Thursday, May 28, 2009

ဝိုင်မာ chitthukoko နှင့် စကားစမြည် (၁)

moonloverster: မင်္ဂလာပါ ကိုအုပ်စိုး

me:
ဟုတ်ကဲ့... ဘယ်သူလဲ သိဘူး... ၀ိုင်မာက chitthukoko ဆိုတာလား

moonloverster:
ဟုတ်ကဲ့... ဗေဒင်မေးချင်လို့... အားမှနော်

me:
ရပါတယ် ဘာအကြောင်းမေးမလဲဗျ

moonloverster:
ဟုတ်ကဲ့၊ အချစ်အကြောင်း

me:
အော်... ခဏဗျာ... ကော်နက်ရှင် ကျနေတယ်။

moonloverster:
ဟုတ်ကဲ့၊


me:
အင်း... ခုတော့ အားပြီဗျ၊ ပြောပါ ဘာသိချင်လဲဗျာ။ အချစ်အကြောင်းပဲလား

moonloverster:
ဟုတ်၊ ကျွန်တော့ကိုတကယ်ချစ်မယ့်သူရှိမရှိ... ရှိရင်လဲရမရ သိချင်တယ်

me:
ဟုတ်ကဲ့

၁) တကယ်ချစ်တဲ့သူရှိမရှိ

၂) ရှိခဲ့ရင် ရမရ

အဲလို မဟုတ်လား အိုကေ... ခဏဗျာ

moonloverster:
ဟုတ်ကဲ့

me:
အင်း... ကတ်ပြား ၃ ကတ်ဆွဲလိုက်တယ်ဗျ


Garden + Anchor + Birds

တစ်ချပ်ခြင်း ပြောရရင်...

Garden ဆိုတဲ့ ပန်းခြံကတ်က အများသူငှာ Public နဲ့ ဆိုင်တယ်၊

Anchor ဆိုတဲ့ ကျောက်ဆူးကတ်ပြားက တည်မြဲမှု ခိုင်ခန့်မှု

Birds ဆိုတဲ့ ငှက်ကတ်ပြားက ရွေ့လျားတာ၊ ဆက်သွယ်လှုပ်ရှားရတာ

moonloverster:
အော်

me:
အဲဒါက တစ်ကတ်ခြင်း အဓိပ္ပာယ်

moonloverster:
ဟုတ်ကဲ့

me:
ကျောက်ဆူးဆိုတာ က ကျောက်ချတဲ့အဓိပ္ပာယ်မျိုးဗျ

moonloverster:
အင်း

me:
ခင်ဗျားက ခုအခြေအနေနဲ့ ရှိမယ့် ပုံစံရှိတယ်... အတွဲအရဆိုရင်

ပန်းခြံ+ ကျောက်ဆူး = တစ်ယောက်ယောက်က ခင်ဗျားကိုယ်စား နာမည်ကောင်းရသွားတာ

moonloverster:
ဟုတ်ကဲ့

me:
ထင်တာပြောတာနော် (စိတ်မဆိုးနဲ့) ခင်ဗျားက ပိုးပေမယ့် သူများက ယူသွားသလိုမျိုး ဖြစ်တတ်တာ

moonloverster:
ဟုတ် ရပါတယ်

me:
ကျောက်ဆူးဆိုတာက ပင်လယ်နဲ့ ဆိုင်တာလေ... အများသူငှာ လာတဲ့ ပန်းခြံနဲ့ ဆိုင်မှ မဆိုင်တာ

