Wednesday, September 29, 2010

တားရော့နှင့် သူ၏ ရုပ်ပုံများ (၃)



(Source: http://hermetic.com/crowley/equinox/)

တကယ်တမ်း ဒီဆောင်းပါးအခန်းဆက်တွေကို တာဝန်ယူရေးတာက မမိုးသူပါ။ ကျွန်တော်က သူဘာသာပြန်ထားတာကို နှမ်းဖြူးသဘော ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပုံတွေ ရှာထည့်၊ ဆွဲထည့် ပေးတာပဲ လုပ်ခဲ့တာပါ။ ခု သူက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို အင်မတန်မှ အလုပ်များလေတော့ ဒီဆောင်းပါး အဆက်ကို ကျွန်တော်ကပဲ ကြိုးစားပြီး ဘာသာပြန် တင်ဆက်ပေးတာပါ။ တားရော့ရဲ့ သင်္ကေတတွေက A ကနေ Z အထိ စဉ်လိုက်မယ် ဆိုရင်ဖြင့် အတော်လေး များလေတာကြောင့် အခန်းတော်တော်များများ ဆက်ပြီး ရေးရဦးမှာဖြစ်ပါတယ်။ ဒီကြားထဲ မမိုးသူ အဆင်ပြေတဲ့အခါ သူပဲ ဆက်လက်လို့ ရေးသားပါလိမ့်မယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

+ + + + + + +

Wednesday, September 22, 2010

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား


ဒီဆောင်းပါးက ကျွန်တော်ရေးသားထားခြင်း မဟုတ်ပါ။ အတွဲ (၁၀) အမှတ် (၉) စက်တင်ဘာ ၂၀၁၀ ထုတ် သူရဇ္ဇမဂ္ဂဇင်းမှ “လှမြင့် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ကူးယူပြီး ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး

=========================================

မြန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။

အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့်အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။

Wednesday, September 15, 2010

ဗေဒင်ဆရာဆိုတာ (၃)



The crisis of today is the joke of tomorrow.
(H. G. Wells)

အင်တာနက်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဗေဒင်နဲ့ ပတ်သက်တဲ့ ဟာသ အတိုအစလေးတွေပါ။ ဖတ်ရင်းတွေး၊ တွေးရင်းပြုံးမိစေဖို့ တင်ဆက်လိုက်တာပါ။

++++++++++++++++++++++++++++++++++++





ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ် ရန်ဘေး ကင်စင်ဝေး ငြိမ်းအေး ကြပါစေ။