်ပေးတော့ ကောင်းတယ်ဗျ၊ သူ့မိန်းမတောင် နာမည်တွေ ပေးထားတာ ၃ ခု ရှိနေပြီ

oaksoe.mmtl:
ဟုတ်လားဗျာ၊ ဘာနာမည်တွေလဲ

Sir Tay:
အိမ်သူ၊ ဇနီးနဲ့ မယား ဆိုပဲ...

oaksoe.mmtl:
ဟား၊ ဟား... စကားစပ်လို့ ဟို ကိုပခန်းဆိုတာလည်း သုတေသန ကောင်းသလိုပဲဗျ

Sir Tay: ဟုတ်လား

oaksoe.mmtl: အင်းလေ၊ သူဖတ်ထားတဲ့ ကျမ်းတွေကို ဘလော့ဂ်မှာ ရေးထားတာ

Sir Tay:
လူအထင်ကြီးအောင် နေမှာပေါ့...

oaksoe.mmtl: ခင်ဗျားတို့တွေ တယ်ခက်ကျတာပဲ။ သူက ကျမ်းစာအုပ်တွေစု... ခင်ဗျားက မီးရှို့ဆို...

Sir Tay:
ကျုပ်မီးရှို့တယ်လို့ ဘယ်သူပြောတာလဲ... တို့မီးရှို့မီး တယ်လုပ်ကြတာကိုး...

oaksoe.mmtl: ထားဗျာ၊ တကယ်ဆို ခင်ဗျားရှို့မယ့်စာအုပ်တွေ သူ့ပေးသင့်တာ... ဟီဟိ...

Sir Tay: ဟ ဟ။။။ နေပါဦး၊ ခင်ဗျားလည်း ဗေဒင်တွေ သိပ်လိုက်စားမနေပါနဲ့ဗျာ

oaksoe.mmtl:
ဟာ... ဘာလို့လဲဗျာ။ မှန်အောင်တော့ လေ့လာမှ ဖြစ်မှာပေါ့ဗျ

Sir Tay:
ဗေဒင်ဆိုတာ မှန်ဖို့ မလိုဘူးဗျ

oaksoe.mmtl:
ဗျာ... ဒါဆို ခင်ဗျား ဘယ်လို ဟောလဲ

Sir Tay:
အော်... လာတဲ့သူတွေ ယုံလို့လာတာ ကိန်းကြည့်ပြီး ယတြာပေးလိုက်ရုံပေါ့

oaksoe.mmtl:
အော်...

Sir Tay:
ဒါနဲ့ ခင်ဗျား သစ်ခွတွေ နားလည်လားဗျ

oaksoe.mmtl:
အင်း သိတယ်

Sir Tay:
ဒါဆို ပန်းရောင်းစားပါလားဗျ၊ Ebay မှာ ပန်းပုံလေး တင် ကြော်ငြာလိုက်

oaksoe.mmtl:
ဟာ၊ ဘာလုပ်မှာလဲဗျ

Sir Tay:
ဟာ... သက်သာတယ်လေ ပို့ခစရိတ် ဘာညာ အကုန် ဟိုက ခံသွားတာ ကိုယ်က အေးဆေးလေး ပိုက်ဆံ ယူယုံပဲ

oaksoe.mmtl:
ဟုတ်လားဗျ

Sir Tay:
ဟုတ်တယ်၊ ဗေဒင်တွက်... ဦးနှောက်တောင် ခြောက်သေးတယ်

oaksoe.mmtl:
ဟ၊ ဟ…


======================================

moethu.mmtl: ဟူးရားပျို ကိုရွှေရန်း

younggun22decade:
ဗျာ... ဟူးရားပျိုတော့ မသိဘူး၊ ထူးခြားလိုတာကတော့ အမှန်ပဲ

moethu.mmtl:
အားလားသိဘူး

younggun22decade:
ဘာလုပ်မလို့လဲ၊ ခုဒီမှာ လီနော်မန် လေ့လာနေတာ

moethu.mmtl:
အော် ဟုတ်လား၊ အဲဒါကြီး သွားလုပ်မနေပါနဲ့၊ ကိုအိုးစုတ်၊ အုပ်စိုးတို့ လုပ်နေတာတွေ

younggun22decade:
ဟုတ်တယ်၊ ကျွန်တော်လည်း နည်းနည်းမှ ကြည့်မရဘူး

moethu.mmtl:
သူ့ဖာသာ လွှတ်ထားလိုက်ပါလေ...