ဆိုလိုတာက ခင်ဗျားက အဲလို လေးတဲ့ ကျောက်ဆူးကြီးကို ပင်ပင်ပန်းပန်းနဲ့ ပန်းခြံထဲသယ်လာတယ်ဗျာ

moonloverster:
အင်း

me:
ခုတ်ရာတခြား ရှရာတလွဲလို ဖြစ်သလိုမျိုး

နောက်တစ်တွဲက ကျောက်ဆူးနဲ့ ငှက် ၂ ကောင်

အဲဒါကလည်း balance မဖြစ်သလို ဖြစ်နေတာ ငှက်ဆိုတာက အတောင်အလက် စုံလို့ ပျံချင်တယ်

moonloverster:
ဟုတ်ကဲ့

me:
အဲဒါကို ခင်ဗျားက ကျောက်ဆူးကြီးနဲ့ ချိတ်ထားတယ်

အဲဒီကျောက်ဆူးဆိုတာ ခင်ဗျားရဲ့ မာနတွေ အတ္တတွေ ဖြစ်ချင်ဖြစ်မယ်။

သုံးချပ်လုံး ခြုံပြောရရင် ခုလောလောဆယ်မှာ ခင်ဗျား ရည်းစားရဖို့ မမြင်သေးဘူးဗျ

moonloverster:
ဟုတ်ကဲ့

me:
အဲ... ဒါကို သေချာအောင် နောက် layout တစ်ခုနဲ့ ထပ်ကြည့်ပေးမယ်ဗျာ... ခဏနော်

moonloverster:
ရတယ်

me:
ဒါကို Horse-shoe Spread မြင်းခွာပုံဖြန့်ကျက်နည်းလို့ ခေါ်တယ်။

(၇) ချပ်ပါတယ်ဆိုတော့ ပိုအသေးစိတ်ပေါ့။

moonloverster:
ဟုတ်

me:
ခု ခင်ဗျားကို ဟောဖို့ ကုလားဖန်ထိုးနေတာ

moonloverster:
ဟုတ်ကဲ့

me:
တစ်ချပ် အောက်ကို ပြုတ်ကျသွားတယ်... Cloud ဆိုတဲ့ မိုးတိမ်ကတ်ဗျ


Cloud

အဲလို ပြုတ်ကျတဲ့ကတ်က အရေးတော့ သိပ်မပါပေမယ့်

နောက်ကွယ်ကအတွေးစတွေကိုတော့ နည်းနည်းလေး ဖြစ်စေတယ်

moonloverster:
အင်း

me:
သူက မြုပ်ကွက်သဘောပေါ့ဗျာ အဲဒါကို အတည်မယူပေမယ့် ကျုပ်တို့က ပစ်လည်း မထားဘူးဗျ

moonloverster:
ဟုတ်ကဲ့

me:
Cloud ဆိုတာ မိုးတိမ်ဗျာ

အဲဒီတော့ ဆိုလိုတာ တိမ်ထူနေတယ်လို့ပြောတာ၊ သိပ်မရှင်းဘူး၊ တခုခု ဖုံးကွယ်နေတယ်ဗျာ။

ဆိုလိုတာက အပိတ်အပင် အတားအဆီးသဘောမျိုးပဲ

moonloverster:
ဟုတ်ကဲ့

me:
ကဲ.... အခု အတည်ဆွဲတော့မယ်

moonloverster:
ဟုတ်

me:
ဒီလိုတွေ ကျတယ်ဗျ


Past = Fish

Present = Cross
Near future = Cross roads
Outcome = Lily
Surrounding = Star
Attitude = Bear
Answers = Book

moonloverster:
ဟုတ်ကဲ့

me:
၁) အတိတ်ကတ်က fish ဆိုတဲ့ ငါးကတ်ပြား... ငါးဆိုတာ လာဘ်ဗျ

moonloverster:
အော်

me:
ရွှေငါးကိုးကောင် လာဘ်ကိုဆောင်ဘာညာ ရှိတယ်လေ... တရုတ်တွေ အယူပါ

ဒီမှာလည်း အဲဒီသဘောပဲ... ငါးဆိုတာ ငွေကြေးလည်ပတ် စီးဆင်းမှုနဲ့ ဆိုင်တယ်

ဆိုလိုတာက အချစ်ကိစ္စနဲ့ပတ်သက်ပြီး အတိတ်မှာ ခင်ဗျား ငွေဝင်ဖူးခဲ့မယ်၊

ဒါမှမဟုတ် အလုပ်ကောင်းခဲ့မယ်

moonloverster:
အင်း

me:
နောက်တစ်ချက်က စီးပွားရေးနဲ့ အချစ်က သတ်သတ်စီလေ...

