
R. T. Kaser ရေးတဲ့ Tarot in Ten Minutes ဆိုတဲ့ စာအုပ်လေးမှာပါတဲ့ မေးခွန်းမေးတာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ လေးတွေပါ။ အဲဒီမှာ ပြောပြထားတာက မေးမြန်းတဲ့ မေးခွန်းအပေါ်လိုက်ပြီး တားရော့ ဖဲထုပ်တစ်ထုပ်လုံးကို မသုံးဘဲ လိုအပ်သလောက် ကတ်ကို ဆွဲထုတ်ပြီး မေးမြန်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ တားရော့ ဖဲထုပ်မှာ ဖဲချပ် ၇၈ ချပ်ရှိပါတယ်။ မေဂျာ ၂၂ ချပ်နဲ့ မိုင်နာ ၅၆ ချပ် ရှိပါတယ်။ အဲဒါကို အဲဒီစာအုပ်မှာ အမျိုးအစား ၉ မျိုး ခွဲခြားပြီး ပြပါတယ်။
The First 10 Trumps – For Questions about Wants and Needs

လိုချင်မှု၊ လိုအပ်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++
The Next 10 Trumps – For Questions about Emotions and Feelings

စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++
The First 10 Wands – For Questions about Work and Career

အသက်မွေးမှု၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့ အတွက်ပါ။
++++++++++++++++++++++++++++++++
The First 10 Cups – For Questions about Love and Friendship

ခင်မင်မှု၊ နှလုံးသားရေးရာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++
The First 10 Swords – For Questions about Tactics and Strategy

နည်းဗျူဟာ၊ မဟာဗျူဟာ တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးဖို့ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++
The First 10 Coins – For Questions about Money and Finance

ငွေကြေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မေးဖို့အတွက်ပါ။
++++++++++++++++++++++++++++++++
The Kings and Queens – For Questions about People and Places

လူတွေ၊ နေရာဒေသတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့အတွက်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++
The Pages and Knights – For Questions about News and Messages

သတင်း၊ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးတဲ့အခါအတွက် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++
The Fool and The World – For Yes/ No Questions