younggun22decade:
ပို့စ်ကဖြင့် တစ်ပတ်နေ တစ်ခုတောင် မတင်ဘူး၊ ပြီးတော့ တင်လိုက်ရင်လည်း လီနော်မန်၊ လီနော်မန်နဲ့

moethu.mmtl:
ပြည်တော်ပြန် လီနော်မန်ဖြစ်မလား၊ အဆီအတော်ပြန် လီနော်မန် ဖြစ်မလားပဲ

younggun22decade:
ဟား ဟား... သူကြည့်ရတာ လမ်းဟောင်းလိုက်ချင်ပုံ မရဘူး

moethu.mmtl:
အဲဒါဆိုရင်တော့ သူ့အိမ်ကို အမြန်သွားမှဖြစ်မယ်

younggun22decade:
ဘာလို့လဲဗျ

moethu.mmtl:
ကျမ်းတွေ မီးမရှို့ခင် ပြေးသိမ်းထားမလို့လေ... အဟောင်းဆိုင် ရောင်းလို့ရအောင်...

younggun22decade:
ဟား ဟား၊ ဒါပေမယ့် သူက အခု ယိုးဒယားမှာ အင်းလိုင်း ရောက်သွားပြီ ထင်တယ်

moethu.mmtl:
ဟို အနှိပ်ခန်း အင်းတွေသွားတာလား

younggun22decade:
ဟား ဟား

moethu.mmtl:
သိပ်ရယ်မနေနဲ့၊ ခင်ဗျားကိုလည်း သူက ပြောနေသေးတယ်

younggun22decade:
ဘာပြောတာလဲဗျ

moethu.mmtl:
ဗေဒင်ဆရာ မဟုတ်ဘူးဆိုတော့ ဗေဒင်ဆရာ တပည့်လားတဲ့

younggun22decade:
ဟိုက်...

======================================

cmo1234: ဆြာအုပ်စိုး

oaksoe.mmtl:
ပြောဗျ ကိုချမ်းမြေ့ဦး

cmo1234:
ဆြာ့ကို မေးစရာရှိလို့

oaksoe.mmtl:
ဆြာလို့ ခေါ်စမ်းပါနဲ့ဗျာ၊ ဆြာတပ်တဲ့လူတွေဆို ကြောက်လွန်းလို့

cmo1234:
ဆြာက ဆြာပါ ဆြာရယ်...

oaksoe.mmtl:
ဟ... ဟ၊ ပြောလေ ဆိုးလေ၊ ကဲ ဆိုပါဦး

cmo1234:
မမိုးသူက ကုလားမလေးလားဗျ

oaksoe.mmtl:
အာ... ဟုတ်ပါဘူး၊ ကုလားဆင်လေးပါဗျာ

cmo1234:
အော်

oaksoe.mmtl:
ဟုတ်တယ်၊ ကုလားနဲ့လည်း တူတယ်၊ ဆင်နဲ့လည်း တူတယ်လေ...