အချစ်က မျက်စိမှ မရှိဘဲ၊ စီးပွားရေးက မျက်စိဖွင့်ရတာ

moonloverster:
ဟုတ်တယ်

me:
ဒီတော့ အရင်က ရည်းစားမရှိတာလို့ ဆိုလိုတာလဲ ဖြစ်နိုင်တယ်...

အတိတ်မှာ အလုပ်ချည်း ဖိလုပ်နေလို့ ရည်းစားမရှိတာမျိုးလဲ ဖြစ်နိုင်တယ်။

၂) ပစ္စုပ္ပန်ကတ်က The Cross ဆိုတဲ့ လက်ဝါးကပ်တိုင်ဗျ... အဲဒီကတ်က ပူဆွေးမှု ၀မ်းနည်းမှု ကိုပြတာ

moonloverster:
အော်... မှန်ပါတယ်

me:
ခရစ်ယာန်ကျမ်းစာမှာ ခရစ်တော်က အဲဒီမှာ သတ်ခံရတာ... အဲဒီတော့ ဆင်းရဲဒုက္ခခံစားရမယ်

ခရစ်တော်တုန်းက သူ့ကို နားလည်တဲ့သူတွေ ရှိတယ်.... ချစ်ခင်တဲ့သူတွေ ရှိတယ်။

ခု ခင်ဗျားလည်း ဒီသဘောပဲ... ခင်ဗျား ခုလောလောဆယ် အချစ်အတွက် ပူဆွေးနေရတယ်

moonloverster:
အင်း

me:
၃) Near Future က Cross roads ဆိုတဲ့ လမ်းခွဆုံဗျ၊

လမ်းခွဆုံဆိုတော့ သိတဲ့အတိုင်းပဲလေ... ဘယ်သွားရမှန်းမသိ

moonloverster:
ဟုတ်ပ

me:
အဲဒီတော့ ခင်ဗျားသိပ်မကြာတော့တဲ့ အနာဂတ်မှာ...

ဘယ်သူ့ရွေးရမလဲ... ဘယ်သူ့ချစ်ရမလဲ တော်တော် ဝေခွဲရခက်မှာ...

ချစ်သူရွေးမယ် ချစ်ဝဲလယ်ပေါ့ဗျာ

moonloverster:
အင်း

me:
၎) ရလာဒ်ကတ်ပြားက Lily ဆိုတဲ့ပန်းကတ်

moonloverster:
ပြီးမှဘဲကျွန်တော့အကြောင်းပြောပြမယ်

me:
အဲဒါက ကောင်းတယ်လို့ ပြောရမယ်... ပန်းဆိုတာ လှပတင့်တယ်ခြင်း၊

ဒါပေမယ့် အရွယ်ဆိုတာ ရှိတယ်နော်... အချိန်တန်ရင် နွမ်းမှာ...

အကျိုးရလဒ်က ခင်ဗျားရည်းစားရပြီး တင့်တယ်သွားတာ ဖြစ်နိုင်သလို...

မရဘဲနဲ့ ပန်းကလေးလို မနွမ်းဘဲ ကျန်ခဲ့တာလဲ ဖြစ်နိုင်တယ်၊

ပြောသာပြောရတာ... အဖြေကလည်း ဒီ ၂မျိုးလောက်ပဲ ရှိတာကိုး

moonloverster:
မှန်ပါတယ်

me:
အဲဒီတော့ ဖြစ်နိုင်တာက ခင်ဗျား မရဖို့များတယ် (ရှေ့က ၃ ချပ်ဟောနဲ့ နည်းနဲ့ ပြန်တိုက်ကြည့်ရင်)

၅) ပတ်ဝန်းကျင်က... Star ဆိုတဲ့ ကြယ်ကတ်ပြား

ကြယ်ကတ်က ကောင်းတဲ့အဓိပ္ပာယ်... ဆိုလိုတာက ခင်ဗျားရဲ့ ပတ်ဝန်းကျင်မှာ...