ဟုတ်တယ်/ မဟုတ်ဘူး ဆိုတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်ပါတယ်။
++++++++++++++++++++++++++++++++
ဒီလောက်ဆိုရင် တားရော့ ၇၈ ချပ်ကို အမျိုးအစားခွဲပြထားတာကို သဘောပေါက်မယ်ထင်ပါတယ်။ ဒီတော့ မေးခွန်းမေးပုံမေးနည်းကို နည်းနည်း ဆက်ပြောချင်ပါတယ်။ ဒီနေရာမှာ “Wh/ H” ဆိုတဲ့ “ဘ ခြောက်လုံး” ကို ကာလ ၃ပါးနဲ့ ယှဉ်ပြီး မေးလို့ ရနိုင်ပါတယ်။ နမူနာမေးခွန်းတွေ လေ့လာ ကြည့်ပါစို့...
How (ဘယ်လို)
What (ဘာလဲ)
Where (ဘယ်နေရာ)
What If (ဘာများဖြစ်မှာပါလိမ့်)
Who (ဘယ်သူ)
When (ဘယ်တော့)
Why (ဘာကြောင့်)
ဒါ့အပြင် Yes/ No ဆိုတဲ့ “လား” နဲ့ ဆုံးတဲ့ မေးခွန်းတွေကိုလည်း မေးလို့ ရပါသေးတယ်။
ဒီလောက်ဆိုတော့ တားရော့နဲ့ မေးခွန်းမေးတဲ့ သဘောတရားကို ရိပ်စားမိမယ်လို့ ထင်ပါတယ်။ အသေးစိတ် သိချင်ရင်တော့ အဲဒီစာအုပ်လေးကို ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။
မေတ္တာဖြင့်
မိုးသူ
How (ဘယ်လို)
- ကျနော် ဘယ်လို ဆက်လုပ်သင့်သလဲ
- ဒါက ဘယ်လို ဖြစ်နေတာလဲ
- ကျွန်တော့်အခြေအနေက ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ
- ဒီကိစ္စက ဘယ်လိုမျိုး ဖြစ်လာခဲ့တာလဲ
- သူတို့တွေ ကျနော့်ကို ဘယ်လိုမြင်နေကြတာလဲ
What (ဘာလဲ)
- ဒါရဲ့ ရလာဒ်က ဘာတွေလဲ
- ကျမ ဘာတွေကို မျှော်လင့်ရမှာလဲ
- သူ ကျနော့်အပေါ်မှာ ဘာတွေ မျှော်လင့်နေတာလဲ
- ဒါနဲ့ ပတ်သက်ပြီး ကျနော် ဘာတွေ ဆက်လုပ်သင့်သလဲ
- ဘာတွေ ဖြစ်ဖို့ အလားအလာ ရှိနေလဲ
Where (ဘယ်နေရာ)
- ကျနော်နဲ့ သူရဲ့ ပေါင်းသင်းဆက်ဆံရေးက ဘယ်နေရာထိ ရောက်နေပြီလဲ
- ကျမရဲ့ ပညာရေးက ဘယ်ကို ဦးတည်နေတာလဲ
- ရှေ့လာမယ့် နှစ်တွေမှာ ဘယ်နေရာမှာများ ရှိနေမှာလဲ
What If (ဘာများဖြစ်မှာပါလိမ့်)
- အဲလို မလုပ်ရင် ကျမ ဘာများဖြစ်မှာပါလဲ
- ဒီလို လုပ်ရင်ကော ဘာတွေ ဖြစ်လာမှာပါလဲ
Who (ဘယ်သူ)
- ဘယ်သူက ကျမကို ကြိတ်ချစ်နေတာလဲ
- တကယ့်အကူအညီကို ဘယ်သူက ပေးမှာလဲ
When (ဘယ်တော့)
- ကျမလစာ ဘယ်တော့ တိုးမှာပါလဲ
- ကျနော် အိမ်ထောင်ကျဖို့က ဘယ်တော့လောက်မှာလဲ
- အဲဒီစာက ဘယ်တော့ ရောက်လာမှာလဲ
Why (ဘာကြောင့်)
- ကျနော် ဘာကြောင့် ခွေးကိုက်တယ်လို့ အိပ်မက်မက်တာလဲ
- ဘာကြောင့် ဒီလို အချစ်ရေး ကံခေရတာလဲ
ဒါ့အပြင် Yes/ No ဆိုတဲ့ “လား” နဲ့ ဆုံးတဲ့ မေးခွန်းတွေကိုလည်း မေးလို့ ရပါသေးတယ်။
- ဒီအလုပ်ကို လျှောက်သင့်လား
- သူနဲ့ချစ်နေတာ ဒီလိုပဲ ပြီးသွားမှာလား
- ကျနော် အဲဒီအိမ်ကို ဝယ်ဖို့ တတ်နိုင်ပါ့မလား
- ကျမ အခုလမ်းကြောင်းမှန်ပေါ် ရောက်နေပြီလား
ဒီလောက်ဆိုတော့ တားရော့နဲ့ မေးခွန်းမေးတဲ့ သဘောတရားကို ရိပ်စားမိမယ်လို့ ထင်ပါတယ်။ အသေးစိတ် သိချင်ရင်တော့ အဲဒီစာအုပ်လေးကို ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။
မေတ္တာဖြင့်
မိုးသူ
ဒီပညာကို ကျွန်တော် တော်တော်ယုံကြည်ပါတယ် ကြုံဖူးလို.လဲသိတာပါ ယုံကြည်မှုကောင်းရင်ကောင်းသလိုလဲထိရောက်မှုရှိတာကိုသိပါတယ်
ReplyDelete