cmo1234:
ဟား ဟား လုပ်ပြီ။ ပေါ်လိုက်ရင် အချိန် ဘယ်လောက် ရမလဲ

oaksoe.mmtl:
သိဘူးဗျ၊ ဒါပေမယ့် သူ့ဆင်က နှာမောင်းနဲ့ အစွယ်နဲ့ မရှိတော့ဘူး၊ ဘယ်တုန်းက ဖြတ်ရောင်းလိုက်လဲ သိဘူး

cmo1234:
ကြည့်ရတာ သူ့ကောင်လေးကို ပေးလိုက်ပုံ ရမယ်ဗျ

oaksoe.mmtl:
ဟုတ်မှာပေါ့... ခု အဲဒါ ပြန်လိုချင်လို့ နေမှာပေါ့

cmo1234:
ဟားဟား... ကျွန်တော့်ကို လက္ခဏာဟောပေးတဲ့ ပူဆာနေပြန်ပြီ... သူ့ကောင်လေးလည်း အဲဒါကြောင့် ပြေးတာ နေမှာပေါ့

oaksoe.mmtl:
ဟုတ်မှာ... ကျွန်တော်တောင် ခု ပတ်ပြေးနေတာ၊ ဒါတောင် ဖုန်းဆက်ပြီး တွက်ခိုင်းသေးတာဗျ

cmo1234:
ကျွန်တော်ပြောတယ်၊ တစ်နေ့တော့ လင်ရမှာပါလို့၊ သူက ရဘူး... သူမှ သူပဲတဲ့

oaksoe.mmtl:
အော်... အရင်တစ်ယောက်တုန်းကလည်း သူမှ သူဖြစ်နေတာပါပဲ... ခုလည်း သူမှသူ

cmo1234:
ကျွန်တော်ပြောတယ်... ဟိုငတိ မရရင် ကျွန်တော် သားလေးမွေးတဲ့အခါ ချွေးမတော်ပါမယ်ဆိုတာ

oaksoe.mmtl:
ဟ ဟ

cmo1234:
သူက မစောင့်နိုင်ဘူးတဲ့၊ ဆရာသမားလည်း ကူလိုက်ပါဦးဗျာ

oaksoe.mmtl:
အင်း၊ ခက်တာက ကိုယ်တောင်မှ အခြေမကျသေးတာ၊ ကိုယ့်ခြင်ထောင်ထဲက ရည်းစားခြင်လေး အရင်ရိုက်ပါရစေဦးဗျာ...

cmo1234:
အဟား...

======================================

moethu.mmtl: ကိုအိုးစုတ်

oaksoe.mmtl: ဗျာ...

moethu.mmtl: ဆြာချမ်းက အမျိုးသမီးတွေ ဟိုဟာလာစဉ် တားရော့ မမေးရဘူးဆို... ဟုတ်လားဗျ...

oaksoe.mmtl: ဘယ်သိမှာလဲ သူ့သွားမေးပါလား

moethu.mmtl: ခက်တော့တာပဲ...

oaksoe.mmtl: ဟ၊ ခက်မနေနဲ့ ဆြာချမ်းက ခင်ဗျား လာလာနားပူနေလို့တဲ့ လင်မြန်မြန် ရှာပေးမယ် ဆိုလားပဲ...

moethu.mmtl: ခက်တော့တာပဲ...

oaksoe.mmtl: ဘာမှ ခက်မနေနဲ့... သူ့မေးလို့မရ ကိုယ့်ဘာသာ တွက်ပေါ့၊ ဒါမှ မဟုတ် ဆြာတေးတို့ ဆြာဖုန်းတို့ သွားမေးပေါ့ဟ...

moethu.mmtl: အဲလူကြီးတွေက ရစ်တယ်ဗျ...

oaksoe.mmtl: ဟ ဟ... ဒါဆို ဒီလိုလုပ်မယ်... live - လိုက်ဖ်ရှိုးပေါ့... ခင်ဗျား ဟိုဟာ လာနေတဲ့အချိန်မှာ... ကျုပ်ခင်ဗျားကို လိုက်ဖ်ရှိုးလုပ်ပြီး တွက်ပေးမယ်... ခင်ဗျားက... မှန်မမှန်ကို တစ်ခါတည်း...

moethu.mmtl: ဘာရှင့်... ရှင် လိုက်ဖ်ရှိုးနဲ့ သေသွားချင်လား... တော် တော်...