ဆိုလိုတာက ပတ်ဝန်းကျင်က သိပ်လှနေတယ် ပြည့်စုံနေတယ်၊

မနာလိုလောက်အောင် ဖြစ်မယ်၊ ကောင်မလေးချောတွေ တွေ့နေရတယ်၊

သူများအတွဲတွေ တွေ့မယ်

moonloverster:
အင်း

me:
၆) သဘောထားအမြင်ကတော့... Bear ဆိုတဲ့ ၀က်ဝံကတ်ပြား

ဝက်ဝံဆိုတာမျိုးက ကိုယ်ထူကိုယ်ထ ကိုယ့်အစာကိုယ်ရှာစားလေ...

ဘယ်သူ့မှ မရှိလည်း ဖြစ်တယ်ဆိုတာမျိုး...

ဒီတော့ ခင်ဗျားက အတွေးထဲမှာ နည်းနည်း တစ်ကိုယ်ကောင်း ဆန်ချင်ဆန်မယ်။

moonloverster:
အော်

me:
ဒါမှမဟုတ် ကိုယ့်လောက် ဘယ်သူမှ အယုံအကြည်မရှိတာမျိုး၊

ကိုယ့်ဟာကိုယ်တိုက်မယ်လို့ ယူဆရတယ်

moonloverster:
အော်

me:
၇) နောက်ဆုံး Answer ကတ်က... Book ဆိုတဲ့ စာအုပ်ကျတာ

moonloverster:
ဟုတ်ကဲ့

me:
အဖြေကတော့ ခင်ဗျားက သိပ်ရွေးလွန်းတယ်... စာအုပ်ကြီးသမားလိုပေါ့...

နောက်တစ်ချက် အဲလို မယူစရင် ခင်ဗျားက သိပ်လျှို့ဝှက်ပြီး ရည်းစားစကား ပြောဖို့ တွန့်နေတဲ့သူမျိုး...

ရေခဲတုံးကြီးပေါ့

moonloverster:
ဟင်းဟင်း

me:
အားလုံး ၇ ကတ်ရှိတယ်... အဲဒီမှာ မိန်းမကိုယ်စားပြုကတ် ၁ ကတ်ပဲပါတယ်

moonloverster:
ဟုတ်ကဲ့

me:
၇ ပုံ ၁ ပုံဆိုတော့ သိပ်နည်းတယ် မိန်းမကျတဲ့ ကတ်က ခုနက Crossroad ဆိုတဲ့ ကတ်လေ...

အဲဒါက မိန်းမကို ကိုယ်စားပြုတာ

moonloverster:
ဟုတ်ကဲ့

me:
အဲဒီတော့ Near future မှာ ခင်ဗျား မိန်းမတွေ တွေ့မယ် ဒါပေမယ့် လမ်းခွဲတွေ ကြုံမယ်ဗျာ...

ဘာရွေးရမှန်းမသိ ဖြစ်မယ်။ ခြုံပြောရရင်တော့ သိပ်မရေရာသေးဘူး

moonloverster:
အင်း

me:
ဒီနေ့တစ်နေ့စာ conclusion လုပ်မယ် ဆိုရင်

ခင်ဗျား လောလောဆယ် ရည်းစားရှိကိန်း သိပ်မမြင်ဗျာ

moonloverster:
အင်း

ဆက်ရန်...

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

No comments:

Post a Comment

ခံစားချက်အရ ဖွင့်ထုတ်လိုသည်များ ရှိခဲ့ပါလျှင် ရင်ထဲ၊ စိတ်ထဲ၊ ယုံကြည်ချက် ရှိသလို ပွင့်လင်းရိုးသားစွာ ဆန္ဒအမှန်ဖြင့် ဝေဖန် ဆွေးနွေး၊ အကြံပြု၊ ပြောဆို သွားနိုင်ပါသည်။





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။