Sunday, September 13, 2009

ကြုံရ ဆုံရ ဘ၀ တွေနဲ့  တားရော့ခရီး (၂ )



တားရော့နဲ့ အချိန် ကာလ ကို ခန့် မှန်းခြင်း

တားရော့ ဟောရင် ကြုံရတဲ့ ပြသနာတခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့
''ဘယ်တော့လဲ ဘယ်အချိန်လဲ ''ဆိုတဲ့ မေးခွန်းကိုဖြေဖို့ပါ။
ကျွန်မရဲ့ အတွေ့အကြုံအရတော့ တားရော့ရဲ့အဟောက သိပ်ဝေးဝေးတော့ မသွားတတ်ပါဘူး။ မြန်ဆန်တတ်ပါတယ် ။
အဲဒီမှာ ကျွန်မ လေ့လာ တွေ့ရှိသမျှ ပုံသေနည်းမကျ ဘာမကျ အချိန်အပိုင်းအခြား ခန့်မှန်းတာကို ပြောပါမယ်။


ပထမဆုံး ဒင်္ဂါး ၊ တုတ် ၊ ခွက် ၊ ဓား တို့ ကို ကိုယ်စားပြုထားတဲ့ အချိန်တွေက စပါ့မယ် ။

• ဒင်္ဂါး ( Pentacles ) - နှစ်
• တုတ် ( Wands ) - လ
• ခွက် (Cups)- ရက်သတ္တပတ် (သို့ မဟုတ်) ရက်ပိုင်း
• ဓား ( Swords) - ရက် (သို့ မဟုတ်) နာရီ
လို့ ယေဘူယျ သတ်မှတ်ပါတယ် ။

အဲ့ဒီ နောက်မှာ ဘယ်လိုဆက်လက် ယူဆရလဲဆိုတော့ .....

• Ace of Pentacles ဆိုရင် … ယေဘူယျ အားဖြင့် တနှစ်
• Ace of Wands ဆိုရင် … ယေဘူယျ အားဖြင့် တလ
• Ace of Cups ဆိုရင် .. ယေဘူယျအားဖြင့် တပတ်
• Ace of Swords ဆိုရင် ယေဘူယျအားဖြင့် တရက်
စသည်ဖြင့်တွက်ချက်ယူဆနိုင်ပါတယ် ။

အဲ့ဒီ သဘောတရားအရ ..
• six of Pentacles ဆိုရင် … ယေဘူယျ အားဖြင့် ခြောက်နှစ်
• six of Wands ဆိုရင် … ယေဘူယျ အားဖြင့် ခြောက်လ စသည်ဖြင့် အလားတူ ယူဆနိုင်ပါတယ် ။

အဲ့ဒီနေရာမှာ Queen နဲ့ King ( ဥပမာ .. Queen of Pentacles , King of Cups စသည်ဖြင့်) ဆိုရင်တော့ ရုတ်တရက်
ချက်ခြင်း မကြာခင် ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ် ။

နောက်ထပ် ယူဆချက် တရပ်ကတော့ ..

• Pentacles (ဒင်္ဂါး ) - နွေဦးပေါက်
• Wands ( တုတ်) - နွေရာသီ
• Cups ( ခွက် ) - ဆောင်းဦးပေါက်
• Swords ( ဓါး ) - ဆောင်းရာသီ
ဆိုပြီးတော့ လည်းခန့် မှန်းနိုင်ပါတယ် ။

ဒါပေမယ့် ကျွန်မရဲ့ တားရော့ ခရီး ပထမပိုင်းမှာ ရေးခဲ့သလိုပဲ တားရော့ ဟောကြားရာမှာ ဟောကြာသူအပေါ် အများကြီး မူတည်တဲ့အတွက် အဲ့ဒီ အယူအဆတွေ ဟာလည်း ဟောကြားသူအပေါ်မှာပဲမူတည်ပါလိမ့်မယ် ။

ဥပမာ - ဒီတလအတွက် ၃ချပ် တွက်နည်းနဲ့ ခန့် မှန်းမယ်ဆိုပါစို့  ။

အဲ့ဒီအခါ ပထမ တချပ်က ပထမ ၁၀ရက် ၊ ဒုတိယ တချပ်က ဒုတိယ ၁၀ရက် စသည်ဖြင့် လည်း ကိုယ့်ဘာသာ ယူဆလို့ ရပါတယ် ။
ဒါပေမယ့် တခါတရံမှာ ဘယ်တော့ အိမ်ထောင်ကျမလဲ ။ ဘယ်တော့ ဘာဖြစ်မလဲ စသည်ဖြင့် နောင်နှစ် ပေါင်းများ စွာ အတွက်
သိချင်တဲ့ လူတွေကို အထက်ဖော်ပြပါ ခန့် မှန်းနည်းတွေကို သုံးပေးနိုင်ပါတယ် ။
တားရော့က အချိန်ကာလ အကြာကြီးအတွက် မခန့် မှန်းနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး ။
ခန့် မှန်း လို့ ရပါတယ်။ နည်းလမ်းတွေလည်း ရှိပါတယ် ။ ဒါပေမယ့် ဟောရဲဖို့ သာလိုပါတယ် ။

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။