======================================

ဤတွင် အမြည်းသာ ဖော်ပြထားခြင်း ဖြစ်သည်။ ဆက်လက်ပြီး အသေးစိတ် ဖတ်လိုလျှင် ဒီလင့်ခ် >>> http://mmtarotlenormand.wordpress.com/ သို့သွားပါ။

ခင်မင်သော မေတ္တာဖြင့် အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး၊ မိုးသူ

6 comments:

  1. ကျနော့်အဘိုး ဆုံးမတာလေး သွားသတိရတယ်ဗျာ။ မင်းတို့ဟာတွေက သင်ညာတွေတဲ့ .. ပညာအစစ်က ပါးစပ်နဲ့ ပြောသင်၊ လက်နဲ့ ကူရေးသင်လည်း မပြီးမြောက်ဘူး။ ကိုယ့်ဖာသာ အလိုလို ထွင်းဖောက်နားလည်သိမြင်သွားတဲ့နေ့ကျမှ ပညာအစစ်ကို မြင်ရမယ်တဲ့။ အဘိုးအကြောင်းနဲ့ အဘိုးတို့ခေတ်က လောကီပညာအကြောင်း၊ ဘယ်ကျမ်းမှာ၊ ဘယ်ဂိုဏ်းဂဏ သင်တန်းမူမှာမှ မပါတဲ့ ကိုယ်ပိုင်မူ ရုပ်စမတွေအကြောင်း ရေးပြမလို့ပဲ။ အခုတော့ စိတ်ကုန်သွားပြီဗျာ။ အားလုံးပဲ ဝါးလုံးခေါင်းထဲမှာ လဆက်သာ ကြတာပေါ့။ ဝမရှိဘဲ ဝိမလုပ်ကြဖို့ .. ရှေးရှေးဝိဇ္ဇာမှာတမ်းကြောင့် ဝတစ်လုံးပိုင်အောင်ပဲ ဝလုံးလေးတွေ ဆက်ရေးလိုက်ဦးမယ်။

    ReplyDelete
  2. တွေ့မယ် ......ဟင်းးးးးးးးးးးး... နာ့ဘာဒါ ..ဟိုဒင်းပြုလို့ ဟ၀ှာနားကပ်တာ
    ဟိုသင်းဖြစ်လား .......ဟိုဟာချင်းမစာမနာ..ဟိုဟာမ သင်း ဥာဏ်တွေလည်း
    အများဆုံးပါမှာ။ ဟိုဒင်းပြုလားကွ။ ဒါပဲ။

    ကိုဖုန်း

    ReplyDelete
  3. ဘာပြောရမှန်းကို မသိဖြစ်သွားပေမယ့် ပြုံးချင်စိတ်ကို ထိန်းမရလို့ comment နဲ့ ပြုံးလိုက်ပါတယ်ဗျာ။

    နောင်ကျရင် ဒီလိုပြုံးစရာလေးတွေတောင် ၀င်ဖတ်ခွင့်ရချင်မှ ရမှာလေ။ နောင်နှစ်အနည်းငယ်ကျရင်တော့ ဘလော့ဂါ မောင်နှမတွေကို နှုတ်ဆက်ပြီး ပြည်တော်ပြန်ချိန်မှာတော့ ကံမကုန်ရင် ပြန်ဆုံကြမှာပေါ့လေလို့ မျှော်လင့်နေမိမှာပါ။ ဘုရားစောင်းတန်းမှာ ဆိုင်ချင်းကပ်ရပ်ဖွင့်ဖြစ်ရင်တော့ အတော်လေးကောင်းမယ်။ မေးသူရှားရင် အပျင်းပြေ အတင်းတုတ်ကြတာပေါ့ဗျာ။

