Wednesday, May 18, 2011

အတွေးဖတ်စာ



ဗေဒင်ဆရာ။ ။ ခင်ဗျားက ကုမ်ရာသီဖွားနော်

ကျွန်တော်။ ။ ဟုတ်ကဲ့

ဗေဒင်ဆရာ။ ။ ကုမ်ရာသီဖွားတွေအနေနဲ့ ဘာမဆိုကို သိနေတတ်တယ်

ကျွန်တော်။ ။ ဟုတ်လား ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် လက်တွေ့မကျတာတွေဆို ယုံတဲ့သူ မဟုတ်ဘူး

ကျွန်တော်။ ။ အမှန်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူတပါးရဲ့ အကြံဉာဏ်ကိုလည်း အလွယ်တကူ လက်မခံတတ်ဘူး

ကျွန်တော်။ ။ ဒါလည်း အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ပြီးတော့ စိတ်ထဲက မပါရင် ဘာမှလိုက်မလုပ်ဘူး

ကျွန်တော်။ ။ ဒါလည်း မှန်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ကိုယ့်ကို ဆရာလာလုပ်တဲ့သူတွေဆိုလည်း ကြည့်မရဘူး

ကျွန်တော်။ ။ အမှန်ပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘဝအတွက် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးလုပ်တတ်တဲ့သူလည်း ဖြစ်တယ်

ကျွန်တော်။ ။ ဟုတ်တယ်ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောတာကိုလည်း စိတ်ရှည်ရှည် နားမထောင်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ အရမ်းလည်း အငြင်းသန်တယ်

ကျွန်တော်။ ။ ဒါလည်း ဟုတ်တာပါပဲ ဆရာ

ဗေဒင်ဆရာ။ ။ သူများပြောသမျှ ချက်ချင်းလည်း ခေါင်းမညိတ်တတ်ဘူး

ကျွန်တော်။ ။ ဟုတ်တာပေါ့ ဆရာ

ဗေဒင်ဆရာ။ ။ ဒါကြောင့် ဘယ်ကိစ္စမဆို အကြာကြီး တွေးပြီးမှ တုန့်ပြန်တယ်

ကျွန်တော်။ ။ အဟုတ်ပဲ ဆရာ

ဗေဒင်ဆရာ။ ။ ခြေခြေမြစ်မြစ် ယုတ္တိမတန်ရင်လည်း သဘောမတူဘူး

ကျွန်တော်။ ။ ဒါလည်း ဟုတ်နေပြန်ရောဆရာ

ဗေဒင်ဆရာ။ ။ အဲဒါ ခင်ဗျားရဲ့ စရိုက်လက္ခဏာတွေ

ကျွန်တော်။ ။ ဟုတ်၊ အကုန်နီးပါးကို မှန်ပါတယ်ဆရာ

................................................................................................

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး




ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။