    ဆြာတေးက ကျွန်တော့်သိတဲ့ ပထမဆုံး ဗေဒင်ဆရာပါ။ အစအနောက်သန်လို့ တစ်ခါတစ်ရံ ကသိကအောက်ဖြစ်တာကလွဲလို့ ခင်မင်မိပါတယ်။

    ဆြာရန်းနဲ့ဆြာဖုန်းကို ဦးမြကြီးရေးတဲ့ ဘာဝဒီပကကျမ်း မမျှလို့ ဒီနေ့ထိမေ့မရဘူး။
    ဆြာဖုန်းကိုတော့ အစ်ကိုအရင်းလိုပဲခင်ပါတယ်။ အကြိုက်တွေတူလို့ဗျ ဟီးဟီး။

    ဆြာရန်းက ရံဖန်ရံခါမှ ပေါက်ချလာတတ်တယ်။ မတွေ့တာတောင် ကြာလှပြီဗျ။

    ကိုချမ်းမြေ့ဦးကိုတော့ ဒီနေ့ထိ မဆုံးဖူး စကားမပြောဖူးပါဘူးခင်ဗျ။

    ကိုအုပ်စိုးနဲ့ကတော့ အသက်မွေးဝမ်းကျောင်းဆင်တဲ့ အစ်ကိုကြီး ဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်း စကားပြောဖူးပါတယ်။ ဒီလိုပြောဖူးလို့ ဒီမှာ အနော်ပါလာတာနေမှာပေါ့ဗျာ။ တကယ့်လူဆိုးပါပဲ။ အဟီး။

    မိုးသူကတော့ နေ့တိုင်းလိုလိုပြောဖြစ်ပါတယ်။ တွေ့လိုက်တိုင်း နှုတ်ဆက်တတ်တာက မတာကြီး ကာလနာကြီးတဲ့။ အဆဲလေးများ မခံရရင် သူ့ကို သတိတွေရလို့။
    ကျွန်တော့်ကို တားရော့နဲ့ အကြားအမြင်ရသူသဖွယ် ၅ ချက်လောက် ကွက်တိမှန်အောင်ဟောပြပြီး၊ ၅ နာရီလောက်ပြန်မေးသွားသူပေါ့ဗျာ။

    ဟောသွားတဲ့ ၅ ချက်ထဲမှာ အ၀တ်အစားအရောင်တွေ၊ လောလောဆယ်ကြည့်ဖြစ်နေတဲ့ဇာတ်ကားတွေကတော့ လက်ဖျားခါရလောက်အောင် တိကျလှပါတယ်ခင်ဗျာ။

    သူ့ပညာကို သဘောကျလို့ တားရော့ထုပ်ပိုက်ပြီး လာမယ့် တနင်္ဂနွေကစလို့ တားရော့သင်ပေးဖို့တောင် တောင်းပန် ဆရာတင်ထားပြီးပါပြီ။ သူလည်း လက်ခံလို့ အနော့်ဆရာမဖြစ်နေပါပြီ။ ဖွစရာတွေ များပေမယ့် ကိုယ့်ဆရာမမို့ မဖွတော့ပါဘူးခင်ဗျာ။

    ပုခန်းကြီးကိုရောက်ရင် ပခန်းသားအိမ်ဘယ်အိမ်လဲမေးပြီး ၀င်တာတည်းတော့ဗျာ။

    ခင်မင်လျှက်
    ကိုပခန်း

    ReplyDelete
  4. ဆြာရန်း...

    ပညာအသွယ်သွယ်ကို မင်္သကာစဖွယ်... အဲ... ရင်နာဖွယ်... တမင်တကာဖယ်မထားပါနဲ့... နင်ဟာမလွယ်ပါလားနော်။

    တော်ကြာ နောင်ဘဝကျ ပညာစောင့် သူတော်စင်ကြီး ဖြစ်နေမှဖြင့်... ကျုပ်တို့တွေ ရင်ထုမနာဖြစ်ရချည်ရဲ့ အဟင့်... ရွှတ်... :'(

    ReplyDelete
  5. ဆြာဟန်ရေ

    စကတည်းက ကိုအိုးစုတ်(မိုးသူအခေါ်) ဟာ ဘူလေးလဲသိပါဘူးဗျာ နောက်မှ ကိုယ်သဘောကြတဲ့ စာပြောင်ဆြာကြီးမှန်းသိရတာ ဆြာတို့ဆီမှရေးတဲ့ မိုးသူကိုလဲ ဒီဆိုက်မလုပ်ခင်ကတည်းက ခင်ပါတယ် နဲနဲဖောက်စားတာကလွဲလို့ ချစ်စရာကောင်းပါတယ် (စိတ်ကိုပြောတာနော် လာမပြစ်မှားနဲ့ နာ့ မှာ မိန်းမတစ်ယောက် နဲ့ ကလေးတစ်ယောက်ရှိတယ် ဟဲဟဲ ) နောက်တခုက တကယ်ပါဗျာ ဒီလောက် စွဲ၂လန်း၂ တစ်ယောက်ထဲကိုပဲ ခိုက်တဲ့ ကောင်မလေးကို ဂရုမစိုက်တဲ့ငနာကိုလဲတင်းပါပေ့ အဟုတ်နော် ကောင်မလေးမှာ ငတိအသံကြားရင် ဖလမ်းဖလမ်းကိုထလို့ တကယ်ပါ နောက် ကလေးများယူမယ်ဆို သားလေးမွေးရင် ပေးစားမှာ မစောင့်နိုင်ရင်တော့ သူ့သဘော လောလောဆယ်တော့ သူစိတ်ချမ်းသာအောင် အိပ်ပုပ်မလေးကို မနက်စော၂ထလုပ်ရမယ့် ယတြာလေးပေးလိုက်တာ ငြိမ်သွားတယ် တခါ လာခနက် နွယ်တဲ့ post တင်ရော လက်က္ခဏာ ကြည့်ပေးပါတဲ့ လူဆိုးလေး လက်အစစ်ကို ဖြတ်ပို့ပေးဆို ပို့မပေးဘူး ဒီမှာ ဆိုင်ပြန်သွင်းလို့ရတာပေါ့ ကဲပါဗျာ အဓိကကတော့ ဒီ post ကို မဖျက်စေချင်ဘူးဗျ ဗေဒင်လောက (သိုင်းလောကမဟုတ်ပါ) blogger တွေဟာသ နဲသဗျ ဒီတော့မဖျက်ပါနဲ့ မိုးသူလဲ သတိနဲ့နေပါ နဲ၂ ဆိုးတာနဲ့ သစ်စခန်းပို့ပြီပဲ အပြောင်အပျက်ပါဗျာ ကျွန်တော့မှာ မိုးသူနဲ့ အသက် သိပ်မကွာတဲ့ ညီမလေးရှိတယ် သူ့လဲအဲလိုစနေကြမို့ပါ အန်တီမိုးရေ စိတ်မဆိုးကြေးနော် အုံလိုက်နာတဲ့ ဆြာဟန် ဒီpost မဖျက်နဲ့ဗျာ

    ReplyDelete
  6. ပညာအသွယ်သွယ်ကို ရင်မှာသာ ကွယ်ဖျောက်ထားပါ့မယ်။ တမင်တကာ ဖယ်တာတော့ မဟုတ်၊ သင်ညာသိရုပ်တွေ များလှသဖြင့် ပညာစောင့် ပုဂ္ဂိုလ် ဖြစ်လိုလျင် ဖြစ်စေတော့။ ရုပ်စမကို နာမ်ချဉ်းပြီး ဂိုဏ်းမဟုတ်တဲ့ ပင်မကို ရင်ဝမှာ ကွယ်ထားလိုက်မယ်။ ဥာဏ်တူရင် ယူပေတော့။

    ReplyDelete

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။